အမျိုးသားစာပေဆု

ဘာသာပြန် - သုတ - ရသ ဆုရစာအုပ်များစာရင်း တင်ထားတာ တွေ့တယ်။ ကျေးဇူး။

• ၁၉၅၂ မျှော်တလင့်လင့်၊ ရွှေဥဒေါင်း
• ၁၉၅၄ အီစွတ်ပုံပြင်များ၊ မင်းယုဝေ(ငွေတာရီ)
• ၁၉၅၅ သွေးစုပ်မြေ၊ ရွှေဥဒေါင်း
• ၁၉၅၆ ဘဝအထွေထွေ၊ သိပ္ပံစိုးလှ
• ၁၉၅၇ လူလောနာနာဘဝလော၊ ဗိုလ်အေးမောင်
• ၁၉၅၈ ပျိုတို့အချစ်တော်၊ တင့်တယ်
• ၁၉၅၉ ရော်ဘင်ဆန်ကရူးဆိုး၊ ဒဂုန်ရွှေမျှား
• ၁၉၆၂ ယိုးဒယားဝှိုက်၊ ဦးစံဝင်း
• ၁၉၆၃ သုန္ဒရနန္ဒ (ခေါ်) ညီတော်မင်းနန်၊ (ပထမဆု) ပါရဂူ
• မြို့ဝန်မင်း၏ဘဝခရီး၊ (ဒုတိယဆု)၊ ဒဂုန်ရွှေမျှား
• မာကိုပိုလို၊ (တတိယဆု)၊ ဦးလှဒင်
• ၁၉၆၄ ဂျူလိယက်ဆီဆာ၊ (ပထမဆု)၊ မန်းတင်
• ရတနာရွှေမြေ၊ (ဒုတိယဆု)၊ ဦးလှဒင်
• ဂိုဒါန်၊ (တတိယဆု)၊ မောသီရိ
• ဆွတ်ချူပါရစေသခင်ရယ်၊ (စတုတ္ထဆု)၊ မောင်ကြည်ဦး
• ၁၉၆၆ လောင်းရိပ်ပန်း၊ (ဒုတိယဆု)၊ အောင်ကျော်ကျော်
• ၁၉၆၇ တောရိုင်းမြေ၊ (ပထမဆု)၊ ကျော်အောင်
• သွေးမြေကိုကျောခိုင်း၍၊ (ဒုတိယဆု)၊ ခင်ကြီးအောင်
• တော်စတွိုင်း၏ဝတ္ထုနှစ်ပုဒ်၊ (တတိယဆု)၊ တင်စိန်ငယ်
• အာဇာနည်ကျောင်းသားမောင်နှမ ဇိုယာနှင့် ရှုရာ အတ္ထုပ္ပတ္တိ၊ (စတုတ္ထဆု)၊ ဦးဘသင်
• ၁၉၆၈ ပင်လယ်ပြာနှင့်တံငါအို၊ (ပထမဆု)၊ မောင်ဆုရှင်
• နံနက်ခင်းကိုစိုးမိုးသူ၊ (ဒုတိယဆု)၊ မြသိန်း(တပ်မတော်ပညာရေး)
• ရဲသွေးနီနီ၊ (တတိယဆု)၊ အောင်ခန့်
• ဖဲသမား၊ (စတုတ္ထဆု)၊ ဆန်းလွင်
• ၁၉၆၉ ဦးလေးတွမ်၊ ကျော်လှိုင်ဦး
• ၁၉၇၁ သူတို့သုံးယောက်၊ တောင်တွင်း ကိုကိုကြီး
• ၁၉၇၂ စစ်နှင့်ငြိမ်းချမ်းရေး၊ မြသန်းတင့်
• ၁၉၇၃ ရေသူမလေး၊ အံ့မောင်
• ၁၉၇၄ မောဂ္ဂလိ၊ ထင်လင်း
• ၁၉၇၈ လေရူးသုန်သုန်၊ မြသန်းတင့်
• ၁၉၇၉ နင်လားဟဲ့ချစ်ဒုက္ခနှင့်အခြားဝတ္ထုတိုများ၊ (ရသ)၊ ဇော်ဂျီ
• ၁၉၈၀ တထောင့်တညပုံပြင်များ (၁) ၊ (ရသ)၊ ကျော်လှိုင်ဦး
• ၁၉၈၁ ဂါလီဗာ၏ခရီးစဉ်၊ (ရသ)၊ မောင်ထင်
• ၁၉၈၃ ရဲတိုက်၊ (ရသ)၊ မောင်ထွန်းသူ
• ၁၉၈၄ လီယာမင်းကြီး၊ (ရသ)၊ မင်းသုဝဏ်
• ၁၉၈၅ အနာတဟန်၊ (သုတ)၊ စိန်ခင်မောင်ရီ
• ဂေါရီ၊ (ရသ)၊ ပါရဂူ
• ၁၉၈၆ မြန်မာပြည်သိမ်းတိုက်ပွဲ၊ (သုတ)၊ အောင်သန်း(မန္တလေး)
• ၁၉၈၇ ကန္တာရခရီးသည်၊(ရသ)၊ဘုန်းမြင့်(မန္တလေး)
• ၁၉၈၈ ခန်းဆောင်နီအိပ်မက်၊(ရသ)၊ မြသန်းတင့်
• ၁၉၉၂ သုခမြို့တော်၊ (ရသ)၊ မြသန်းတင့်
• ၁၉၉၄ ဘော့ကျန်၊ (ရသ)၊ ရဲမြလွင်
• ၁၉၉၅ အိုဂျေရုဆလင်၊(သုတ)၊ ကျော်အောင်
• အချစ်မိုးကောင်းကင်၊(ရသ)၊ မြသန်းတင့်
• ၁၉၉၆ မင်္ဂလာပါဆရာမ၊(ရသ)၊ တိုက်စိုး
• ၁၉၉၇ ကန္တာရစမ်းရေအိုင်၊(ရသ)၊ မောင်ပေါ်ထွန်း
• ၁၉၉၈ နေဝင်ဘုရင်များ၊ (သုတ)၊ ကျော်အောင်
• ၁၉၉၉ စကားပြောသောကိုယ်တွင်းအင်္ဂါများ၊(သုတ) ကျော်ဇေယျာ(ပုသိမ်)
• ၂၀ဝ၀ မိဘကောင်းတို့ရင်သွေးပြုစုပျိုးထောင်နည်း၊ (သုတ)၊ ပါမောက္ခဒေါ်အေးသန်း
• ဇရာအို၊ (ရသ)၊ ထွန်းမြတ်အေး
• ၂၀ဝ၁ မဒမ်ကျူရီ၊ (သုတ)၊ တင်မောင်မြင့်
• နှလုံးသားထဲမှာအဖြေရှာ၊(ရသ)၊ မြတ်ငြိမ်း
• ၂၀ဝ၂ တတိယကမ္ဘာမှပထမကမ္ဘာသို့၊(သုတ)၊ ဟိန်းလတ်
• ကာရာမာဇော့ညီအစ်ကိုများ၊(ရသ)၊ နတ်နွယ်
• ၂၀ဝ၃ စစ်ဘက်ခေါင်းဆောင်မှု၏မျက်နှာဖုံး၊ (သုတ)၊ လှိုင်သင်း
• ဝံပုလွေများနှင့်ကခုန်ခြင်း၊ (ရသ)၊ မောင်ထွန်းသူ
• ၂၀ဝ၄ ဦးနှောက်များကိုမီးညှိခြင်း၊ (သုတ)၊ ဘိုးလှိုင်
• တောင်ပံမဲ့သင်းကွဲတေးဆိုငှက်၊ (ရသ)၊ တင်မောင်မြင့်
• ၂၀ဝ၅ အိပ်မက်ခွန်အားဖြင့်ကမ္ဘာကျော်သူ ဟွန်ဒါဆိုးအိချိရော၊ (သုတ)၊ နန်းမြကေခိုင်
• ဘဝအလွမ်းအိမ်၊ (ရသ)၊ မောင်ရဲခိုင်
• ၂၀ဝ၆ ကမ္ဘာပြားပြီ၊ (သုတ)၊ ကျော်ဝင်း
• ကံကြမ္မာအကျဉ်းသား၊ (ရသ)၊ မောင်ပေါ်ထွန်း
• ၂၀ဝ၇ လူ့ယဉ်ကျေးမှုသမိုင်းအရှေ့တိုင်းကရသောအမွေ၊ (သုတ)၊ လှိုင်သင်း
• အနက်ရောင်အိပ်မက်စိမ်းမြမေတ္တာ၊ (ရသ)၊ တင်မောင်မြင့်
• ၂၀ဝ၈ ကျန်ဇီမင်း သို့မဟုတ် တရုတ်ပြည်ကိုပြောင်းခဲ့သူ၊ (သုတ)၊ တော်ကောင်းမင်း
• ပါဝါကျဆုံးခြင်းနှင့်စင်္ကာပူဘဝရနံ့ဝတ္ထုတိုများ (ရသ)၊ ဝင်းထွဋ်ဇော်
• ၂၀ဝ၉ သွေးနှင့်ရေနံ၊ (သုတ)၊ ရဲတင့်
• ၂၀၁၀ အိန္ဒိယကိုတွေ့ရှိခြင်း၊ (သုတ)၊ ဘိုးလှိုင်
• ရေကန်သာကြာတိုင်းအေး၊ (ရသ)၊ နေဝင်းမြင့်
• ၂၀၁၁ နိုင်ငံများ၏ဥစ္စာဓန၊ (သုတ)၊ ဦးကြည်မြင့် (လသာ)
• မျှော်၊ (ရသ)၊ တင်မောင်မြင့်
• ၂၀၁၂ မြန်မာပြည်မှနေ့ရက်များ၊ (သုတ)၊ မောင်မြင့်ကြွယ်
• ပြစ်မှုနှင့်ပြစ်ဒဏ်၊ (ရသ)၊ တင်မောင်မြင့်
• ၂၀၁၃ အာဏာ၊ (သုတ)၊ ထွန်းတင့်အောင်
• ၂၀၁၄ ကိုယ့်ကိုယ်ကိုယ်ကိုးတိုး၍သာဝင်၊ (သုတ)၊ နတ်မောက်အနီချို
• ကျွန်မမာလာလာ၊ (ရသ)၊ ဟိန်းလတ်
• ၂၀၁၅ ခရီးကန္တာ၊ (သုတ)၊ ညိုအံ့
• ၂၀၁၇ ဟိမဝန္တာခရီးသည်၏ဆေးဘုရားရှာပုံတော်၊ (သုတ)၊ လင်းထက်ဆွေ
• အာရှဝတ္ထုတိုများ၊ (ရသ)၊ တင့်ဇော်
• ၂၀၁၈ မိစ္ဆာကျွန်း၊ (ရသ)၊ ဝေယံဘုန်း

မျှော် (တစ်) လင့်လင့် နဲ့ (တစ်) ထောင့် (တစ်) ညပုံပြင်များစာအုပ်သစ်တွေ ဘာဆုမှ မရပါ။ ပညာပိုင်းဆိုင်ရာ မူပိုင်ခွင့် ချိုးဖေါက်ပြီး အသစ်ထုတ်စာအုပ်တွေဖြစ်တယ်။ မလုပ်ကောင်းပါ။

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၉
Thant Kyaw Zin ကျေးဇူး။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး