I am worried မှားသွားမှာ စိုးတယ်
ပဌမမေးခွန်း
• မင်္ဂလာပါဆရာ ကျွန်တော့သားလေး မျက်နှာမှာကော လက်မှာကော ဖုလေးတွေ မကြာမကြာပေါက်နေတယ်ဆရာ။
• ကလေးဆရာဝန်ပြတော့ မဆိုးရိမ်ရဘူးလို့ပြောတယ်ဆရာ။ ဆောင်ရန် ရှောင်ရန်လေး ပြောပေးပါအုံးဆရာ။
• ကလေးအသက် မသိပါ။
• (စိုးရိမ်) လို့ရေးရတယ်။ ဆိုးသွားမှာ စိုးရိမ်သည်။
• ဟုတ်ကဲ့။ ၆လ နဲ့ ၂ဝ ရက်သားပါဆရာ။
ပဌမမေးခွန်းကိုမေးသူရဲ့ ဒုတိယမေးခွန်း
• ဗိုက်ခွဲပြီးမွေးပြီး ဘယ်နှစ်လအကြာမှာ အားကစားပြန်လုပ်လို့ရပါသလဲခင်ဗျာ။
• လူကြီးအသက် မသိပါ။ ဘလော့ခ်မှာ ဖတ်လိုကဖတ်ပါ။
• ၁။ Exercise after giving birth ကလေးမွေးပြီး လေ့ကျင့်ခန်းလုပ်ခြင်း http://doctortintswe.blogspot.com/2015/12/exercise-after-giving-birth.html
• ၂။ Exercise after Surgery ခွဲစိတ်ထားပြီးသူ လေ့ကျင့်ခန်းလုပ်ခြင်း http://doctortintswe.blogspot.com/2014/12/exercise-after-surgery.html
• ၂၈ ပါဆရာ။
ကျွန်တော်တို့ငယ်ငယ်က ရုပ်ရှင်တွေ စာတွေရှိတယ်။ ညီမလေးရယ် စိုးရိမ်မိတယ်။ လူဆိုးတွေနဲ့ မောင်တိုင်ပင်။
ဒေါက်တာတင့်ဆွေ
၁၇-၁၂-၂ဝ၁၅

Comments
Post a Comment