My yearning နှစ်သစ်ဆုတောင်း

မနှစ်အကုန်က ရေးတဲ့စာ။ နှစ်သစ်ကူးပြန်တော့မယ်။ ဆုတောင်းပေးကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဆုတောင်းပေးသူတွေ ဆုတူရကြပါစေ။

ကျွန်တော့်လက်တဖက်ကို နိုင်ငံရေးအတွက်သုံးပါတယ်။ ဆေးကုရာမှာ ဆုတောင်းတာတခုတည်းနဲ့မရသလို နိုင်ငံရေးမှာလည်း သင့်တဲ့ကုထုံးအတိုင်းသာ လိုက်နာလုပ်ဆောင်ရပါမယ်။ ရောဂါလဲသိတယ်။ ဆေးလဲသိတယ်။ ခက်တာက နာတာရှည်လူမမာကို ဆရာဝန်က ဆေးလေးလုံး ထိုးပေးချင်တယ်။ တယောက်က ဆေး ၅ ခွက်သောက်ရင် မရဘူးလား။ အိမ်နီးချင်းကနေ ၆ ခွက်၊ ဧည့်သည်က ၁၂ ခွက်သောက်ပါတဲ့။ ကျွန်တော့် ဆုတောင်းကတော့ လာမဲ့နှစ်မှာ လူမမာနဲ့ဆရာဝန် တွေ့ခွင့်ရစေချင်တာပါပဲဗျာ။

ဘယ်လောက် ကျေနပ်ဘို့ကောင်းသလည်း။ မနှစ်ကဆုတောင်းတာ ပြည့်ခဲ့တယ်။ သမားတော်ဇီဝက ဆေးကုသရရင် သူ့လူနာမသေရဘူးတဲ့။ သေမယ့်လူနာကလည်း ဇီဝကနဲ့မတွေ့လိုက်ရဘူးတဲ့။ ကျွန်တော် ဇီဝကဆုသာမက လူနာ သန်း ၅ဝ ကုသခွင့်ရဘို့ရာလည်း ဆုတောင်းမယ်။ ပါရမီတော့ဖြည့်ရမယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး