Government servants မလုပ်-ရှုတ်-ပြုတ်

သတင်း = လက်ရှိအစိုးရဝန်ထမ်းတွေ မစိုးရိမ်ကြဘို့ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်

ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတော့ ၂-၃-၁၉၆၂ နေ့မနက် ၉ နာရီခွဲလောက်မှာ မြန်မာ့အသံကနေကြေညာတာကို ကျွန်တော်ကြားခဲ့ရတယ်။ လက်ရှိအစိုးရဝန်ထမ်းတွေလည်း ထမ်းဆောင်နေတဲ့ ရာထူးတာဝန်တွေမှာပဲ ဆက်လက် ထမ်းဆောင်ကြဘို့ဆိုတာလည်းပါတယ်။ ကျွန်တော်ကအသက် ၁၄ နှစ်ပဲရှိသေးတော့ အဖေကရှင်းပြတယ်။ အစိုးရဝန်ထမ်းတွေဟာ အစိုးရပြောင်းသွားပေမယ့် နောက်အစိုးရရဲ့အမှုတွေကိုလည်း ဆက်ပြီးထမ်းရမယ်ဆိုတာတဲ့။

ဗိုလ်ချုပ်နေဝင်းတက်တော့ နိုင်ငံရေးသမားတွေအကုန် အလုပ်ပြုတ်ကြပြီး၊ အစိုးရအရာထမ်းအမှုထမ်းတွေ မပြုတ်ကြပါ။ ပြည်သူပိုင်းသိမ်းလိုက်တော့ ပုဂ္ဂလိကကဏ္ဍမှာ ကုန်စုံဆိုင်တောင်မှမကျန် အလုပ်လက်မဲ့ဖြစ်ကုန်ကြတယ်။ စစ်ဗိုလ်ကြီးငယ်တွေကတော့ ရှိရှိသမျှအလုပ်တွေအကုန် ထိပ်ဆုံးနေရာတွေမှာ ဝင်လာကြတယ်။ အဲဒီကတည်းက အစိုးရဝန်ထမ်းလောကမှာ မလုပ်-မရှုတ်-မပြုတ် ဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပေါ်လာခဲ့တယ်။

လာမယ့်အစိုးရသစ် လက်ထက်မှာတော့ ဆောင်ပုဒ်ပြောင်းပါတော့မယ်။
- အလုပ်လုပ်ပါ။
- အရည်အချင်းမြှင့်တင်ပါ။
- တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေကို အကျိုးပြရာရောက်ပါစေ။
- စစ်ဗိုလ်တွေ ဗိုလ်ချုပ်နေဝင်းလက်ထက် မဟုတ်တော့တာကို သိကြပါ။

ဒေါက်တာတင့်ဆွေ
၁၇-၁၂-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး