သည်ဆောင်းဟေမန်

ရုပ်ရှင်မှာ ဟေမာန်လို့ ရေးထားတယ်။ ဟေမန်က မှန်တယ်။



သည်ဆောင်းဟေမန့့် မြောက်ပြန်လေညှင့်း့ ဆော်တယ်ကို၊ နတ်တော်ပြာသို ခွာညိုတည့် နှင်းဖုံဖုံ့

ရွှေဝတ်မှုန် ငွေဝတ်မှုန် သုံသုံလေယူလွင့်လို့ ရိုးတံဆင့် ပင်မြင့်ယံမှာ စမ္ပါယ်ညီလာ ထိပ်ခေါင်ပန်းမြတ် သမ္မတဘုရင် ငွေသဇင် ယဉ်နွဲ့ကာ ဝေဟင်ဘုံနန်း

ဇာတိ မြေမထိတော်ဝင်မာလာ ဖြူဖွေးလှိုင်လှိုင် ဝင်းတဖန့်ဖန့် ကြူမွှေးကြိုင်သင်း တပျံ့ပျံ့ နှင်းသန့်တဲ့မြိုင်မှာ ခိုင်ညှာနော့ကာ ယဉ်ကြော့နိုင်လွန်းကြရှာ။

သွယ်သွယ်ညွတ်ကိုင်း ရွှေကျိုင်းတလူလူသာ ငွေသိုင်းတံခွန်ထူကာ သဲဖြူငွေရာဇမတ်ကာ မင်းဘဏ္ဍာတော် မှတ်ချူရေးရာလှမ်း သည်ပန်းးမြတ်ကိုသာ ပန်ဆင်ချင်သူမှာ မှန်သိင်္ဂီစိန်စီနန်းမှာ အလှမ်းကွာ မနမ်းသာ လ ရာသီပြောင်း မြောက်ပြန်လေလောင်း သည်ဆောင်းဟေမန်ခါ။

သည်ဆောင်းဟေမန် - တေးရေး - ဂီတနက်သန်ကိုစောညိန်း - ဆို - မောင်မောင်ညွန့် https://www.youtube.com/watch?v=xRXixeObxfM

သည်ဆောင်းဟေမန် တေးရေး - မြဝတီဝန်ကြီး - ဆို - ရီရီသန့်၊ တီး - စောင်းဦးမြင့်မောင် https://www.youtube.com/watch?v=gngsKeqPUEY

တကျွန်းခြား

မြန်သပြေဘွေတကျွန်းခြား (ယိုးဒယား)
နှင်းရည်သန့်
စောင်း - အင်းလေးမြင့်မောင်

ဒေါက်တာတင့်ဆွေ

၈-၂-၂၀၁၉

Comments