စာဆိုတော်နေ့

နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့သည် စာဆိုတော်နေ့ဖြစ်သည်။ ယင်းစာဆိုတော်နေ့ကို ၁၃၀၆ ခုနှစ် ဂျပန်ခေတ်တွင် ပညာရေးဝန်ကြီး ဦးလှမင်း၊ ဒီးဒုတ်ဦးဘချို၊ သူကြီးဂေဇက် ဦးခင်မောင်၊ ဦးသိန်းဟန်၊ ဦးကောင်း၊ သူရိယ ဦးသိမ်းမောင်၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ ဇဝန၊ မြို့မ ဆရာဟိန် စသော မြန်မာနိုင်ငံ စာရေးဆရာများအသင်း အမှုဆောင်အဖွဲ့နှင့် စာပေဆိုင်ရာ လူကြီးများ ညှိနှိုင်း သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။

၁၉၅၅ ခုနှစ် စာဆိုတော်နေ့တွင် စာရေးဆရာကြီးများအား ကန်တော့နေကြပုံ
(ဝဲ မှ ယာသို့) ဆရာကြီး ဦးဖေမောင်တင်၊ သခင်ကိုယ်တော်မှိုင်း၊ ဦးဖေသိန်း (ရွှေဥဒေါင်း)

ခုခေတ် စာဆိုတော်နေ့တွေမှာ ဟောပြောနေကြသူတွေထဲမှာ ဒီးဒုတ်ဦးဘချို၊ ဦးသိန်းဟန် (ဇော်ဂျီ)၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ ဇဝန၊ ဦးဖေမောင်တင်၊ သခင်ကိုယ်တော်မှိုင်း၊ ရွှေဥဒေါင်းတို့ ရေးသားခဲ့ကြတဲ့ မြန်မာစာ သတ်ပုံတွေကို တမင်တကာ ပြင်ထားတဲ့အတိုင်း စာတွေရေးသားနေကြသူတွေက ၉၀% ပါတယ်။ ၁၀၀% ကနေ လက်ခုပ်တီးကြတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂၀၁၈
၂၇-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး