တမိုးတမြေ

ကွန်မင့်တခုရတယ်။ တမို့ တမြေ တနေ သိထားတာက တမိုးတမြေ တဲ့။

တမို့ တမြေက အချုပ်တန်းဆရာဖေ ရေးသားထားတဲ့ မယ်ဘွဲ့ထဲကဖြစ်ပါတယ်။ တမိုးတမြေ ရုပ်ရှင်ရှိတယ်။ တမိုးတမြေ သီချင်းရှိတယ်။ တခြားလည်းစာတွေရှိသေးပါတယ်။

ကဗျာ၊ ရုပ်ရှင်နဲ့ သီချင်းတွေမှ တတွေကို စသတ်မထားပါ။

တမိုးတမြေ
ရေး ရွှေပြည်အေး
ဆို သန်းသန်းမေ

မြိုင်တန်း မှောင်ဝေလေ
တမိုးတမြေ တမိုးတမြေ

ဖားစည်သံကြားတို့ကယားမြေ
ကကိန္နရီပေါ မြိုင်တောခြေ
မဟီဒေါအမည်ကျော်
တိုင်းကန္နာရဝတီခေါ်
မြို့လွိုင်ကော်
ရှေးယခင်ကတည်နေ
ဘီလူးချောင်းရေ
မြောင်းတွေသွယ်တန်း

မြို့မှာစိုပြေ အလယ်ဗဟိုနေ
စိမ့်စမ်းပတ်သန်းခွေ
တံတိုင်းပုံသဏ္ဌာန် ကာရံနေသပ
ရေကခြုံသိုင်းထွေ
လွိုင်ကော်မြေ
အလှကျက်သရေမျိုး
တိုး တမိုးတမြေ

တရွာတနယ်မှာ
တခါအလည်လာနော့
ဆွေခင်သဟာ နေချင်စရာပေါ့
တောင်ကွဲစေတီးဦး
ကြည်နူးခါခါဖူး
ကိုယ်လိုရာပန်ပတ္တနာခြွေ
ခြုံသိုင်းမြူတွေဆိုင်း
အုံ့မှိုင်းတောင်တွေဝိုင်း
သီခေါင်မြေ ရီဝေဝေ
ပဒေါင်ပါ ယင်းဘော် ယင်းတလဲ ဖယဲတွေ
အတူပေါက်ဖွားကြတဲ့ကယားပြည်
ညီအကိုဆွေမျိုးလိုတိုးတဲ့
တမိုးတမြေ

နေရောင်ခြည်လောင်းဆမ်းမှ
ဝေမှောင်ရီပြောင်းမြန်းကြွ
ငွေတောင်ပြည် မဟောင်းနွမ်းစရာ့
သာလို့ငါတို့ပြေ

စိန်ဝဇီအဆင်း
ချိန်ရတီမယွင်း
ကိန္နရီယမင်းမျိုး သတိုးဆွေ စိုးနေ
တမိုးတမြေ

ဒေါက်တာတင့်ဆွေ
၁-၁၂-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး