Hundred times အကြိမ်တရာ

ဆရာခင်ဗျာ ကျွန်တော့်အမျိုးသမီးဓမ္မတာလာပြီးနှစ်ပတ်အကြာမှာ အဖြူဆင်းပါတယ်။ အခုတစ်ခါက ဆင်းတာများပြီး ဆင်းတဲ့ရက်ကလည်း တစ်ပတ်နီးပါးရှိနေလို့ပါ။ အဲဒါအသက်အန္တရာယ်ရှိနိုင်ပါသလား။ ဘာဆေးကိုတိုက်လို့ ရနိုင်ပါသလဲခင်ဗျာ။ အမျိုးသမီးအသက်က ၃၁ နှစ်ပါ။

အသက်ကို ဘာလို့ နောက်ဆုံးမှာရေးသလည်း နားမလည်ပါ။ မေးနည်းစည်းကမ်းမှာ ကျား-မ-အသက်ကို အရင်ဆုံးရေးဘို့ အကြိမ် (၁ဝဝ) လောက်ရှိပြီရေးနေရတာ။ မေးခွန်းကို နောက်တခေါက်ထပ်ဖတ်ရလို့ အချိန်ပိုကုန်စေပါတယ်။
http://doctortintswe.blogspot.com/2015/07/white-discharge.html မှာ ဖတ်လိုက ဖတ်နိုင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂ဝ၁၅

Single or not ပျိုသည် အိုသည် မသိပါ

ဆရာ အသက်က ၂၂ပါ။ အမြဲတမ်းရာသီမှန်နေတဲ့သူက တစ်လ ရာသီမမှန်တော့ဘူး၊ အဖြူနည်းနည်းဆင်းပြီး၊ မလာတော့ဘူးဆရာ။ ဆီးစစ်တာတော့တစ်ကြောင်းပဲပြတယ်။ ၉ ရက်လာရမှာ ခုထိမလာသေးဘူးဆရာ။ ဖြေကြားပေးပါအုန်း။ ရာသီမမှန်တာလားဆရာ။

အိမ်ထောင်ရေး မသိပါ။ အတူနေ (ဆောရီး) မသိပါ။

မေးနည်းစည်းကမ်းအတိုင်း မမေးလိုသူများ ဘလော့ခ်မှာ ဖတ်လိုက ဖတ်နိုင်ကြပါတယ်။
http://doctortintswe.blogspot.com/

ကျန်းမာချမ်းသာပါစေ။

ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂ဝ၁၅

Once more နောက်တခါ လာပြန်ပြီဗျ

ဆရာ ကျွန်တော့် ရင်ဘတ်ထဲက အေးအေးပြီး မောသလို အသက်ရှူမဝသလို ဖြစ်တာ ၃ခါ၎ခါ ရှိပါပြီ။ ဘာဖြစ်မှန်းလဲ မသိပါ။ ဖြစ်ရင် ရင်ဘတ်အေးလာတယ် ပြီးတော့ ရင်ဘတ်ပဲကွက်ပြီးချွေးထွက်တယ်ဆရာ။ နောက်တော့ အသက်ရှူမဝ သလိုခံစားရပါတယ်။ အကယ်၍ ဆရာဝန်ပြဖို့လိုမယ်ဆိုရင် ဘယ်ဆရာဝန်နဲ့  ပြရမယ် ဆိုတာလမ်းညွှန်ပေပါလား ဆရာ။
ကျေဇူးတင်စွာဖြင့်

မေးနည်းစည်းကမ်းအတိုင်း မမေးလိုသူများ ဘလော့ခ်မှာ ဖတ်လိုက ဖတ်နိုင်ကြပါတယ်။
http://doctortintswe.blogspot.com/

ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး