I, Me, Mine, Myself ကျွန်တော်

Kyaw Aye ဆရာခင်ဗျား ယခင်က စာရေးလျှင် နာမ်စားသုံးရာ၌ ကျွန်တော်ဟု သုံးခဲ့ပါသည် ယခုတော့ အများအမြင်မှာ တွေ့ရတာများနေတဲ့ ကျနော် နာမ်စားပဲသုံးဖြစ်နေပါသည်။ ဘယ်နာမ်စားက အမှန်ဆိုတာမသိပါ။ ရှင်းပြပေးစေလိုပါသည်။ ကျေးဇူးပါ။

အရင်လည်း နည်းနည်းရေးဖူးသေးတယ်။ အမှန်က ကျွန်တော်ကို စသုံးခဲ့တယ်။ အဲတာမှားလို့ ကျနော်ဖြစ်လာတာ မဟုတ်ပါ။ (၁) ကျွန်ကို ဆန့်ကျင်လိုတဲ့အယူအဆတခုနဲ့ (၂) အလွယ်ရေးနည်းလုပ်ချင်တဲ့ အယူအဆတခုတို့ကနေ ကျန်တော် ဖြစ်လာတယ်။

ကျွန်တော့်ကိုယ်ပိုင်အယူအဆကတော (၁) မူရင်းကိုမပျက်ချင်ပါ။ သတ်ပုံကျမ်းမှာလည်း ကျွန်တော်ပဲ။ (၂) မိမိကိုယ်ကို နှိမ်ချစိတ်ထားချင်ပါတယ်။ ကျွန်လို့ထင်လည်း မနာတတ်ပါ။

ကျနော်ရေးတာကိုလည်း အပြစ်လို့မမြင်ပါ။ ကျွန်တော်လို့ရေးတာ မှားတယ်ပြောရင်တော့ သဘောမတူပါ။

ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)