NCGUB ဘယ်သူမပြုမိမိမှု

ဒီဇင်္ဘာလ (၁၈) ရက်နေ့ဟာ စင်ပြိုင်အစိုးရမွေးနေ့ဖြစ်ပါတယ်။ ၂၅ နှစ်ကြာပြီ။ NCGUB ကို ၂၂ နှစ်သားမှာ ဖျက်ခဲ့ပါတယ်။ မနှစ်က ဒီစာကိုတင်ခဲ့ပါတယ်။ မေးတာလည်းရှိလို့ပါ။

• Indaw Gipsy NCGUB ဆိုတာက ?
• လဂွန်း အိမ် အဝေးရောက်ညွှန့်ပေါင်းအစိုးရပါ
• Tint Swe Smile

• လဂွန်း အိမ် ဟုတ်တယ်မလားဆရာ
• Aung Sanaye ဟုတ်တယ် NCGUB
• Labya Tulum ပြည်ပမှာ ပြည်တွင်းနိုင်ငံရေးအတွက် အထောက်အကူဖြစ်အောင် အစိုးရဖွဲ့ပြီး နိုင်ငံတကာမှာ လုပ်ရှားခဲ့တဲ့ အစိုးရအဖွဲ့ပေါ့။ NCGUB အရှည်ကို အန်ကယ်ပဲ ဖြေပေးလိုက်တော့ ကျနော်မသိဘူး။ အဲ့ဒီတုန်း မြန်မာ့အလင်းမှာ ပြည်ပြေးအစိုးရလို့ နစ်ပေါက်အောင် အော်ခဲ့ကြတယ်။ ဒါကြောင့် အန်ကယ် ဦးစိန်းဝင်း အပြောင်းအလဲ စလုပ်တဲ့ ၂ဝ၁ဝ မှာကတည်းက အငြိမ်းစားယူပြီး ဘယ်သတင်းနဲ့မှ အဆက်အသွယ်မလုပ်ပဲ နေနေတာ။ အခုသူ့အလံ နေပြည်တော်မှာလေ။ ဘယ်သူမှ သတိမပြုမိ။

• Tint Swe ဟုတ်ပ ပြည်ပြေးစိန်ဝင်းအစိုးရထဲမှာ ဝရမ်းပြေးတင့်ဆွေလည်းပါခဲ့တယ်။ ဘယ်သူမပြုမိမိမှုဆိုလည်း ဟုတ်ပါတယ်။

NCGUB = National Coalition Government of the Union of Burma
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရကို ပြည်ပရောက် ၁၉၉ဝ ရွေးကောက်ပွဲမှာ အရွေးခံရသူတွေနဲ့ ထိုင်း-မြန်မာနယ်စပ် မာနယ်ပလောမှာ ၁၈-၁၂-၁၉၉ဝ နေ့မှာ စတင်ဖွဲ့စည်းပြီး (ဒေါ်အောင်ဆန်းစုကြည် အမေရိကကိုမလာခင်) ၁၄-၉-၂ဝ၁၂ နေ့မှာ ကိုယ်တိုင်ဖျက်သိမ်းခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
http://www.irrawaddy.org/burma/burmese-exile-govt-dissolves-after-22-years.html
https://en.wikipedia.org/wiki/National_Coalition_Government_of_the_Union_of_Burma

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး