Posts

Showing posts from November, 2019

တမိုးတမြေ

Image
ကွန်မင့်တခုရတယ်။ တမို့ တမြေ တနေ သိထားတာက တမိုးတမြေ တဲ့။ တမို့ တမြေက အချုပ်တန်းဆရာဖေ ရေးသားထားတဲ့ မယ်ဘွဲ့ထဲကဖြစ်ပါတယ်။ တမိုးတမြေ ရုပ်ရှင်ရှိတယ်။ တမိုးတမြေ သီချင်းရှိတယ်။ တခြားလည်းစာတွေရှိသေးပါတယ်။ ကဗျာ၊ ရုပ်ရှင်နဲ့ သီချင်းတွေမှ တတွေကို စသတ်မထားပါ။ တမိုးတမြေ ရေး ရွှေပြည်အေး ဆို သန်းသန်းမေ မြိုင်တန်း မှောင်ဝေလေ တမိုးတမြေ တမိုးတမြေ ဖားစည်သံကြားတို့ကယားမြေ ကကိန္နရီပေါ မြိုင်တောခြေ မဟီဒေါအမည်ကျော် တိုင်းကန္နာရဝတီခေါ် မြို့လွိုင်ကော် ရှေးယခင်ကတည်နေ ဘီလူးချောင်းရေ မြောင်းတွေသွယ်တန်း မြို့မှာစိုပြေ အလယ်ဗဟိုနေ စိမ့်စမ်းပတ်သန်းခွေ တံတိုင်းပုံသဏ္ဌာန် ကာရံနေသပ ရေကခြုံသိုင်းထွေ လွိုင်ကော်မြေ အလှကျက်သရေမျိုး တိုး တမိုးတမြေ တရွာတနယ်မှာ တခါအလည်လာနော့ ဆွေခင်သဟာ နေချင်စရာပေါ့ တောင်ကွဲစေတီးဦး ကြည်နူးခါခါဖူး ကိုယ်လိုရာပန်ပတ္တနာခြွေ ခြုံသိုင်းမြူတွေဆိုင်း အုံ့မှိုင်းတောင်တွေဝိုင်း သီခေါင်မြေ ရီဝေဝေ ပဒေါင်ပါ ယင်းဘော် ယင်းတလဲ ဖယဲတွေ အတူပေါက်ဖွားကြတဲ့ကယားပြည် ညီအကိုဆွေမျိုးလိုတိုးတဲ့ တမိုးတမြေ နေရောင်ခြည်လောင်းဆမ်းမှ ဝေမှောင်ရီပြောင်းမြန်းကြွ ငွေတောင်ပြည် မဟောင်းနွမ်းစရာ့ သာလို့ငါတို့ပြေ စိန်ဝဇီအဆင်း ချိန်ရတီမယွင်

တေမိယဇာတ်တော်ကြီး

Image
သံပုရာသီး နှစ်လုံးခန့်ကို ပါးပါးလှီးပြီး ရေနွေးဖြူ နဲ့ နေ့တိုင်းသောက်ပါတယ် ကြာရင် အူတေ မကောင်းဘူးလို့ အမေက ပြောလို့ပါ ဆရာ ဟုတ်ပါသလားဆရာ ကျမ အသက် ၂၉ပါဆရာ အစားမက်တဲ့သူမို့လို့ ဒီလို သောက်တာပါဆရာ အပြင်က အဆီကျဆေးတွေ မသုံးပါဆရာ အားကစားနေ့တိုင်းလုပ်ပါတယ် သံပရာသီးကို လူတိုင်းစားသောက်ကြတယ်။ တိုင်းပြည်တိုင်းမှာ စားတယ်။ အရပ်ဆေးနည်းတွေ မသိပါ။ ဆောရီး။ အူတေလို့ရေးတာ မှားတယ်။ အဲလိုမှားတဲ့သူတွေ အတော်များတယ်။ 1. Female ပါ အပျိုပါ ရာသီက ပုံမှန်ပါပဲရှင့် ဖြစ်နေတာက မျက်လုံးတွေက ယားတော့ လက်နဲ့ပွတ်ပါတယ် လက်နဲ့ ပွတ်ပါများတော့ မျက်လုံးတေကပူပြီး မျက်လုံးကနီပြီးဝါလာပါတယ် မျက်ရည်ပူတေလည်း ကျပါတယ် 2. ကျနော် goitre ဖြစ်နေတယ် သံသယရှိလို့ သွားပြကြည့်ပါတယ်ဆရာ Result တေအရ ဘာ treatment မှ မလိုဘူးပြောပါတယ်ဆရာ 3. ဆရာ ကျွန်မ အသက် ၂၇ ပါ ကိုယ်ဝန် ၂၁ ပတ်ထဲမှာပါ ကလေး ဆံပင်တေသန်ဖို့ အရပ်ရှည်ဖို့ ဘာတေ စားသင့်ပါလဲ ဘာဓာတ်တေလိုအပ်ပါလဲဆရာ 4. ဆရာရှင် သမီးကျောက်ကပ်ရောင်ပါတေရှင် ဘယ်ဆရာအကောင်းဆုံးဆိုတာသိရှင်ပါတေရှင် 5. ဆရာရှင် အသက်က ၂၉နှစ်ပါရှင်။ မျက်နှာမှာ အမည်းစက်တေဖြစ်တာ အိမ်ထောင်မကျခင်ကတည်းကပါ။ အမည်းစက်တေလို့ရေးတာ မှားတယ်။ 6. ဆရာ

အမျိုးသားစာပေဆု

Image
ဘာသာပြန် - သုတ - ရသ ဆုရစာအုပ်များစာရင်း တင်ထားတာ တွေ့တယ်။ ကျေးဇူး။ • ၁၉၅၂ မျှော်တလင့်လင့်၊ ရွှေဥဒေါင်း • ၁၉၅၄ အီစွတ်ပုံပြင်များ၊ မင်းယုဝေ(ငွေတာရီ) • ၁၉၅၅ သွေးစုပ်မြေ၊ ရွှေဥဒေါင်း • ၁၉၅၆ ဘဝအထွေထွေ၊ သိပ္ပံစိုးလှ • ၁၉၅၇ လူလောနာနာဘဝလော၊ ဗိုလ်အေးမောင် • ၁၉၅၈ ပျိုတို့အချစ်တော်၊ တင့်တယ် • ၁၉၅၉ ရော်ဘင်ဆန်ကရူးဆိုး၊ ဒဂုန်ရွှေမျှား • ၁၉၆၂ ယိုးဒယားဝှိုက်၊ ဦးစံဝင်း • ၁၉၆၃ သုန္ဒရနန္ဒ (ခေါ်) ညီတော်မင်းနန်၊ (ပထမဆု) ပါရဂူ • မြို့ဝန်မင်း၏ဘဝခရီး၊ (ဒုတိယဆု)၊ ဒဂုန်ရွှေမျှား • မာကိုပိုလို၊ (တတိယဆု)၊ ဦးလှဒင် • ၁၉၆၄ ဂျူလိယက်ဆီဆာ၊ (ပထမဆု)၊ မန်းတင် • ရတနာရွှေမြေ၊ (ဒုတိယဆု)၊ ဦးလှဒင် • ဂိုဒါန်၊ (တတိယဆု)၊ မောသီရိ • ဆွတ်ချူပါရစေသခင်ရယ်၊ (စတုတ္ထဆု)၊ မောင်ကြည်ဦး • ၁၉၆၆ လောင်းရိပ်ပန်း၊ (ဒုတိယဆု)၊ အောင်ကျော်ကျော် • ၁၉၆၇ တောရိုင်းမြေ၊ (ပထမဆု)၊ ကျော်အောင် • သွေးမြေကိုကျောခိုင်း၍၊ (ဒုတိယဆု)၊ ခင်ကြီးအောင် • တော်စတွိုင်း၏ဝတ္ထုနှစ်ပုဒ်၊ (တတိယဆု)၊ တင်စိန်ငယ် • အာဇာနည်ကျောင်းသားမောင်နှမ ဇိုယာနှင့် ရှုရာ အတ္ထုပ္ပတ္တိ၊ (စတုတ္ထဆု)၊ ဦးဘသင် • ၁၉၆၈ ပင်လယ်ပြာနှင့်တံငါအို၊ (ပထမဆု)၊ မောင်ဆုရှင် • နံနက်ခင်းကိုစိုးမိုးသူ၊ (ဒုတိယဆု)၊ မြသိန်း(တပ်မေ

Boomerang ပြန်လာအောင် ပစ်လိုက်ခြင်း

Image
ဆွိဒီဇင်္ဘာတခုနဲ့ ကာတွန်းတခုကို ဟိုဒ်လုပ်လိုက်တယ်။ ဆောရီး။ ကွန်မင့်မှာ ဘာအရုပ်လာလာ ဖျက်ပါတယ်။ ဖျက်မယ်လို့ တင်ပြထားတာ အခါတရာ။ ကာတွန်းလည်း ကျွန်တော် မနေ့တမြန်နေ့က တင်ထားပြီးသား။ ကိုယ်ပြောခဲ့တဲ့ ဟာသတို့ သတင်းတို့ ကိုယ့်ဆီပြန်ရောက်လာတတ်တယ်။ အဲလိုကစားနည်းကို Boomerang လို့ ခေါ်တယ်။ တခါခါ ဖါးပြုပ်ကိုက်သတင်းက ခလုတ်တိုက်ရာကနေ တရုပ်ရိုက်ဖြစ်သွားတယ်။ ဒေါက်တာတင့်ဆွေ ၃၀-၁၁-၂၀၁၉

Sweet December ဆွိဒီဇင်္ဘာ

Image
နှစ်တိုင်းပို့ ကြတယ်။ ၂-၃ ယောက်ရှိပြီ။ ဖေ့စ်ဘွတ်မှာလည်း တွေ့နေရတယ်။ ဒီဇင်္ဘာ (၁) ရက်နေ့မှာ ဆွိဒီဇင်္ဘာ။ ဒေလီမှာနေစဉ်ကလည်း မြန်မာပြည်က ခရစ်ယန်တွေက ကျင်းပကြတယ်။ အွန်လိုင်းသုတအရတော့ ကရင် ဘက်ပတစ် ခရစ်ယန်တွေ လုပ်တာတဲ့။ ဆွိဒီဇင်္ဘာ အလွန်လှတဲ့စကားစုလေးပါ။ အွန်လိုင်းမှာ ရှာရင်တော့ သြစတေးလျသီချင်း ခေါင်းစဉ်သာ တွေ့တယ်။ အမေရိကမှာ ဆွိဒီဇင်္ဘာကျင်းပတာမရှိပါ။ သင့်စ်ဂစ်ဗင်းနေ့ကိုလည်း တချို့က ခရစ်ယန်ဘာသာရေးနေ့လို့ ထင်နေကြတယ်။ မဟုတ်ပါ။ သမိုင်းကြောင်းစာ ရေးထားတယ်။ ဒေါက်တာတင့်ဆွေ

တွက် နှင့် တွတ်

Image
ကွန်မင့်တခုရတယ်။ မြန်မာနိုင်ငံသားတွေတွတ် မြန်မာစာကို သတ်ပုံမှန်အောင် ပညာပေး တဲ့။ မြန်မာနိုင်ငံသားတွေတွတ် မဟုတ်။ မြန်မာနိုင်ငံသားတွေတွက်၊ မြန်မာနိုင်ငံသားတွေအတွက်လို့ ရေးရတယ်။ တွတ် ခရာတွတ်သည် ဆိုမြည်တွတ်တွတ် တတွတ်တွတ်ပြော တွတ်တွတ်နီသော တွတ်တွတ်ပီသည် တွတ်တွတ်မြည် တွတ်တီးတွတ်တာ တွတ်ထိုးကစားနည်း လူအမည် အတွတ် သတွတ်ပင် ဦးနီတွတ် အောက်ဆွေစဉ် ခုနစ်ဆက် ၁။ သား၊ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ ကျွတ်ဆတ်။ ၂။ သား၊ မြေး၊ မြစ်၊ တီ၊ ကျွတ်၊ ဆတ်၊ ဆက်။ ၃။ သား၊ မြေး၊ မြစ်၊ တီ၊ မြော့၊ ကျွတ်၊ ကျွတ်ဆတ်။ တွက် ကိုယ့်အတွက် ဂဏန်းတွက်ကိန်း တွက်ကတ် တွက်ကိန်း တွက်ကျိန်း တွက်ချက်ဂဏန်း တွက်စစ်ရှင်းလင်း တွက်ဆ တွက်ခြေကိုက် လက်နှင့်တွက်သည် သူ့အတွက် ဒေါက်တာတင့်ဆွေ ၃၀-၁၁-၂၀၁၉

လိမ်တာ ရိုင်းတယ်

Image
ဗဟုသုတအနေနဲ့သိပါရစေခင်ဗျာ အဲလိုဟာတွေ နေ့တိုင်းလိုလို တမျိုးပြီးတမျိုး မေးကြတယ်။ ဖြေရတာ အင်မတန် အားနာရတယ်။ the hiv virus ကို လုံးဝသတ်သွားတယ်လို့ဖတ်ရတယ်။ အဲတာ လိမ်တာ။ ပြီးတော့ ငါတို့ အသင်းကလို့ရေးသားခြင်းဟာ ရိုင်းတယ်။ ရောင်းသူတွေ၊ ပွဲစားတွေနဲ့ ဝယ်သူတွေအားလုံးက ကိုယ့်နိုင်ငံသားတွေ။ အားနာရတယ်။ ဒါပေမဲ့ ဆရာဝန်တွေက ဘယ်လိုပြောပြော ရောင်းရပါတယ်။ ယဉ်ကျေးတာ ရိုင်းတာက စားရတာမဟုတ်ဘူးလို့ပြောတတ်ကြတယ်။ မြန်မာပြည်ရဲ့ ကျန်းမာရေးစံနစ်အဆင့် ၁၉၀၊ ယဉ်ကျေးမှုအဆင့်လည်း ၁၉၀။ ဆေးရောင်သူများခင်ဗျား ဆောရီး။ ဆရာဝန်တွေက အဲလိုပြောတော့ ပိုပြီးဝယ်ချင်သူတွေလည်း တကယ်ရှိပါတယ်။။ ဒေါက်တာတင့်ဆွေ ၃၀-၁၁-၂၀၁၉

1Q 84 စာအုပ်

Image
ကွန်မင့်ကနေ ပို့တယ်။ ကျေးဇူး။ အခုခေတ် အတွေ့ရခဲသည့် အရေးသား အချို့ တအုပ်လုံး တနှင့်သာ ရေးသည်။ တစ်နှင့်ရေးသားတာ မတွေ့ရ ဆရာရယ်။ 1Q 84 တရုပ်ဝတ္ထုကို Haruki Murakami ရေးပြီး Jay Rubin က အင်္ဂလိပ်လိုဘာသာပြန်တဲ့စာအုပ်။ အခုပို့တဲ့စာက မြန်မာလို ပြန်ထားတာ။ သတ်ပုံမှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ ဇာလိုက်မင်းသမီးအမည် Aomame အသံထွက်က အေမီနဲ့ ဆင်တယ်။ 1Q84。Aomame 1Q84 (with Chinese & English subtitle) https://www.youtube.com/watch?v=eF-SQGyPyDc ဒေါက်တာတင့်ဆွေ ၃၀-၁၁-၂၀၁၉

Rodenticide and Atropine ကြွက်သတ်ဆေးနှင် ဖြေဆေး

Image
ဆရာ ကျမ သိချင်တာလေးရှိလို့မေးခွင့်ပြုပါဆရာ။ လုနာက အသက် ၂၂ ပါဆရာ။ ကြွက်သတ်ဆေးသောက်ပြီး ရောက်လာတာ တရက်ထဲကို ထိုးဆေး Atropine အလုံးပေါင်း ၁၄၇၅ ထိထိုးတယ်ဆရာ။ ဘာဖြစ်လို့ အဲလောက်ထိ ထိုးရတာပါလဲ။ ဆေးရဲ့နောက်ဆက်တွဲ ဖြစ်နိုင်တဲ့အခြေအတေကို သိခြင်ပါတယ်ရှင့်။ တရက်ထဲလို့ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ တရက်တည်းလို့လည်းရေးကြ။ သိချင်ပါတယ်လို့ ရေးရ။ အခြေအတွေလို့ရေးရ။ ဘယ်ဆေးမဆို ဗီတာမင်အားဆေးဖြစ်ဖြစ် သတိထားစရာတွေရှိတယ်။ အဆိပ်သင့်တာလာရင် ဆရာဝန်တွေက အသက်ကယ်ရေးကို ပဌမစဉ်းစားကြရတယ်။ Rodenticide Toxicity ကြွက်သတ်ဆေးအဆိပ်သင့်ခြင်းအကြောင်းနဲ့ Cholinergic crisis after rodenticide poisoning ဖြေဆေးနောက်ဆက်တွဲဖြစ်ခြင်းများကို သုတေသနတွေရှိတယ်။ ဆရာဝန်တွေအတွက်သာ လိုအပ်ပါမယ်။ ကျွန်တော် မြန်မာပြည်နေရစဉ်က မြို့သာမှာ ပိုးသတ်ဆေးသောက်လူနာတွေကို atropine ဆေးနဲ့ ကုသပေးခဲ့ရတယ်။ မေ့ဆေးမပေမီ လူနာချွဲထွက်တာသက်သာအောင်ပေးတဲ့ဆေးဖြစ်လို့ ဆေးရုံမှာ ၄-၅ လုံးသာရှိတယ်။ အဆိပ်ကြောင့် လူနာတွေ အတော်ဆိုဆိုးဝါးဝါး ခံစားကြရပေမယ့် အဲဒီဆေးက အသက်ကယ်တယ်။ မှတ်မှတ်ရရ လူနာတယောက်ကို ဆေးအလုံး (၉ဝ) ကျော်ထိုးပေးခဲ့ရဖူးတယ်။ အသက်မသေပါ။ မြန်မာ့ဆိုရှယ်လစ်

ခုတလော

Image
မြန်မာစာကို သတ်ပုံမှန်နဲ့သာရေးတဲ့ခေတ်မှာ ခုတလောလို့သာ ရေးကြတယ်။ ခုခေတ်တော့ ရွတစ်တစ်တဲ့။ ကန်တော့။ ဒေါက်တာတင့်ဆွေ ၃၀-၁၁-၂၀၁၉

လျှောက်လဲချက်

Image
အလွမ်းဖြေမှု၊ လ တခုတည့် လု၍မရ၊ ဝေမရသော ငါ့ဥစ္စာသာ ဖြစ်လို၏။ အနွမ်းပြေရာ၊ တကမ္ဘာတည့် လွှာ၍မရ၊ ပိုင်းမရသော ငါ့ဥစ္စာသာ ဖြစ်လို၏။ ငါ၏ဆန္ဒ၊ ဤသည်မျှနှင့် လောဘကြီးသည် ဆိုမည်လော။ ပြန်တွေး၍ကြည့်၊ မင်းအသိပင် ယခင်တည၊ ချိန်းတွေ့ကြတော့ မျှ၍ဝေခွဲ၊ တအုံးထဲမှာ တွဲ၍ အိပ်ခဲ့ဘူးပါသည်။ ၁၉၆၇ ခုနှစ် နိုဝင်္ဘာလထုတ် ငွေတာရီမဂ္ဂဇင်းပါ မောင်သာရ ရေးတဲ့ ကဗျာ။ ၁၉၆၇ မှာ ကျွန်တော် ဆေးကျောင်းရောက်နေပြီ။ မြန်မာစာသတ်ပုံကို မဂ္ဂဇင်းတွေမှာရော ကျောင်းတွေမှာပါ အဲလို မှန်အောင် ရေးသားကြပါတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၁၁-၂၀၁၉ ပုံအတွက် ကျေးဇူး။

သတင်းထောက်တဦး ပေးသောသတင်း

Image
၁၉၆၇ ခုနှစ် နိုဝင်္ဘာလထုတ် ငွေတာရီမဂ္ဂဇင်းပါ တင်ထွေး ရေးတဲ့ ဝတ္ထု ကိုဝင်းမောင် ဆေးရုံမှဆင်းသော ညနေတွင် ကိုလှရွှေတယောက် သေဆုံးသွားတော့သည်။ ၁၉၆၇ မှာ ကျွန်တော် ဆေးကျောင်းရောက်နေပြီ။ မြန်မာစာသတ်ပုံကို မဂ္ဂဇင်းတွေမှာရော ကျောင်းတွေမှာပါ အဲလိုမှန်အောင် ရေးသားကြပါတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၁၁-၂၀၁၉ ပုံအတွက် ကျေးဇူး။

Stroke စထုပ်ခ်

Image
မင်္ဂလာပါ ဆရာရှင့် သမီးအမျိုးသားရဲ့အဖေ ၂၂ ရက်နေ့က လေဖြတ်ပါတယ် မနက်စောစော လေဖြတ်ပြီး သွေးတိုးပါတယ် ဖြစ်ဖြစ်ချင်း ဖုန်းဆက်ပြီး ဆေးရုံသွားခိုင်းပေမယ့် အရပ်အ နှိပ်သည်ခေါ် ပြီး လျှာဆွဲခိုင်းပါတယ် ဆေးရုံအတင်းသွားလို့ သွားခိုင်းတဲ့အချိန် ဆေးရုံရောက်တော့ ဓာတ်မှန်ရိုက်တယ်ပြောပါတယ် အဲ့မှာ သွေးယိုစိမ့်တဲ့ လက္ခဏာတွေ့တယ် ပြောတယ် အဲ့တာ သူတို့က မခွဲစိတ်ချင်ဘူးဆိုလို့ ကြာရင် ဘေးထွက်ဆိုးကျိုး ဘယ်လို ဖြစ်မလဲရှင့် ကုသမှုကရော ဘယ်လို လုပ်ရမှာပါလဲရှင် လေဖြတ်တာလို့ ခေါ်ကြတဲ့ စထုပ်ခ်ရောဂါဟာ ဦးနှောက်သွေးကြောရောဂါဖြစ်တယ်။ Cerebrovascular accident (CVA); Cerebral infarction; Cerebral hemorrhage; Ischemic stroke လို့ခေါ်သေးတယ်။ Brain attack လို့လည်းခေါ်တယ်။ ရောဂါက ဆိုးလွန်းပြီး၊ အဖြစ်လဲ မနည်းလှပါ။ လွန်ခဲ့တဲ့ အနှစ် ၃ဝ အတွင်း ပိုအဖြစ်များလာတယ်။ ၉၅% ဟာ အသက် ၄၅ နှစ်ကျော်သူတွေ ဖြစ်တယ်။ ၃ ပုံ ၂ ပုံက ၆၅ နှစ်ကျော်သူတွေ။ မိသားစုထဲမှာ တယောက်မကဖြစ်တာ တွေ့ရတယ်။ ယောက်ျားတွေက မိန်းမတွေထက် ဖြစ်နှုန်းမှာ ၂၅% ပိုပါတယ်။ အမျိုးသမီးတွေသေဆုံးတာမှာ ၆ဝ% ရှိတယ်။ ကင်ဆာ၊ နာတာရှည် ကျောက်ကပ်ရောဂါ-အဆစ်နာရောဂါ ရှိနေသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေး ဖ

Metronidazole ထည့်ဆေး

Image
(ကန်တော့) ဆရာ ကလေးက ၄ နှစ် မိန်းကလေးပါ အဖြူ အရမ်းဆင်းနေတာ အလေးသွားရင်လဲ အဖတ်ဖတ် မြင်ရတယ် ကလေးအထူးကုဆီပြပြီး og လွဲပေးတယ် og က စိုးရိမ်စရာမရှိဘူး ပြောတယ် အဖြူက ဆင်းတုန်းပဲ ဆရာ ဘာဆက်လုပ်သင့်လဲ ဆရာ။ Metronidazole gels, creams, lotions မက်ထရိုနိုက်ဒါဇောလ် လိမ်းဆေး၊ ထည့်ဆေးအမျိုးမျိုးရှိတယ်။ Metronidazole Topical gel (0.75%, 1%) Metronidazole Cream or lotion (0.75%) Metronidazole Vaginal gel (0.75%, 1.3%) တခုခုသုံးနိုင်တယ်။ Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး http://doctortintswe.blogspot.com/2014/11/personal-hygiene-for-women_19.htmlVaginal ဒေါက်တာတင့်ဆွေ ၂၉-၁၁-၂၀၁၉

Twins ပူးဆိုတာ အမြွာပူး

Image
ဆရာ မေးချင်လို့ရှင့် ဒီနေ့ ဆေးရုံသွားပြတာ ဟော်မုန်းတွေ လည်ပင်းဘက်နားရောက်နေတတ်တယ်လို့ ပြောခဲ့တယ်ဆရာ ကလေး မရတတ်ပူးလို့လည်း ပြောခဲ့တယ်ဆရာ ဘယ်လိုလုပ် အဲ့လိုဖစ်တာလဲ ဆရာ ဆေးရုံသွားပြသူ အသက် မသိ။ ရာသီ မသိ။ အိမ်ထောင်ရေး မသိ။ မရတတ်ပူး မဟုတ်။ မရတတ်ဘူးလို့ ရေးရ။ ပူးဆိုတာ အမြွာပူး။ ပူးသတ္တဝါ။ ပူးသတ်သည်။ ဖစ် မဟုတ်။ ဖြစ်လို့ရေးရ။ ဦးဖစ်၊ ဒေါ်ဖစ်၊ ဖစ်လမ်းလို့သာရှိတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၁၁-၂၀၁၉

ဘဂျမ်း ကာတွန်း

Image
တဆိတ် ကျုပ်တို့တတွေ ခုခေတ်မှာ တစ်ဆိတ် ကျုပ်တို့တစ်တွေ (ဦး) ဘဂျမ်းခေတ်နဲ့ အခုခေတ် စာရေးတာလည်း မတူ။ အဲလိုလူ နားထောာင်သူ မရှိ။ ဆိုရှယ်မီဒီယာကတော့ အဲလိုလူတွေနောက် လိုက်ကြတယ်။ မဲပေးချင်သူလည်း အတန်အသင့် ရှိသေးတာ။ ဒေါက်တာတင့်ဆွေ ၂၉-၁၁-၂၀၁၉ ပုံအတွက် ကျေးဇူး။

Erythromycin အရစ်သရိုမိုင်စင်

Image
ဆရာရှင့် သမီး သားအိမ်နား အရမ်းနာနေလို့ ဆရာဝန်သွားပြလိုက်တာ အခုပဲအိမ်ပြန်ရောက်ပါတယ်။ OG က သားအိမ် နည်းနည်း ရောင်နေတယ်ပြောပါတယ်။ Erythromycin 500 mg 1-1 for 2 weeks Relispa 1-1 for 3 days Etoshine 1-1 for 3 days သောက်ခိုင်းပါတယ်ရှင့်။ Erythromycin 500 mg ဆေးအကြောင်း ရှင်းပြပေးပါရှင့်ဆရာ။ ဘာကြောင့် အဲ့ဒီ့ဆေးကို အဲ့လောက်အကြာကြီး ၂ ပတ်တောင် သောက်ခိုင်းရတာပါလဲရှင့်။ ဆေးရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိရင်ပြောပြပေးပါ ဆရာရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။ အရစ်သရိုမိုင်စင်ဟာ Macrolides မက်ခရိုလွိုက်အုပ်စုဝင် ပဋိဇီဝဆေးဖြစ်တယ်။ Azithromycin, Clarithromycin, Erythrocin, Tyhromycin, E-mycin ဆေးတွေကလည်း အုပ်စုတူဆေးတွေဖြစ်ကြတယ်။ • လိင်ကတဆင့်ကူးစက်တဲ့ (ကလာမိုင်ဒီးယား) ကြောင့် ဆီးပြွန်အဝရောင်ခြင်း = Erythromycin 250-500 mg တနေ့ ၄ ကြိမ်၊ • နားကိုက် = Erythromycin 50 mg/kg/day + Sulfonamide 150 mg/kg/day x ၁ဝ ရက်၊ • နူမိုးနီးယား = Erythromycin 500 mg IV တနေ့ ၄ ကြိမ်၊ • လူစုလူဝေးမှရသော နူမိုးနီးယား၊ အာသီးရောင်၊ လည်ချောင်းနာ = Erythromycin 500 mg • ဆစ်ဖလစ် ပဌမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့် = Erythromycin 500 mg တနေ့

အာဖကန် နှင့် အမေရိကန်

Image
သမတ ဒေါ်နယ်ထရမ့်ဟာ ကြိုတင်ပြောမထားပဲ သင့်စ်ဂစ်ဗင်းနေ့မှာ အာဖကန်နစ္စတန်က အမေရိကန်တပ်ဖွဲတွေဆီ ရောက်ခဲ့တယ်။ အာဖကန်စ္စတန်နဲ့ ယူအက်စ်အေတို့ရဲ့ ပြိုင်မှုက ၁၁-၉-၂၀၀၁ နေ့မှာ နယူယောက်မြို့က ကုန်သွယ်ရေးတာဝါကြီး နှစ်ခုကို လေယာဉ်တွေနဲ့ ဖျက်ဆီးခဲ့တာကနေ စတင်ပါတယ်။ အမေရိကန်လူမျိုး ၂၉၇၇ ယောက် သေဆုံးခဲ့ရတယ်။ အိုဆာမာဘင်လာဒင် လက်ချက်။ သူက အယ်လ်ကိုင်ဒါ အစ္စလားမစ် အုပ်စုခေါင်းဆောင်။ အာဖကန်စ္စတန်မှာ ခြေချထားတဲ့ တာလီဘန်အဖွဲ့က သူ့ကိုအကာအကွယ်ပေထားတာ။ ဘင်လာဒင်ကို လွှဲပေးခိုင်းတာကို ငြင်းဆန်ကတည်းက တိုက်ပွဲတွေ စတယ်။ ၇-၁၀-၂၀၀၁ ကနေ ကနေ့အထိ။ အမေရိကန်ရဲ့ မဟာမိတ်တွေကပါ လေကြောင်းတိုက်ပွဲမှာ ပါကြတယ်။ လေကြောင်းကနေ ဗုံးတွေနဲ့ တိုက်ခိုက်နေစဉ် အာဖကန်အစိုးရ ပြုတ်မကျအောက်လည်း လုပ်ရသေးတယ်။ တာလီဘန် ကျဆင်းသွားတယ်။ ပျောက်ကွယ်သွားတာတော့ မဟုတ်ပါ။ ၁၈ နှစ်ကြာပြီဖြစ်ပေမဲ့ တိုက်ပွဲရည်မှန်းချက် မရောက်နိုင်သေးပါ။ ၁၉၉၆ အထိ တာလီဘန်တွေက ကာဗူးလ်မြို့တော်အထိ နေရာယူထားနိုင်ခဲ့တယ်။ အာဖကန်တိုင်ပြည်ထဲ နေရာအတော်များများကို အုပ်စီးထားနိုင်ခဲ့တယ်။ လူမြင်ကွင်းမှာ ပြန်ပေးဆွဲသူတွေကို သတ်ဖြတ်စီရင်ပြခဲ့တယ်။ ဘိန်းနဲ့ မူးယစ်ဆေး ကုန်သွယ်မှု၊ ရေနံတွင်းနဲ့ အခွန်ကော

ထီပေါက်ကြပါစေ

Image
ဂျာနယ်တခုက သတင်းထင်ပါတယ်။ သေချာ မသိပါ။ သတ်ပုံမှန်လို့ ကူးတင်ပါရစေ။ တလကို ထီလက်မှတ်တစောင်ကို တရာကျပ်ဈေး တလကို တနှစ်ဆို ကွန်ဂရက်ကျူလေးရှင်း။ ထီထိုးသူတွေ ထီပေါက်ကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၂၈-၁၁-၂၀၁၉

Rheumatic skin disease အရေပြားလေးဖက်နာ

Image
၁။ ဖြစ်တဲ့သူက အသက် ၆၁ နှစ်ပါ အရေပြားလေးဘက်နာအကြောင်းလဲ တင်ပေးပါဆရာ တခါမှမကြားဖူးထားသေးလို့ပါ ၂။ အရင်က ကျွန်တော်မကြားဖူးသောရောဂါအကြောင်းလေးမေးပါရစေ။ ကျွန်တော့်တူမလေး အသက် ၂၄ နှစ်၊ လေးဘက်နာဖြစ်တာ ၃နှစ်လောက်ရှိပြီဆရာ။ အစကတော့ရိုးရိုးလေးဘက်နာလို့ပဲသိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၉ လ လောက်ကမှ အရေပြားလေးဘက်နာမှန်းသိရပါတယ်။ ရန်ကုန်မှာဆေးတော်တော်ကုပြီးပါပြီ။ မသက်သာဘူးဆရာ။ အရေပြားလေးဘက်နာရောဂါရဲ့အကြောင်းကို ကျေးဇူးပြု၍ အသေးစိတ်ရှင်းပြပေးပါဆရာ။ အရေပြားလေးဘက်နာ အရပ်ခေါ်အသုံးကို ခဏခဏမေးကြတယ်။ ဆရာဝန်တွေမှာ ခေါင်းရှုတ်ရပါတယ်။ ရောဂါဗေဒမှာ Rheumatic Manifestations of Skin Disease လို့တော့ရှိပါတယ်။ ရူမက်တစ်ရောဂါကနေ အရေပြားကို သက်ရောက်တာတွေကို ခေါ်ပါတယ်။ ၁။ Rheumatoid Arthritis ရူမတွိုက် အဆစ်နာ၊ ၂။ Rheumatoid Nodules ရူမတွိုက် အကျိတ်၊ ၃။ Rheumatoid Vasculitis ရူမတွိုက် သွေးကြောရောင်ခြင်း၊ ၄။ Granulomatous Dermatitis အရေပြားရောင်ခြင်းတွေရှိတယ်။ ဖြစ်စေနိုင်တာတွေကတော့ TNFa ဆေးနဲ့ Interferon ဆေးတွေကနေ Cutaneous lupus အရေပြား (လူးပတ်စ်) ရောဂါကို အစပျိုးစေတယ်။ ဆေးလိပ်သောက်တာနဲ့ဆက်စပ်နေတယ်။ Rheumatoid arthritis လေးဘက်နာ

Urinary Tract Infections ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

Image
(ကန်တော့) ဆရာ မင်္ဂလာပါရှင့်။ ကျွန်မအသက် ၃၃ နှစ်ပါ။ ကလေးနှစ်ယောက် အမေပါရှင်။ ကျွန်မ ဆီးကျင်နေတာ ငါးရက်လောက် ရှိပါပြီ။ သူငယ်ချင်းအိမ်မှာ အစပ်များတဲ့ အစာတွေ စားခဲ့မိပါတယ် ဆရာ။ အရင်က ဖြစ်ဖူးပါတယ်။ လက်ဖက်ခြောက်နဲ့ သကြားစိမ်သောက်ရင် ပြန်ကောင်းပါတယ်ဆရာ။ ခုက ပြန်မကောင်းသေးဘူး ဆရာ။ ဒီနေ့ ဆေးခန်းပြပါတယ်ရှင့်။ အခု ဆေးသောက်ထားပေမဲ့ ဆီးစပ်က အရမ်းကို ကိုက်နေပါတယ်။ သက်သာအောင် ဘယ်လို လုပ်ရမလဲ ဆရာ။ ရေခဲကပ်၊ ရေနွေးကပ် မရပါဘူး ဆရာ။ ဆီးလည်း နည်းနည်းစီ ခဏခဏသွားနေပါတယ်။ ဆီးအရောင်မပြောင်း၊ သွေးမပါ၊ မချမ်းမတုန်၊ မဖျားပါဘူး ဆရာ။ ဆီးစပ်က တအားကိုက်နေလို့ပါရှင့်။ Women and Urinary Tract အမျိုးသမီးနဲ့ ဆီးလမ်းကြောင်းရောဂါ https://doctortintswe.blogspot.com/2016/06/women-and-urinary-tract.html တစ်အားလို့ရေးတာကို ပြင်လိုက်တယ်။ စီးစပ်နဲ့ နဲနဲဆီကိုလည်း ပြင်လိုက်တယ်။ ဆောရီး။ ဆီးလမ်းပိုးဝင်တာက ပိုးနဲ့ ဆိုင်တယ်။ ဖြစ်ပြီးမှသာ ဆီးအက်စစ်ဓါတ်များတဲ့ အစားအသောက်နဲ့ မသင့်တာဖြစ်တယ်။ အစားကြောင့် ဆီးလမ်းပိုးဝင်တာ မဖြစ်စေနိုင်။ ကျေးဇူးတင်ပါတယ် ဆရာ။ ရေခဲကပ်တာ နည်းနည်းသက်သာပါတယ် ဆရာ။ ရေခဲတခုတည်းနဲ့ မရလောက်။ ဆီးစပ်ကိုက်တာ နည်းနည်း သက်

FB Community Standards Are Irrelevant

Image
ဖေ့စ်ဘွတ် ကွန်မြူနတီ စတင်းဒက်ဆိုတာ စတင်းဒက် မရှိပါ ဖေ့စ်ဘွတ် ကွန်မြူနတီ စတင်းဒက်အရ Sigmoiditis အူမကြီးတနေရာရောင်ခြင်း လင့်ကိုလည်း ပို့မရတဲ့။ အခုပို့စ်တွေက ကွန်မြူနတီစတင်းဒက်နဲ့ မညီတဲ့ 1.    Air pollution လေထုညစ်ညမ်းမှု 2.    Bone tuberculosis အရိုး တီဘီ 3.    Hernia အူကျ-မကျ သိပါရစေ 4.    HIV Tests စမ်းသပ်နည်းများ 5.    Low Back Pain ခါးနာ 6.    Muscle twitch ကြွက်သားလှုပ်ခြင်း 7.    Stroke Emergency Treatment ဆထုပ် အရေးပေါ်ကုသခြင်း 8.    Vaccine Reactions ကာကွယ်ဆေး တုန့်ပြန်မှု 9.    နတ်ရေကန်ရှိတဲ့ဘုံ ရန်ကုန် 10.    အားဆေးတေ အဖုလေးတေ ချိုင်းကြားတေ ပေါင်ကြားတေ ဆေးခန်းတေ သွားဖုံးတေ အဲတာတွေသာမက ရှိသေးတယ်။ နားကိုမလည်နိုင်။ ဘလော့ခံရတာ ၄-၅-၆ ခါရှိပြီ။ အစက ၂၄ နာရီ ဘလော့တယ်။ နောက် ၃ ရက်။ နောက် တပတ်။ မနှစ်က မြန်မာပြည်အလည်ပြန်စဉ်က တလတိတိ ဘလော့တာ ခံရတယ်။ နောက်တကြိမ် ဘယ်တော့ ဘလော့မလဲ မသိ။ ဖေ့စ်ဘွတ် အရံတခုလုပ်ထားရတယ်။ လူသိနည်းတယ်။ နိုင်ငံရေးနဲ့ သုတစာတွေတော့ ဘလော့မခံရ။ ဆေးပညာစာတွေကိုသာ ဘလော့တယ်။ ဒေါက်တာတင့်ဆွေ ၂၈-၁၁-၂၀၁၉

Sigmoiditis အူမကြီးရောင်ခြင်းတမျိုး

Image
အသက် ၂၉ပါ အိမ်ထောင်ရှိပါတယ် အသားစစစ်တဲ့အဖြေကရောဆရာ ကင်ဆာအဖြစ်ပြောင်းလာနိုင်လား ထပ်ပွားလာနိုင်လားဆရာ အူမကြီးမှန်ပြောင်းကြည့်ပြီး အသားစအဖြေပါဆရာ ကျမဖြစ်တဲ့အသားပိုက ကင်ဆာအဖြစ် ပြောင်းနိုင်တဲ့ အမျိုးအစားလား နောက်ထပ် ပွားလာနိုင်တဲ့ အမျိုးအစားလားဆရာ ကျေးဇူးပြုပြီးဖြေပေးပါဆရာ အရင်ကတယောက်မေးလို့ ရေးထားတာရှိတယ်။ • ဆရာရှင့် အသက် ၂၈။ အိမ်ထောင်ရှိအမျိုးသမီးပါ။ ဝမ်းသွားပြီးလည်း ကျန်သလိုခံစားရပါတယ်။ ၃ ရက်ရှိပါပြီ။  ဒီနေ့ဝမ်းလျှောသလိုဖြစ်ပြီး အကြည်ရောင်အချွဲနဲ့ သွေးမျှင်လေးတွေနဲနဲပါလာပါတယ်။ ဝမ်းကိုက်တာပါလားသိချင်ပါတယ်။ • မသိနိုင်သေး။ ၀မ်းကိုက်ရင် အကြိမ်များမယ် ဗိုက်နာမယ်။ သွေးနဲ့ အချွဲ ပါမယ်။ • အဖြေလေးသိချင်ပါတယ် • အူမကြီး ရောင်နေ။ • နာတာရှည်လားရိုးရိုးလားဆရာမသိလို့ပါ • နာတာရှည်။ ဆောရီး။ • ဆရာရှင့် နာတာရှည်အူမကြီးရောင်တာက ကြာရင်ကင်ဆာဖြစ်သွားတတ်ပါသလား • ဖြစ်နေတာကို ကုသသလား မသိ။ ကင်ဆာဆိုတာ စစ်မှသာသိနိုင်။ • ဆရာရှင့် ဆရာဝန်ညွှန်လို့ biofibre နဲ့ air x သောက်နေပါတယ်။ ဝမ်းကိုက်တာမျိုးမဟုတ်ပဲ ဝမ်းခဏခဏ သွားချင်ပါတယ်။ သွားတိုင်လဲ ပုံမှန်ဝမ်းပါဘဲ ဆေးကြောင့်လားသိချင်ပါတယ်။ • အရင္စာထဲပါ ေ

Black Friday ဘလက် ဖရိုင်းဒေး

Image
တမြန်နှစ်က မေးတယ်။ Black Friday က ဘာကို ဆိုလိုတာလည်းဆရာ။ မေးတဲ့သူရဲ့ စိတ်ဝင်စားမှုကို သိပြီး ဖြေမှသာ လိုရာရောက်မယ်။ ကျွန်တော်တို့ ယူအက်စ်အေကိုမလာခင်အထိ ဘလက်ဖရိုင်းဒေးဆိုတာ ၂၀၀၃ ခုနှစ် မေ လ ၃၀ ရက်၊ သောကြာနေ့ကို အဲလိုခေါ်ကြတယ်။ ဒီပဲယင်းအရေးအခင်းကြီးဖြစ်တဲ့နေ့။ ယူအက်စ်အေမှာ ကြာသပတေးနေ့မှာကျရောက်တဲ့ သင့်စ်ဂစ်ဗင်းနေ့ နောက်ရက် သောကြာနေ့ကိုခေါ်ကြတယ်။ ၁၉၅၂ ခုနှစ်ကတည်းစတယ်လို့ဆိုတယ်။ နောက်လထဲမှာ လာတော့မယ့် ခရစ်မတ်အတွက် ပစ္စည်းတွေဝယ်ကြတာပါ။ လက်လီဈေးဆိုင်တွေ စီးပွါးရှာနည်းတခုလည်းဖြစ်တယ်။ ၁၈၆၉ ခုနှစ် စက်တင်္ဘာ ၂၄ ရက်နေ့နဲ့ဆက်နေတယ်လို့လည်းဆိုပါတယ်။ ရွှေဈေးကွက်ကြီး ပြိုဆင်းခဲ့ရတဲ့နေ့။ အဲဒီကနေ အမြတ်ပြန်ရအောင် နည်းလမ်းတခုအဖြစ်သုံးတယ်လို့လည်း ယူဆကြတယ်။ ဘလက် ဖရိုင်းဒေးနေ့မှာ အပြိုင်အဆိုင်ရောင်းကြမယ်။ ဈေးတွေ သိသိသာသာလျော့ချထားတယ်။ ဆိုင်တွေ မဖွင့်ခင်ကတည်းက လူတွေအများကြီး တန်းစီနေကြတယ်။ တန်းအရှည်ကြီး။ ရေခဲအမှတ်ဝန်းကျင်ထိ အေးချမ်းလှတဲ့ အချိန်မှာ။ အခုကတည်းက ဘယ်ဆိုင်တွေက ဘယ်အချိန်ဖွင့်မယ်။ ဘာတွေကို ဘယ်လောက်နဲ့ရောင်းမယ်လို့ ကြော်ငြာနေကြပြီ။ ၁။ Best Buy မှာ သင့်စ်ဂစ်ဗင်းဒေး ညနေ ၅ နာရီကနေစမယ်။ သောကြာနေ့ သ

အရုပ် အရုပ် အရုပ်

Image
ကွန်မင့်မှာလာလာ မက်စင်ဂျာကလာလာ ဖျက်ပါတယ်။ အခါတရာ ကျော်ပါပြီ။ တယောက်လာ ဒီလိုအရုပ်၊ နောက်တယောက်လာ ဟိုလိုအရုပ်။ တပ်ချည်းတလဲ။ လက်နဲ့ ကောင်း မကောင်း ကြိုက်မကြိုက် မရေးအားကြရင် ဘာအရုပ်မှ မပို့စေလိုပါ။ ဟိုဒ်လုပ်နေရတာ အလုပ်ကြီးတခု။ အရုပ်တွေရမယ် စတစ်ကာတွေရမယ် အီမိုဂျီတွေရမယ် ဂျီအိုင်အက်ဖ်တွေရမယ် ကျမ စာမရေးတတ်ပါ Stickers အရုပ်သည်တွေ https://doctortintswe.blogspot.com/2018/01/stickers.html Stickers for sale ဟောဒီက အရုပ်တွေရမယ် https://doctortintswe.blogspot.com/2019/05/stickers-for-sale.html Do Not Send ဆုတောင်းတာတွေ မရလိုပါပြီ https://doctortintswe.blogspot.com/2018/01/do-not-send.html GIF Files နောင်တသက်လုံး အဲလိုဟာတွေ မပို့စေလိုပါ https://doctortintswe.blogspot.com/2017/09/no-video-files.html Emoji Stickers အရုပ်သယ်တွေ https://doctortintswe.blogspot.com/2018/11/emoji-stickers.html ဒေါက်တာတင့်ဆွေ ၂၇-၁၁-၂ဝ၁၉

Spanish Fly စပိန်လုပ် ယင်ကောင်က ထုတ်တဲ့ဆေး

Image
အခုရက်တွေမှာ တင်နေကြတယ်။ တို့ဆေးတဲ့။ ကက်တမင်းဆေးတဲ့။ ဟိုဆေးသည်ဆေးတဲ့။ တခုက မိန်းကလေးတို့ရဲ့ ဘဝကို အလွယ်တကူ ပျက်စေနိုင်တဲ့ သကြားလုံး (လက်ဆင့်ကမ်းပေးကြပါ အမျိုးတို့ရေ) တဲ့။ အရင်က အဲလိုဆေးတွေအကြောင်း ရေးထားတယ်။ ကြော်ငြာသလို မဟုတ်တာတွေက များတယ်။ တမျိုးကတော့ Spanish Fly စပိန်လုပ် ယင်ကောင်က ထုတ်တယ်ဆိုတဲ့ဆေး။ တိတိကျကျဆိုရင် blister beetles (cantharidin) အကောင်လေးတွေကို ချေမွပြီး ချိုတာတခုခုနဲ့ ရောထားတာ။ အဲဒီဆေးသောက်လိုက်ရင် ကိုယ်အပူရှိန် တက်လာမယ်။ လိင်အင်္ဂါတွေပါ တခြားနေရာတွေလိုရောင်ရမ်းလာမယ်။ အဲတာဟာ အင်ဖေလယ်မေးရှင်း ခေါ် ရောင်ရမ်းဖြစ်စဉ်သာဖြစ်ပြီး အထရွက်ရှင် ခေါ် ဆွဲဆောင်မှုပေးတာ မဟုတ်ပါ။ ၁၇၇၂ ခုနှစ်က ခန္ဓာကိုယ်ရောင်းစားတဲ့ အမျိုးသမီးတွေကိုဆေးပေးတော့ သေဆုံးမှုရှိခဲ့ပါသတဲ့။ ဘေးထွက်ဆိုးကျိုးတွေ များတယ်။ 1.    painful urination ဆီးအောင့်မယ်။ 2.    blood in urine ဆီးထဲသွေးပါမယ်။ 3.    vomiting blood သွေးအန်မယ်။ 4.    difficulty swallowing မျိုချရခက်မယ်။ 5.    abdominal pain ဗိုက်နာမယ်။ 6.    kidney failure ကျောက်ကပ်အလုပ်မလုပ်နိုင်ဖြစ်မယ်။ 7.    gastrointestinal bleeding အစာလမ်းသွေးထွက်

Shopping ဈေးဝယ်နည်း

Image
ကမ္ဘာ့သမိုင်းရက်စွဲများအောက်မှာ ကွန်မင့်တခုလာတယ်။ ဆရာ ငါးတွေလည်းပေး၊ ငါးဖမ်းနည်းလည်း ရေးပေးပါလား ဆရာ။ ဘယ်လိုရှာဖွေတွေ့ရှိတာလဲ ဆိုတာကိုပေါ့။ ဈေးဝယ်နည်းရှိတယ်။ ဆန်ကို ဟိုဆိုင်က၊ ဆီကို သည်ဆိုင်ကဝယ်တယ်။ ဈေးဝယ်ရင် ဆိုင်တော့ ရွေးတတ်ရတယ်။ ပစ္စည်းကောင်းလည်း ကြည့်တတ်ရမယ်။ တခွန်းဆိုင်မဟုတ်ရင် ဈေးဆစ်ဘို့ပါ မမေ့နဲ့။ တချို့က အရောင်လေးလှတာ၊ အဖုံးလေးလှတာ ရွေးဝယ်ကြတယ်။ စာအုပ်တွေလည်းပါတယ်။ ခေတ်ဟောင်းက နာမည်ကြီးစာအုပ်တွေ။ အထဲမှာတော့ ပေါ်လစီသတ်ပုံတွေနဲ့ ပြောင်းရိုက် ပြန်ထုတ်တွေ။ ခုခေတ်မှာ အဲတာမျိုးသာ ဖတ်ကြရတော့တယ်။ ရောင်းတာသာ ဝယ်လို့ရတဲ့ခေတ်မှာ။ ရောင်းတဲ့သူတွေက ပိုက်ဆံသာ မြင်ကြတာ။ ကွန်ပြူတာ စာစီတွေကလည်း အေဖိုးတမျက်နှာဘယ်လောက်ရတယ်။ တမှန်သမျှကို စသတ်ရတော့ တွက်ချေ ပိုကိုက်တယ်။ ဈေးဝယ်နည်းကို ကျွန်တော်လည်း အခါခါအညာခံရပြီးမှ တတ်တာ။ ဒီတိုင်းပြည်မှာတော့ ဘလက်ဖရိုင်းဒေး လာတာ့မယ်။ ဝီရိယကောင်းရင် လျှော့ဈေးနဲ့ ပစ္စည်းကောင်းတာတွေရမယ်။ ဒီမှာက မကောင်းရင် ရောင်းမစွန်။ စပယ်လင်ပြင်စာအုပ် မရှိ။ ဒေါက်တာတင့်ဆွေ ၂၇-၁၁-၂ဝ၁၅ ၂၇-၁၁-၂ဝ၁၉

နွေတရာလမ်း ကြွေ ကြွေနွမ်းပြီ

Image
ကျွန်တော့်တပည့်၊ ဖေ့စ်ဘွတ်ဝေါဟာအရဆိုရင် ဖရင်းတယောက်က ကွန်မင့်ရေးတယ်။ မောင်မောင်ညွန် ဆိုတဲ့သီချင်းလေး သွားပြီးသတိရမိပါတယ်ဆရာ။ ဆံဖြူ သွားကျွေ ပါးရေ နားရေထွန့်ပါစေတော့ဆိုတဲ့ သီချင်းလေးနဲ့ ဆရာနဲ့မမအေးတို့ကိုဂုဏ်ပြုလိုက်ရပါတယ်ဆရာရှင့်။ သူ့သတ်ပုံကို ပြင်ပေးလိုက်တယ်။ ကြွေ လွမ်းရစ်တော့ သက်လှယ်ရယ့့် သို့မဟုတ် အဆုတ်ကင်ဆာ၊ ဝေဒနာကို ဒေါက်တာလွမ်းဝေ၊ သမားဆွေငဲ့ မသေဆေးသွင်း၊ သွေးပုလင်းနဲ့ သေမင်းလက်မှာ မကယ်နိုင်ခဲ့ပြီ။ မြိုင် မြိုင် မြိုင် တခိုင် တဖူး၊ ငယ်ချစ်ဦးလေ ယစ်မူးစရာ၊ အထက်လွှာမှ ထွက်ခွါရင်ဆိုင်၊ မြိုင် မြိုင် မြိုင် ရယ် မောယိုင်ပန်းလျ၊ ဘဝ အလွမ်း အားတင်းစမ်းနော်။ ချစ်စွ မိတ်ဆွေ ဒေါက်တာရေချမ်း၊ လက်ဆောင်ကမ်းတဲ့ ကျမ်းစာ လေးလံ၊ ဆေးတံ တတို လက်ဖက်ရည်ချိုခါး၊ သူ့ဂူနားမှာ ထားရစ်ခဲ့ပါတဲ့၊ မှာသံသဲ့သဲ့။ အမေ အမေညိမ်း၊ စိတ်ထိန်းပါလေ မျက်ရေစိုလဲ့၊ မငိုနဲ့နော် ဗန်းမော် ချစ်သား၊ အမေ့နာ့မှာ ကိုယ်စား ဝိညာဉ်၊ ရှင်သန်ဆဲပါ။ ဒေဝစ္ဆရာ လှသူဇာ ပြည်တော်သာ ခင်ခင်ဦး ရဲ့ ချစ်ဖူးသက်ဝေ၊ သူ သေ သေပြီ မသေကျန်ရစ်၊ အမွေနှစ် ဟာ ပဒေသရာဇ် ဆန့်ကျင်ရေးစိတ်ဓာတ်။ ခင်မမကြူ ရဲ့ ချစ်သူမောင်ကြီး၊ ခရီးကန္တာ နွေတရာလမ်း၊ ကြွေ ကြွေနွမ်းပြီ

ညီညီညွတ်ညွတ်

Image
တယောက်တမျိုးကို တစ်ယောက်တစ်မျိုး၊ နှစ်ယောက် နှစ်မျိုးကို နှယောက် နှမျိုးလို့ တညီတညွတ် ရေးသားနေကြတဲ့ ခေတ်ကြီးမှာ ကွန်ပြူတာနဲ့ ရေးတဲ့စာတွေကို မဖတ်တတ်တော့။ ဒေါက်တာတင့်ဆွေ ၂၇-၁၁-၂၀၁၉

သွားကျန်းမာရေး

Image
ဒေါ်မြမြအေး သွားဆေးခန်းမှာ။ ဒီတိုင်းပြည်မှာ သွားအတွက် ကျန်းမာရေးအာမခံက အတော်ခက်တာ။ အတော်များများ ကာဗာမဖြစ်ပါ။ နှစ်ပေါင်းခုနစ်ဆယ် စားဝါးလာခဲ့ပြီးဖြစ်တဲ့ ၃၂ ချောင်းသောသွားတွေ စုံအောင်မရှိကြတော့ပါ။ ဆံဖြူ သွားကြွေ ပါးရေ နားရေ တွန့်ကြတဲ့အရွယ်။ နောက်တပတ်မှာ ကျွန်တော့်အလှည့်။ ဒေါက်တာတင့်ဆွေ ၂၇-၁၂-၂၀၁၉

မနုသီဟ

Image
ဆရာရှင်။ ကျွန်မကို ကျေးဇူးပြုပြီး ဘုရားမှာ တံခွန်တိုင်ထားရတဲ့အကြောင်းလေးနဲ့ မနုသီဟ ထားကြတဲ့ အဓိပ္ပါယ်လေးကို ပြောပြပေးပါဦးရှင်။ စကားအမှားရှိရင် နူးညွှတ်စွာ တောင်းပန်ပါတယ်ရှင်။ စာလုံးပေါင်းမှားခဲ့လဲ ပြင်ပေးပါရှင်။ အဲတာတွေအားလုံးက အဆောင်အယောင်တွေသာဖြစ်ပါတယ်။ ဟိုကနေ သည်ကနေ ရောနှောကူးစက်လာတာတွေ။ ဘုရားလက်ထက်မှာ ဘာတခုမှ မရှိခဲ့ပါ။ အဲလိုဟာတွေက ကြာလေများလေ။ ဘာမှန်းမသိတာတွေ။ ဘာသာရေးအရ မလိုအပ်တာတွေဖြစ်တယ်။ သုတအဖြစ်တော့ သိလိုရင် ရှာဖတ်နိုင်တယ်။ မနုသီဟစကားက ပါဠိစကားဖြစ်တယ်။ လူခြင်္သေ့လို့ အဓိပ္ပါယ်ရတယ်။ ခြင်္သေ့ကိုယ်နဲ့ လူဦးခေါင်းတပ်ဆင်ထားတယ်။ ရှေးဟောင်းအီဂျစ် စဖင့်ရုပ်နဲ့ဆင်တယ်။ မနုသီဟ ဖင်နှစ်ခွလို့ပြောကြတယ်။ တကယ်ရှိသတ္တဝါ မဟုတ်ပါ။ အဲလို အကောင်တွေ၊ ပုံတွေ၊ ရုပ်တုတွေဟာ ရှေးဟောင်းယဉ်ကျေးမှုထွန်းကာခဲ့တဲ့နေရာတိုင်းမှာ အမျိုးမျိုးရှိတယ်။ ဥပမာ ဂရိယဉ်ကျေးမှုထဲ၊ ပုံပြင်တွေထဲမှာ အများကြီးရှိတယ်။ ရှေးခေတ်လူတွေက စိတ်ကူးဥာဏ်ဆန်းပြီး ထွင်ခဲ့တာတွေသာ ဖြစ်တယ်။ ကနေ့လူတွေထွင်ကြတာတွေကိုလည်း နောင်တချိန်မှာ မဟုတ်ကယ်ထင်မှတ်ကြဦးမယ်။ မနုသီဟရုပ်က ဘယ်ကာလမှာစပေါ်သလဲ မသိပါ။ စာတွေထဲမှာတော့ အထင်နဲ့ ရေးထားကြတာတွေရှိတယ်။ ဥပမာ သာ

Nescafe Coffee ကော်ဖီ

Image
ဆရာရဲ့ post တွေမှာ အမြဲကော်ဖီခွက်လေးတွေ့ရပါတယ် ဆရာဘာကော်ဖီသောက်ပါသလဲရှင် ရိုသေစွာဖြင့် ဟုတ်။ ကျွန်တော်က မနက်တိုင်း ကော်ဖီတခွက်သောက်တယ်။ မေးတဲ့သူရှိတိုင်း ကော်ဖီစာရေးလည်းတယ်။ 1. Coffee and Health ကော်ဖီ နဲ့ ကျန်းမာရေး https://doctortintswe.blogspot.com/…/04/coffee-and-health.h… 2. Coffee and Pregnancy ကော်ဖီနဲ့ ကိုယ်ဝန် https://doctortintswe.blogspot.com/…/coffee-and-pregnancy.h… 3. Coffee and Tea Question အရေမရ အဖတ်မရ https://doctortintswe.blogspot.com/…/coffee-and-tea-questio… 4. Coffee mix ကော်ဖီမစ် မေးခွန်း https://doctortintswe.blogspot.com/2018/10/coffee-mix.html 5. Ice Coffee Ice Tea ရေခဲ ကော်ဖီနဲ့ တီး https://doctortintswe.blogspot.com/…/ice-coffee-ice-tea.html 6. Lady coffee လေဒီကော်ဖီ https://doctortintswe.blogspot.com/2014/10/dirty-coffee.html 7. Love Coffee ညစ်ညမ်းကော်ဖီ (သို့) သင်္ကြန်စာတပုဒ် https://doctortintswe.blogspot.com/2014/10/love-coffee.html 8. Morning Coffee မောနင်း ကော်ဖီ https://doctortintswe.blogspot.com/20…/…/morning-coffee.html 9. Zhulian Instant Coffee Plus

စာဆိုတော်နေ့

Image
နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့သည် စာဆိုတော်နေ့ဖြစ်သည်။ ယင်းစာဆိုတော်နေ့ကို ၁၃၀၆ ခုနှစ် ဂျပန်ခေတ်တွင် ပညာရေးဝန်ကြီး ဦးလှမင်း၊ ဒီးဒုတ်ဦးဘချို၊ သူကြီးဂေဇက် ဦးခင်မောင်၊ ဦးသိန်းဟန်၊ ဦးကောင်း၊ သူရိယ ဦးသိမ်းမောင်၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ ဇဝန၊ မြို့မ ဆရာဟိန် စသော မြန်မာနိုင်ငံ စာရေးဆရာများအသင်း အမှုဆောင်အဖွဲ့နှင့် စာပေဆိုင်ရာ လူကြီးများ ညှိနှိုင်း သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။ ၁၉၅၅ ခုနှစ် စာဆိုတော်နေ့တွင် စာရေးဆရာကြီးများအား ကန်တော့နေကြပုံ (ဝဲ မှ ယာသို့) ဆရာကြီး ဦးဖေမောင်တင်၊ သခင်ကိုယ်တော်မှိုင်း၊ ဦးဖေသိန်း (ရွှေဥဒေါင်း) ခုခေတ် စာဆိုတော်နေ့တွေမှာ ဟောပြောနေကြသူတွေထဲမှာ ဒီးဒုတ်ဦးဘချို၊ ဦးသိန်းဟန် (ဇော်ဂျီ)၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ ဇဝန၊ ဦးဖေမောင်တင်၊ သခင်ကိုယ်တော်မှိုင်း၊ ရွှေဥဒေါင်းတို့ ရေးသားခဲ့ကြတဲ့ မြန်မာစာ သတ်ပုံတွေကို တမင်တကာ ပြင်ထားတဲ့အတိုင်း စာတွေရေးသားနေကြသူတွေက ၉၀% ပါတယ်။ ၁၀၀% ကနေ လက်ခုပ်တီးကြတယ်။ ဒေါက်တာတင့်ဆွေ ၂၇-၁၁-၂၀၁၈ ၂၇-၁၁-၂၀၁၉

ဒီဇင်္ဘာ အဆင့်ပါသလား

Image
ဒီဇင်ဘာက စာလုံးဆင့်ရေးရတာလားဗျ အဆင့်ပါလည်းရ၊ မပါလည်းရ။ အစဉ်အဆက် ဒီဇင်္ဘာလို့သာ ရေးလာခဲ့ကြတယ်။ အင်္ဂလိပ်စာလုံးကနေယူတာဖြစ်လို့ အသံထွက်မှန်ရင် မှားတယ်လို့တော့ ပြောမရ။ ဒါပေမဲ့ အစဉ်အလာကို လေးစားတာ ကောင်းမလား မသိပါ။ ဇန္နဝါရီ၊ ဇန်နဝါရီ။ ဧပြီ၊ အေပြီ။ သြဂုတ်၊ သြဂတ်စ်။ စက်တင်္ဘာ၊ စက်တင်ဘာ။ နိုဝင်္ဘာ၊ နိုဝင်ဘာ။ ဒီဇင်္ဘာ၊ ဒီဇင်ဘာ။ အမည်တွေမှာ အစဉ်အလာရှိတာတွေကို မပြင်သင့်ပါ။ မန္တလေး၊ မုတ္တမ၊ မိတ္ထိလာ (မူရင်းသတ်ပုံမှာ မိတ္ထီလာမဟုတ်)၊ ပခုက္ကူ၊ ဟုမ္မလင်း၊ နတ္တလင်း၊ မုပ္ပလင်၊ အလ္လကပ္ပ၊ သခွတ္တနယ်၊ သေတ္တရာရွာ၊ သာဝတ္ထိ၊ စေတုတ္တရာ၊ နမ္မတူ၊ သရေခတ္တရာ၊ စတဲ့အမည်တွေမှာ အဆင့်တွေနဲ့သာ ဆက်ရေးသင့်တယ်လို့ ယူဆပါတယ်။ ဒေါက်တာတင့်ဆွေ ၂၇-၁၁-၂၀၁၉

ရင်သပ်ရှုမော

Image
ခုတလော ရန်သတ်တယ်ဆိုတဲ့အသုံးကိုတွေ့ရတာများနေပြီ။ ကျွန်မနားလည်မိတာကတော့ ရန်ကိုပယ်သတ်တာထင်ပါတယ်။ ခုရေးတဲ့အဓိပ္ပာယ်က ရန်ဖြစ်သတ်ပုတ်တာဖြစ်နေပါတယ်ရှင့်။ ရင်သပ်ရှုမောလို့ရေးရတယ်။ တွဲတင်တဲ့ပုံကို အမေ့အိမ်: ရင်သတ်ရှုမောဖွယ်ရာလို့ရေးထားတာ မှားတယ်။ ရင်ကို သေအောင်သတ်တာ ဖြစ်နေတယ်။ ယင်ကောင်သာ သေအောင်သတ်လို့ ရေးရတယ်။ ပုံအတွက် ကန်တော့။ သပ် စုပ်သပ်သည် ဆီလိမ်းဖီးသပ် ပွတ်သပ်ပေးပါ လက်သပ်မွေး လာဘ်သပ်ပကာရ သုံးသပ်ဆင်ခြင် သပ္ပါယ် သပ်ထိုး သပ်နုတ် သပ်ရပ်အောင်ဝတ်စားပါ သပ်လျှိုသူ ကျောသပ်ရင်သပ် ခေါင်းကိုသပ် ရွှေရင်စမ်းသပ် နှီးသပ်သည် သတ် ကတ်ကတ်သတ်သတ် ကန့်သတ်ထားသည် စသတ် ဆီသတ်ပါ ဓမ္မသတ် နပန်းသတ် နယ်ပယ်သတ်မှတ် ပရိသတ် ပသတ် မြင်းဇက်သတ် ရက်သတ်မှတ်လိုက်ပြီ လက်စသတ် သတ္တဌာန သတ္တမနေရာရသည် သတ္တရဘန် သတ္တဝါ သတ္တိရှိပါ သတ္တုဓာတ် သတ္တဗေဒ သတ္ထန္တရကပ် သတ်ညွှန်း သတ်နင်း = သစ်နင်း = သနင်း သတ်နင်း = သတ္ထုမဒ္ဒန = ရန်ကိုနှိမ်နင်းနိုင်သောမင်း သတ်ပုံ သတ်ပုံကျမ်း သတ်ပုံသတ်ညွှန်းကျမ်း သတ်ပုတ်နေကြသည် သတ်မှတ် သတ်မှတ်ထားသည့်နေရာ သတ်ဖြတ် သတ်သတ်ဖယ်ထားပါ သူများကို သတ္တုမချပါနှင့် အဇာတသတ် အရှိန်သတ် အသေသတ် သေအောင် သတ်သည် ဒေါက်တာတင့်ဆွေ

December ဒီဇင်္ဘာလ

Image
၂ဝ၁၉ ဒီဇင်္ဘာလဟာ မြန်မာပြက္ခဒိန်အရ ၁၃၈၁ ခုနှစ်၊ နတ်တော်လဆန်း (၅) ရက်ကနေ ပြာသိုလဆန်း (၆) ရက်နေ့အထိ ကျရောက်တယ်။ ဒီဇင်္ဘာဆိုတာ လက်တင်လို Decem ကနေလာတာဖြစ်တယ်။ အဓိပ္ပါယ်က (၁ဝ)။ ပေါ်ကာစပြက္ခဒိန်မှာ (၁ဝ) လသာပါလို့ ဖြစ်တယ်။ ဒီဇင်္ဘာ နှစ်ပါတ်လည်နေ့များနဲ့ ဆောင်ပုဒ်များ • December 1 = ကမ္ဘာ့ World AIDS Day နေ့။ ပေါ်တူကီ လွတ်လပ်ရေးပြန်ရခြင်းနေ့၊ ရူမေးနီးယား ပြည်ထောင်စုနေ့၊ Eat a Red Apple Day ပန်းသီးအနီတလုံးစားပါ။ • December 2 = ယူအေအီးနိုင်ငံ အမျိုးသားနေ့။ • December 3 = International Day of People with Disability နိုင်ငံတကာ မသန်စွမ်းသူများနေ့။ • December 4 = World Wildlife Conservation Day ကမ္ဘာ့ တောရိုင်း တိရိစ္ဆာန်များ ထိန်းသိမ်းရေးနေ့။ အိန္ဒိယ ရေတပ်မတော်နေ့။ • December 5 = Volunteer Day စေတနာ့ဝန်ထမ်းနေ့။ ထိုင်းနိုင်ငံ ဘုရင့်မွေးနေ့ (ဖခင်နေ့)။ • December 6 = ဖင်လန်နိုင်ငံ လွတ်လပ်ရေးနေ့။ စပိန်နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနေ့။ • December 7 = Pearl Harbor Day အမေရိကန် ပုလဲဆိပ်ကမ်းနေ့။ • December 9 = Christmas Card Day ခရစ္စမတ်ကပ်နေ့။ • December 8 = ပနားမားနိုင်ငံ မိခင်နေ့။ ရိုမေးနီးယားနိုင်ငံ ဖွဲ့စ

အန္တရာယ်ရှိသော မြို့ ရွာ ရပ်ကွက် အမည်များ

Image
ခေါင်းစဉ်က ထိတ်လန့်စေချင်လို့ မဟုတ်ပါ။ သဘာဝဘေးလည်း မဟုတ်ပါ။ လူလုပ်ဘေး။ နာမည်ပြောင်းရေးတာ ခံရနိုင်လို့။ ငတရော် (ရေစကြိုမြို့နယ်) ငါ့တရော် (စစ်ကိုင်း မြို့နယ်) တညင် (သန်လျှင်) တနယ် (ဒီပဲယင်းမြို့နယ်) တနယ် (ပုလဲမြို့နယ်)၊ တနယ်ကြီးကုန်း (ဒီပဲယင်းမြို့နယ်) တနင်္သာရီ (တနင်္သာရီတိုင်း) တမာတန်းရပ် (မုံရွာမြို့) တမာတန်းရွာ (ရေစကြိုမြို့နယ်) တမာပင်ခွ (မြို့နယ်အတော်များများမှာရှိ) တမူး (စစ်ကိုင်းတိုင်း) တိုင်တရာ (ပုသိမ်မြို့နယ်) တကောင်း (မန္တလေးတိုင်း)၊ တညောင် (မကွေးတိုင်း) တရောင်းရွာ (ရမ်းဗြဲမြို့နယ်)၊ တရော်ကျင်း (ယင်းမာပင်မြို့နယ်) တရော်တော (ဘုတလင်) တနိုင်း (ကချင်ပြည်နယ်) ထန်းတပင် (ဒီပဲယင်းမြို့နယ်) ထန်းတပင် (ပဲခူးတိုင်း) ထန်းတပင်မြို့ (ရန်ကုန်တိုင်း) ထန်တလန် (ချင်းပြည်နယ်) ပင်းတယ (ရှမ်းပြည်နယ်) ပန်းတနော် (ဧရာဝတီတိုင်း) ပုန်းတလုတ် (ပင်းတယ) ဗိုလ်တထောင် (ရန်ကုန်တိုင်း) ဘုတလင် (စစ်ကိုင်းတိုင်း)၊ ဘုတ်တလုတ် (မန္တလေးနန်းတွင်း) ဘုတ်တလုတ် (အင်းဝ) မန္တလေး (မန္တလေးတိုင်း)၊ ရတနာပုံရပ် (မုံရွာမြို့)၊ သခွတ္တနယ် (ဘုတလင်မြို့နယ်)၊ သစ်တပင်ချောင်း (ကာတွန်း) ဟင်္သာတ (ဧရာဝတီတိုင်

Gemron Gold ဘယဆေး သတိပေးချက်

Image
ဒီစာကို တင်ထားတာကြာပြီ။ အခုမှ ကျွန်တော်စာရိုက်ကျနေရစ်တဲ့ ၂ နေရာကို တယောက်ကထောက်ပြတယ်။ ကျေးဇူး။ အမှားမပါ ဒေါက်တာတင့်ဆွေ မဟုတ်။ ဆောရီး။ ဆရာမင်္ဂလာပါ။ ကျွန်တော့်အသိဆရာတယောက်က အသက် ၅၉ နှစ်ပါ။ သူက နှလုံးသွေးကြောကျဉ်းလို့ ဆေးတွေ သောက်ရပါတယ်။ သူသောက်တဲ့ဆေးတွေထဲမှာ Gemron Gold ဆိုတဲ့ဆေးပါပါတယ်။ Daewoong Korea က ထုတ်တာပါ။ စင်ကာပူက အသိဆရာဝန်တယောက်က ပြောပါတယ်။ အဲ့ဆေးက ကြာကြာရင် သွေးကင်ဆာ ဖြစ်နိုင်တယ် လို့သတိပေးလာပါတယ်။ စင်ကာပူမှာ တားမြစ်ထားတယ်လို့ ပြောပါတယ်။ အဲ့ဆေးက ဒီက နှလုံးအထူးကု တော်တော်များများ ပေးကြပါတယ်။ အဲ့ဒါ အဲ့ဒိဆေးဆတ်မသောက်ပဲနေရမလားဆရာ။ Gemron Gold ဆေးဟာ ကိုရီးယားကလာတဲ့ ဘယဆေးဖြစ်တယ်။ Folic acid ဖေါလစ်အက်စစ်သာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေကိုပေးလေ့ရှိတယ်။ ကိုယ်ဝန်မဟုတ်သူကို တနေ့မှာ Folic acid 0.4 mg ထက်ပိုမပေးသင့်ပါ။ Pernicious anemia ခေါ် သွေးအားနည်းရောဂါရှိသူကိုတော့ ပေးတယ်။ Gemron Gold ဆေးထဲမှာ Aluminum အလူမီနီယမ်ဓါတ်လည်းပါတယ်။ အဲတာက များရင်လူတွေနဲ့ မသင့်ပါ။ ကျောက်ကပ်ကို ထိခိုက်စေနိုင်တယ်။ ကယ်လ်စီယမ်နဲ့ ဖေါစ်ဖိတ်ဓါတ်ဆားပါတဲ့ဆေးတွေထဲမှာ အလူမီနီယမ်ပါလို့ ကလေးငယ်လေးတွေဆို ပိုသိသာတယ်။ Gemron

ချစ်သူနှင့်ဝေး တို့မလေးကား ရေးလည်းမတတ် ဖတ်မတတ်နှင့်

Image
သတင်းတပုဒ်မှာ စက္ကန့် ၃ဝ ခန့် မျက်ရည်ကျခဲ့တဲ့ နိုင်ငံတော်သမ္မတလို့ ဖတ်ရတယ်။ ကလေးစာပေပွဲတော် ဖွင့်ပွဲ အခမ်းအနားသတင်းမှာပါ။ သမတဦးထင်ကျော်က ကိုယ့်အတွက်ထက် အများအကျိုးကို စဉ်းစားတတ်တဲ့ စိတ်ကလေးတွေ ဖြစ်လာအောင် စာပေလေးတွေကို လေ့လာစေချင်တယ်လို့ ပြောခဲ့တယ်။ ကျွန်တော်တို့ခေတ်မှာ ကလေးတိုင်းက ဆရာမင်းသုဝဏ်ရေးခဲ့တာတွေနဲ့သာ ကြီးပြင်းလာခဲ့ရတယ်။ ပန်းသည်၊ ဝါဆိုဝါခေါင်နဲ့ ဆွမ်းအုပ်နီနီကဗျာတွေဟာ ကျောင်းသုံးစာအုပ်တွေမှာ သင်ရိုးဖတ်စာဖြစ်ခဲ့တယ်။ သပြေသီးကောက်၊ သပြေညိုနဲ့ တို့မလေးကဗျာတွေကို လူရွယ်တိုင်းက နှစ်သက်စွဲလမ်းခဲ့ကြတယ်။ ပျဉ်းမငုတ်တိုနဲ့ ဖိုးမောင်လာပြီ ကဗျာတွေဟာ တော်လှန်ရေးအဆက်ဆက်မှာ အားတွေဖြစ်စေခဲ့တယ်။ တို့မလေး အိမ်ခေါင်မိုးမှာ သူထိုးလာသည်။ ပေလွှာစာချပ်၊ အဝေးရပ်က ဆံဖြတ်မောင်ရေး၊ အလွမ်းတေးကို မလေး ဖတ်နိုင်ခဲ့ဖူးပြီ။ ရွှေဝသို့သွား၊ ချစ်သူအားလျှင် မှာကြားပို့လေ၊ လွမ်းစာခွေဟု မပြေမလှ၊ နွဲ့လျလျနှင့် မိန်းမလက်ရေး၊ ငယ်သေးသေးကို မလေးခြစ်နိုင်ခဲ့ဖူးပြီ။ သို့ပင်ဖြစ်လည်း ချစ်သူနှင့်ဝေး၊ တို့မလေးကား ရေးလည်းမတတ်၊ ဖတ်မတတ်နှင့် စာငတ်ပေငတ်၊ အသိငတ်သည် မတ်တတ်ခြောက်သည့် သစ်ပင်လို။ ကံထောက်မ၍ ၊ ဤယနေ့