တညီတညာ အနီးလာ ဆရာ မိဘ အားထားရ

၁။ မိဘလား၊ မိဖလားဆရာ။

၂။ မိဖဆိုတဲ့အသုံးအနှုန်းနဲ့ မိဘဆိုတဲ့အသုံးအနှုန်းမှာ ဘယ်စကားလုံးက စာရေးသားတာအမှန်ဖြစ်မလဲဆရာ။

မိဘ၊ မိကောင်းဘခင်လို့ သုံးတယ်။ ဖဆိုတာ အထီး၊ အဖိုသဘောမှာသာသုံးတယ်။ အရင်က အဘေလို့သာရေးပြီး၊ နောက်ပိုင်းမှသာ အဖေ၊ ဖေဖေလို့ ခေါ်လာရေးလာကြပါတယ်။ ဖခမည်းတော်လို့လည်း ရေးတယ်။ ခုချိန်မှာ မိဘနှစ်ပါးလို့ ရေးတယ်။ သားကြီးတော့ အဖအရာလို့သာသင့်တယ်။ အဘအရာဆိုရင် အဘ၊ ဘကြီးတို့နဲ့ ရောထွေးနိုင်တယ်။

မိ
တမိသားချင်း
မိကနား = မိသမျှ (ပြောမိကနာ၊ ဆိုမိကနား)
မိဂဒါဝုံတော (မိဂဒါဝုန်တော)
မိဂသီနက္ခတ်
မိဂါဇိန်ရသေ့
မိစိုးမင်းတို့ = မင်းဆွေမင်းမျိုးတို့
မိည်း = မိညက်ကြီး = မိန်းမ
မိတဆိုး ဖတဆိုး
မိနစ်
မိဖုရား
မိကြီး မိထွေး
မိဘ
မိဘမောင်ဖား (မိဘမောင်ဖွား၊ မိဘမောင်ဘွား)
မိမိရရ
မိယမ်း = ဘုရားမြေ၊ ရွှေထွက်သောမြေ
မိရိုးဘလာ (မိရိုးဖလာ)
မိသက်ဆိုး (မိသဇိုး)
မိသူဇာ = မယား
မိကောင်းဘခင် (မိကောင်းဖခင်)
မိကျောင်း
မိထွေး
အမိ
အမိတမှန်ကူ
ပြောမိဆိုမိ

ဘ နဲ့ ဖ သုံးတာ ရောထွေးနေတယ်။ ကျွန်တော်တို့ ပဉ္စမတန်းမှာ သင်ခဲ့ရတဲ့စာအုပ်။ ဒေါင်းဘတ်စာလို့ ခေါ်ကြတယ်။ ဖ ဖရုံပေါ တို့ယာတော၊ ဘ ဘယက် ရွှေဒေါင်းခွက်။


ဘကြီး
ဘနန်းလုလု
ဘဘ
ဘယက်
ဘယက်တန်ဆာ
ဘယဆေး
ဘရုံးဘရင်း (မညီမညွတ်၊ ဆူဆူညံညံ)
ဘရင်ဂျီနာ (ဂရင်ဂျီနာ)
ဘရဏီနက္ခတ်
ဘရန်ဒီ
ဘရာစီယာ
ဘရိတ်အုပ်
ဘရိုကိတ်
ဘရိုက်တီးကျောက်
ဘဝဂ်အဆုံး
ဘဝင်ကျ
ဘဝပြောင်းသည်
ဘဝဲ
ဘဂေး (ဆိုဘွယ်ရာတစုံတရာမျှမရှိ)
ဘထွေး
ဘထွေး
ဘလောက်
မိဘ
လာဘ်လာဘ
အံ့ဘနန်း
အဘ
အသုဘ
ဥသဘနွား

ဖတ်စာ (၂)
ညတည လသာသာ
ကားစီးလာပါ
မီးနီ အဆီးအတား
သတိထား

တညီတညာ
အနီးလာ
ဆရာ မိဘ
အားထားရ

ညစာစားသည်
ငပိပါသလား
အသီးစားပါ
မဆာက မစားရ

ဤခရီး နီးသလား
ငါးနာရီလာရ၏
မီးရထားစီးလာပါ
အလကားမစီးရ
ဤအရာ သတိထားပါ

စစ်အစိုးရတက်ကတည်းက အဘအသုံးဟာ ကိုယ့်အဘကိုတောင် အဘမခေါ်ချင်လောက်အောင် ပျက်စီးသွားတော့တယ်။ အဘခေတ် ကျဆုံးပါစေ။ တစ်ညီတစ်ညာခေတ် ပျောက်ဆုံးပါစေ။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး