People Who Don’t Drink Alcohol Might Be More Likely To Die Young

အရက်လုံးဝမသောက်သူများ အချိန်မတိုင်မီသေဆုံးနိုင်ကြောင်း လေ့လာတွေ့ရှိဆိုပြီး ဘယ်မှာရေးတာလည်းတွေ ကြည့်မနေတော့ပါ။ ရှယ်နေလိုက်ကြတာနဲ့ မူရင်းသတင်းကကိုလိုက်ရှာပါတယ်။

၁၃-၁-၂ဝ၁၅ နေ့ကထွက်ခဲ့တဲ့သတင်းပါ။ Journal Alcoholism: Clinical and Experimental Research အရက်ဂျာနယ်ထဲမှာ ရေးထားတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု တက်ဆပ်ပြည်နယ် အော်စတင်မှာ သုတေသနလုပ်သူ ၆ ဦးကနေ လူပေါင်း ၁၈၂၄ ယောက်ကို လေ့လာခဲ့တယ်။ အသက် ၅၅ ကနေ ၆၅ ရှိသူတွေကို နှစ် ၂ဝ ကြာလေ့လာခဲ့တာပါ။ သုတေသနအဖွဲခေါင်းဆောင်က စိတ်ပညာရှင် Charles Holahan (ချားလ်စ် ဟိုလာဟန်) ဖြစ်တယ်။

အရက်မသောက်ပဲဖြတ်ထားသူတွေထဲမှာ သေဆုံးနှုန်း ၆၉% ရှိတယ်။ အရက် အသင့်အတင့်သာသောက်သူထဲက သေဆုံးခဲ့တာ ၄၁% သာရှိတယ်။

ကျွန်တော့်သုံးသပ်ချက်
၁။ အဲဒီရလဒ်ရလို့ အရက်သောက်နေသူတွေ ဆက်သာသောက်ကြပါလို့ အကြံမပေးပါ။
၂။ လေ့လာမှုက နည်းတယ်၊ ကျဉ်းတယ်၊ ကောက်ချက်မှန်ရဘို့ဆိုတာ အများကြီးကို နေရာတွေခွဲလေ့လာရမယ်။ လေ့လာမှုထဲမှာ အမျိုးစုံရမယ်။ လေ့လာချိန်ရှည်လေ အမှန်နဲ့နီးစပ်လေဖြစ်တယ်။
၃။ အမေရိကားမှာသာလေ့လာပြီး ထန်းရေမသောက်ဖူးသူသာလျှင် ဘီလီယန်နာဖြစ်နိုင်သည်လို့ပြောရင် မမှန်ပါ။ မြန်မာဘီလီယန်နာတွေက ပြည်ခိုင်းဖြိုးအစိုးရလက်ထက်မှာ ပေါမှပေါဆိုပဲဗျာ။

ဒေါက်တာတင့်ဆွေ
၁၇-၁၂-၂ဝ၁၅
http://elitedaily.com/news/world/people-dont-drink-alcohol-more-likely-die-young/905376/

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး