China-Myanmar Relations Under the NLD

NAM ဘက်လိုက်နိုင်ငံများအဖွဲ့

Yun Sun talks with The Diplomat about the future of China-Myanmar relationship.
http://thediplomat.com/2015/12/china-myanmar-relations-under-the-nld/

သူတို့ဆွေးနွေးတာထဲမှာ NAM လည်ပါလို့ NAM ကိုပြန်တင်ပါအုံးမယ်။

NAM ဘက်လိုက်နိုင်ငံများအဖွဲ့
(က) Five Principles of Peaceful Co-existence ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက်
တရုတ်နိုင်ငံ ဘီဂျင်းမြို့တော်မှာကျင်းပတဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ် နှစ် ၆ဝ ပြည့်အခမ်းအနားကို တရုပ်၊ အိန္ဒိယနဲ့ မြန်မာခေါင်းဆောင်တွေ တက်ရောက်ပါတယ်။ အင်္ဂလိပ်လို Five Principles of Peaceful Coexistence လို့ ခေါ်တယ်။ သကတ္တဘာသာကိုသုံးပြီး Panchsheel Treaty (ပန့်ရှီလ်) စာချုပ်လို့လဲ ခေါ်ပါသေးတယ်။ Panchsheel ကို ပဉ္စသီလလို့ ဘာသာပြန်နိုင်ပါတယ်။

၁။ Mutual respect for each other's territorial integrity and sovereignty နယ်နိမိတ်နဲ့ အချုပ်အခြာအာဏာကို အပြန်အလှန်အသိအမှတ်ပြုရေး၊
၂။ Mutual non-aggression အပြန်အလှန်မကျူးကျော်ရေး၊
၃။ Mutual non-interference in each other's internal affairs အပြန်အလှန် ပြည်တွင်းရေးမှာ ဝင်မစွက်ဖက်ရေး၊
၎။ Equality and cooperation for mutual benefit နှစ်ဦးနှစ်ဖက် အကျိုးစီးပွါးအတွက် အပြန်အလှန် ညီမျှတဲ့ ပူးပေါင်း ဆောင်ရွက်ရေး နဲ့
၅။ Peaceful co-existence ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးတွေဖြစ်တယ်။

ဒီသဘောတူညီချက်ကို အရင်ဆုံး တရုပ်ဝန်ကြီးချုပ် Zhou Enlai ချူအင်လိုင်းက ၁၉၅၄ မှာ အတိုပြုခဲ့တယ်။ တရုပ်နဲ့ အိန္ဒိယတို့က ၂၉-၄-၁၉၅၄ မှာ သဘောတူခဲ့ကြတယ်။ ကိုလိုနီအောက်ကနေ လွတ်လပ်ရေးရလာကြတဲ့နိုင်ငံတွေကနေ မူတွေအရ နိုင်ငံတကာဆက်ဆံရေးထားနိုင်ဘို့ ရည်ရွယ်ခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် Jawaharlal Nehru နေရူးကနေ ကိုလမ်ဘိုမှာ ကျင်းပခဲ့တဲ့ အာရှဒေသ ဝန်ကြီးချုပ်များ အစည်းအဝေးမှာ စပြောခဲ့တာဖြစ်ပါတယ်။ ဒိနောက်မှာ ၁၉၅၅ ဧပြီလထဲ၊ အင်ဒိုနီးရှားနိုင်ငံ Bandung ဘန်ဒေါင်း မှာကျင်းပတဲ့ အာရှ-အာဖရိက ကွန်ဖရင့်မှာ မွမ်းမံချက်တွေနဲ့ အချက် (၁ဝ) ချက်ကို သဘောတူခဲ့ကြပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ဘန်ဒေါင်း သဘောတူညီချက်လို့တွင်လာတယ်။

ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးကို အခု ၂ဝ၁၄ မှာ နှစ်ပေါင်း (၆ဝ) ပြည့်ပေမဲ့ တရုပ်-အိန္ဒိယစစ်ပွဲပေါင်း အခုထိ (၃) ကြိမ် ဖြစ်ပြီးပြီ။ ၁၉၆၂၊ ၁၉၆၅ နဲ့ ၂ဝ၁၂ တွေမှာစစ်တွေဖြစ်တယ်။ တရုပ်ကချည်း အသာစီးယူခဲ့တယ်။ နယ်နိမိတ်အငြင်းပွါးမှုလဲ ဆိုးဝါးတုံးဘဲ။

(ခ) Non-Aligned Movement (NAM) ဘက်မလိုက်နိုင်ငံများလှုပ်ရှားမှု
NAM ဘက်မလိုက်နိုင်ငံများလှုပ်ရှားမှုဆိုတာ ၁၉၆၁ မှာ ဘဲလ်ဂရိတ်မှာ ဖွဲ့ခဲ့တာ ဖြစ်တယ်။ နေရူး (အိန္ဒိယ)၊ ဦးနု (မြန်မာ)၊ ဆူကာနို (အင်ဒိုနီးရှား)၊ နာဆာ (အီဂျစ်)၊ နာ့ခ်ရူးမား (ဂါနာ)၊ တီးတိုး (ယူဂိုဆလားဗီးယား) တို့ခေါင်းဆောင် (၆) ဦးကနေ ဦးဆောင်တယ်။ Western bloc အနောက်အုပ်စုနဲ့ Eastern bloc အရှေ့အုပ်စုကြားက ဘယ်ဘက်မှမလိုက်ဘို့ဆိုပြီး Developing World ဖွံ့ဖြိုးဆဲနိုင်ငံများလို့ခေါ်ဆိုခဲ့တယ်။ Cold War စစ်အေးကာလမှာ အရေးပါတယ်။ အခုဆိုရင် NAM ထဲမှာ နိုင်ငံပေါင်း ၁၂ဝ နဲ့ လေ့လာသူပေါင်း ၁၇ နိုင်ငံပါတယ်။

၁၉၅၃ ကုလသမဂ္ဂမှာ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် V. K. Krishna Menon ရဲ့မိန့်ခွန်းမှာပါခဲ့ပြီး နာမည်ထွက်လာတယ်။ နောက်ပိုင်းမှာ နယူးဒေလီမြို့က လမ်းမတခုကို သူ့နာမည်ပေးခဲ့တယ်။ အဲဒီလမ်း ခြံအမှတ် (၃)၊ အိန္ဒိယခေါင်းဆောင်တဦး ဖြစ်တဲ့ ဂျော့ ဖါနန်ဒက်စ် နေအိမ်ထဲမှာ ABSL မြန်မာကျောင်းသားတွေ အကြာကြီးနေထိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ကျူးဘားခေါင်းဆောင် Fidel Castro (ဖီဒယ်လ် ကတ်စထရို) လည်း NAM မှာပါလာတယ်။ သူဟာ ကွန်မြူနစ်ဖြစ်လို့ ဘက်မလိုက်လို့ ပြောမရပါ။ အိန္ဂိယကလည်း ဆိုဗီယက်နဲ့ အများကြီးနီးစပ်အောင်နေတယ်။

NAM ဟာ ဘက်လိုက်တဲ့ အဖွဲ့အစည်းသာ ဖြစ်ရပါမယ်။ NAM ဟာ စစ်အေးကာလနောက်မှာ အဓိပ္ပါယ်မရှိသလို ဖြစ်လာတယ်။ ဘက်လိုက်တဲ့ပေါ်လစီနဲ့ လက်ရှိ NAM ဘက်လိုက်တဲ့အဖွဲ့ တသားတည်းမကျ ဖြစ်ခဲ့ဘူးတယ်လို့ သုံးသပ်ပါတယ်။ မြန်မာနိုင်ငံအတွက် အနှစ် ၂ဝ ကျော် ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ NAM ဟာ စစ်အစိုးရဘက်ကနေသာ လိုက်ပါခဲ့တာ သမိုင်းဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂ဝ၁၄

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး