Burmese–Siamese wars သမိုင်းထဲက မြန်မာ-ထိုင်းစစ်ပွဲများ

မြန်မာဘုရင်တွေနဲ့ ထိုင်းဘုရင်တွေ ၁၆ ရာစုနဲ့ ၁၉ ရာစုအတွင်းမှာ အကြိမ် (၂ဝ) စစ်ဖြစ်ခဲ့ကြတယ်။

တောင်ငူ-အယုဒ္ဓယ
၁။ ၁၅၄၇-၁၅၄၉ - ထိုင်းက ပဌမအယုဒ္ဓယထိုးစစ်ကို ခံနိုင်တယ်။
၂။ ၁၅၆၃-၁၅၆၄ မြန်မာက ဒုတိယ အယုဒ္ဓယထိုးစစ်နဲ့ အနိုင်ရတယ်။ ဆင်ဖြူတော်စစ်လို့အမည်တွင်တယ်။ ၁၅၆၄ ကနေ ၁၅၆၈ အထိ ထိုင်းဘုရင်က မြန်မာဘုရင်ကို ပဏ္ဏာဆက်ရတယ်။
၃။ ၁၅၆၈-၁၅၇ဝ မြန်မာဘုရင်က တတိယအယုဒ္ဓယထိုးစစ်နဲ့ အနိုင်ရတယ်။ ထိုင်းဟာ ၁၅၆၉ ကနေ ၁၅၈၄ အထိ မြန်မာဘုရင်ကို ပဏ္ဏာဆက်ရတယ်။
၎။ ၁၅၈၄-၁၅၉၃ မြန်မာဘုရင်က စတုတ္တအယုဒ္ဓယထိုးစစ်နဲ့ အနိုင်ရတယ်။ ထိုင်းကလွတ်လပ်ရေးပြန်ရတယ်။ တနင်္သာရီဒေသ ထားဝယ်အထိပိုင်တယ်။
၅။ ၁၅၉၄-၁၆ဝ၅ ထိုင်းကမြန်မာဘုရင်နယ်ထဲ ထိုးစစ်ဆင်တာအနိုင်ရတယ်။ တနင်္သာရီဒေသ မုတ္တမအထိသိမ်းယူတယ်။ ဇင်းမယ် ခေါ် (လန်န = ချင်းမိုင်) ဟာ ထိုင်းဘုရင်ကို ပဏ္ဏာဆက်ရတယ်။
၆။ ၁၆၁၃-၁၆၁၄ မြန်မာဘုရင်က (လန်န) ခေါ် ချင်းမိုင်ကိုသိမ်းယူတယ်။ တနင်္သာရီဒေသ ထားဝယ်ကိုပါသိမ်းယူတယ်။
၇။ ၁၆၆၂-၁၆၆၄ ထိုင်းကနေ ထိုးစစ်ဆင်လာတာကို မြန်ာမပြည်အထက်ပိုင်းကို မြန်မာဘုရင်က အောင်မြင်စွာ ခုခံနိုင်တယ်။
၈။ ၁၆၇၅-၁၆၇၆ ထိုင်းကနေ ထိုးစစ်ဆင်လာတာကို တနင်္သာရီအထက်ပိုင်းဒေသကို မြန်မာဘုရင်က အောင်မြင်စွာ ခုခံနိုင်တယ်။ ၁၆၇၅-၁၆၇၆ မြန်မာဘုရင်ရဲ့ တန်ပြန်ထိုးစစ်ကို ထိုင်းဘုရင်က အောင်မြင်စွာခုခံနိုင်တယ်။
၉။ ၁၇ဝဝ-၁၇ဝ၁ မြန်မာဘုရင်ရဲ့ နောက်ထပ်ထိုးစစ်ကို ထိုင်းဘုရင်က အောင်မြင်စွာခုခံနိုင်တယ်။

ကုန်းဘောင်- အယုဒ္ဓယ
၁ဝ။ ၁၇၅၉-၁၇၆ဝ မြန်မာဘုရင်က ပဉ္စမအယုဒ္ဓယထိုးစစ်နဲ့ အနိုင်ရတယ်။ တနင်္သာရီေးသထားဝယ်ပြန်ရတယ်။
၁၁။ ၁၇၆၅-၁၇၆၇ မြန်မာဘုရင်က ဆဌမအယုဒ္ဓယထိုးစစ်နဲ့ အနိုင်ရတယ်။ တနင်္သာရီအောက်ပိုင်းကိုပြန်ရတယ်။

ကုန်းဘောင်-ထုံဘာရီ
၁၂။ ၁၇၇၅-၁၇၇၆ ထိုင်းကခုခံစစ်မှာနိုင်တယ်။ မြန်မာက (လန်န) ခေါ် ချင်းမိုင်လက်လွှတ်လိုက်ရတယ်။

ကုန်းဘောင်-ဘန်ကောက်
၁၃။ ၁၇၈၅-၁၇၈၆ ထိုင်းကခုခံစစ်မှာနိုင်တယ်။ ကိုးကြောင်းချီစစ်လို့ခေါ်တယ်။ ထိုင်းက (လန်န ချန်ဆီယန်)၊ (ထိုခက် ကစ်ထရီ) နဲ့ (သို သိရိ ဆန်ထုံ) တွေပြန်ရတယ်။ (ထာလင်း) ကို ကာကွယ်နိုင်တယ်။
၁၄။ ၁၈၇၈ တနင်္သာရီဒေသ ထိုင်းထိုးစစ်ကို မြန်မာဘုရင်က အောင်မြင်စွာခုခံနိုင်တယ်။
၁၅။ ၁၇၉၂ တနင်္သာရီဒေသ ထိုင်းထိုးစစ်ကို မြန်မာဘုရင်က အောင်မြင်စွာခုခံနိုင်တယ်။ ၁၇၉၃ ကစပြီး တနင်္သာရီဒေသကို စာချုပ်နဲ့ မြန်မာပိုင်ဖြစ်လာတယ်။
၁၆။ ၁၇၇၉ ထိုင်းက မြန်မာဘုရင်ကနေ (လန်န) နဲ့ (လွန် ဖရာဘန်း) ကို အောင်မြင်စွာ ခုခံနိုင်တယ်။
၁၇။ ၁၈ဝ၃-၁၈ဝ၈ ထိုင်းဘုရင်ကနေ ကျိုင်းတုံ နဲ့ ရှစ်ဆောင်ပဏ္ဍာကို လာတိုက်တာကို မြန်မာဘုရင်က အောင်မြင်စွာ ခုခံနိုင်တယ်။ မြန်မာဘုရင်က (ချန်ဆီယန်) ကိုတိုက်တာ မရရှိ။
၁၈။ ၁၈ဝ၉-၁၈၁၂ မြန်မာဘုရင့်ထိုးစစ်ကို ထိုင်းဘုရင်က (ဂျန်စီလုံ = ဖူးခက်) ကို အောင်မြင်စွာခုခံနိုင်တယ်။
၁၉။ ၁၈၂၄-၁၈၂၆ ပဌမအင်္ဂလိပ်-မြန်မာစစ်မှာ ထိုင်းက အင်္ဂလိပ်ဖက်ကနေတယ်။
၂ဝ။ ၁၈၄၉-၁၈၅၅ မြန်မာဘုရင်က ထိုင်းကနေ ကျိုင်းတုံလာတိုက်တာကို အောင်မြင်စွာခုခံနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး