Salt ဆားလိုသလား

မင်္ဂလာပါ ဆရာ ကလေးရဲ့အသက်က ၇လနဲ့ ၄ရက်ပါရှင့် ဖြည့်စွက်စာကျွေးတဲ့အခါ ဆားထည့်ကျွေးလို့ရလားဆရာ တချို့စာတွေဖတ်ရတာ မကျွေးရဘူးလို့တွေ့လို့ပါဆရာ။

ဆားလိုပါမယ်။ သက်ရှိတွေအားလုံး ရေနဲ့ဆားလိုကြတယ်။ ရေကိုပါးစပ်ကနေသောက်သောက်၊ သွေးကြောထဲသွင်းသွင်း ဆဲလ် ခေါ် ကလာပ်စည်းလေးတွေထဲကို ဝင်နိုင်ဖို့ သင့်တင့်မျှတတဲ့ ဆားလိုတယ်။ အတိအကျဆိုရင် (၀့၉%) ရှိရတယ်။ ရေသီးသန့်ကို သွေးထဲသွင်းမရပါ။ ဆဲလ်တွေပျက်စီးကုန်မယ်။

Saline solution ခေါ် ဆားနဲ့ရေ အချိုးအစားမျှတအောင်ရောထားတာကို သုံးရတယ်။ sodium chloride ခေါ် ဆား 0.9% ပါတယ်။ အဲဒီအချိုးအစားဟာ လူ့သွေးနဲ့ မျက်ရည်ထဲမှာ အတိအကျပါတယ်။ အဲတာက ပုံမှန်ဖြစ်လို့ normal saline လို့ ခေါ်တယ်။ isotonic saline လို့လည်းခေါ်တယ်။

ဆားလိုမလို မဖြေကတော့ သင့်တင့်မျှတတဲ့ဆား လိုတယ်။ ဆားအရသာကို လျှာကစွဲတယ်။ အလေးကြိုက်သူ မကြိုက်သူ မတူပါ။ သွေးတိုးရှိသူနဲ့ ကိုယ်ရောင်သူတွေ အငန် မသင့်။ အငန်ဆိုတာ ဆား၊ ငါးခြောက်၊ ငပိ၊ ငန်ပြာရည်၊ ဟင်းချိုမှုန့်၊ အသားမှုန့်။

1. Salt ကလေးတွေနဲ့ဆား လူကြီးတွေနဲ့ဆား https://doctortintswe.blogspot.com/2017/12/salt.html
2. Salt and Sugar ဆား နဲ့ သကြား https://doctortintswe.blogspot.com/20…/…/salt-and-sugar.html
3. Salt ဆားများလွန်းလို့ နှလုံးရောဂါနဲ့ သေဆုံးနေရသူပေါင်း တနှစ်မှာ ၁့၆၅ သန်းရှိ https://doctortintswe.blogspot.com/2017/08/salt.html
4. The Salt Myth ချိုချင်ပါလျက် ဆားတပွင့်ကဖျက် https://doctortintswe.blogspot.com/2016/…/the-salt-myth.html
5. Minerals ဓါတ်ဆားများ https://doctortintswe.blogspot.com/2016/02/minerals.html
6. Salt အရေးပါတဲ့ဆား https://doctortintswe.blogspot.com/2016/10/salt_68.html
7. NaCl ဆားကူစားပါ https://doctortintswe.blogspot.com/2017/07/nacl.html

ဒေါက်တာတင့်ဆွေ
၁၅-၁၁-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး