Looking Ahead to US Sanctions in 2016
၂ဝ၁၆ ခုနှစ်နဲ့ အမေရိကန်ဆန်ရှင်
လာမယ့် ၂ဝ၁၆ ခုနှစ်မှာ အမေရိကန်ကုန်ထုတ်လုပ်သူတွေအနေနဲ့မျှော်လင့်နိုင်တာတွေရှိပါတယ်။ အမေရိက ကနေ စီးပွါးရေးနဲ့ မရောင်းရလို့ပိတ်ပင် ဒဏ်ခတ်ထားတဲ့နိုင်ငံတွေထဲမှာ ကျူးဘား၊ အီရန်၊ မြန်မာနိုင်ငံ၊ နဲ့ လိုက်ဘေးရီးယား နိုင်ငံတွေ ပါဝင်တယ်။ ကျူးဘးကို ဆန်ရှင်တွေလျှော့ပေါ့ပေးခဲ့တဲ့ ၂ဝ၁၅ ထဲမှာဖြစ်ပေါ်ခဲ့တာတွေနဲ့ ဆင်တူနိုင်ပါတယ်။ အီရန်ကိုလည်း နူကလီးယားစစ်ဆေးခွင့်စာချုပ်ကိုသဘောတူရင် ဆန်ရှင်တွေ လျှော့ပေးစရာရှိပါတယ်။ ရုရှားနဲ့ ဗင်နီဇွဲလားကိုတော့ ဆန်ရှင်လုပ်ထားခဲ့တာကို ထပ်တိုးခဲ့တယ်။ မြန်မာနိုင်ငံနဲ့ လိုက်ဘေးရီးယားကိုတော့ လျှော့ပေးခဲ့တယ်။ ဘာတွေဖြစ်လာမလည်းတော့ တိတိကျကျပြောမရပါ။
အမေရိကန်ဆန်ရှင်တွေဟာ အစဉ်ပြောင်းလဲနေတာပါ။ တိုးလိုက်လျှော့လိုက်လုပ်ဘို့ လေ့လာဆန်းစစ်မှုတွေ အမြဲလုပ်နေတယ်။ ပညာရှင်တချို့နဲ့ နိုင်ငံရေးသမားတချို့က ဘယ်လိုပဲ ဆန်ရှင်ကိုမကြောက်ပါဘူး၊ မထိရောက်ပါဘူး ပြောနေနေ ကျွန်တော်ကတော့ ထိရောက်တယ်လို့မြင်ပါတယ်။ မြန်မာပြည်ဆင်းရဲမွဲတေနတောက အမေရိကန်ဆန်ရှင်တွေ မချခင် ဗိုလ်ချုပ်နေဝင်းလက်လက်ကတည်းကပါ။ တိတိကျကျပြောရင် ၁၉၈၇ ကတည်းက LDC နိုင်ငံဖြစ်ခဲ့တာပါ။ ဆန်ရှင်တွေကို ၂ဝဝ၃ ခုနှစ် ကလင်တန်လက်ထက်ရောက်မှစတာပါ။
ဒေါက်တာတင့်ဆွေ
၁၆-၁၂-၂ဝ၁၅
http://www.industryweek.com/trade/looking-ahead-us-sanctions-2016

Comments
Post a Comment