အာဖကန် နှင့် အမေရိကန်

သမတ ဒေါ်နယ်ထရမ့်ဟာ ကြိုတင်ပြောမထားပဲ သင့်စ်ဂစ်ဗင်းနေ့မှာ အာဖကန်နစ္စတန်က အမေရိကန်တပ်ဖွဲတွေဆီ ရောက်ခဲ့တယ်။

အာဖကန်စ္စတန်နဲ့ ယူအက်စ်အေတို့ရဲ့ ပြိုင်မှုက ၁၁-၉-၂၀၀၁ နေ့မှာ နယူယောက်မြို့က ကုန်သွယ်ရေးတာဝါကြီး နှစ်ခုကို လေယာဉ်တွေနဲ့ ဖျက်ဆီးခဲ့တာကနေ စတင်ပါတယ်။ အမေရိကန်လူမျိုး ၂၉၇၇ ယောက် သေဆုံးခဲ့ရတယ်။

အိုဆာမာဘင်လာဒင် လက်ချက်။ သူက အယ်လ်ကိုင်ဒါ အစ္စလားမစ် အုပ်စုခေါင်းဆောင်။ အာဖကန်စ္စတန်မှာ ခြေချထားတဲ့ တာလီဘန်အဖွဲ့က သူ့ကိုအကာအကွယ်ပေထားတာ။ ဘင်လာဒင်ကို လွှဲပေးခိုင်းတာကို ငြင်းဆန်ကတည်းက တိုက်ပွဲတွေ စတယ်။ ၇-၁၀-၂၀၀၁ ကနေ ကနေ့အထိ။ အမေရိကန်ရဲ့ မဟာမိတ်တွေကပါ လေကြောင်းတိုက်ပွဲမှာ ပါကြတယ်။ လေကြောင်းကနေ ဗုံးတွေနဲ့ တိုက်ခိုက်နေစဉ် အာဖကန်အစိုးရ ပြုတ်မကျအောက်လည်း လုပ်ရသေးတယ်။ တာလီဘန် ကျဆင်းသွားတယ်။ ပျောက်ကွယ်သွားတာတော့ မဟုတ်ပါ။

၁၈ နှစ်ကြာပြီဖြစ်ပေမဲ့ တိုက်ပွဲရည်မှန်းချက် မရောက်နိုင်သေးပါ။ ၁၉၉၆ အထိ တာလီဘန်တွေက ကာဗူးလ်မြို့တော်အထိ နေရာယူထားနိုင်ခဲ့တယ်။ အာဖကန်တိုင်ပြည်ထဲ နေရာအတော်များများကို အုပ်စီးထားနိုင်ခဲ့တယ်။ လူမြင်ကွင်းမှာ ပြန်ပေးဆွဲသူတွေကို သတ်ဖြတ်စီရင်ပြခဲ့တယ်။ ဘိန်းနဲ့ မူးယစ်ဆေး ကုန်သွယ်မှု၊ ရေနံတွင်းနဲ့ အခွန်ကောက်တာတွေကနေ ဒေါ်လာသန်းပေါင်းများစွာရခဲ့ကြတယ်။

၂၀၁၄ မှာ နေတိုးအဖွဲ့က စစ်ဆင်ရေးတွေကို ရပ်ဆိုင်းလိုက်တယ်။ အာဖကန်အစိုးရကသာ တာလီဘန်ကို ဆက်တိုက်နေရတယ်။ အဲတော့ အာဖကန်မှာ တာဘီဘန်တွေ ခြေကုပ်ပြန်ယူလာကြတယ်။

ယူအက်ကမတိုက်ခင် နှစ် ၂၀ ကလည်းက အဖာကန်မှာ စစ်ပွဲတွေ အမျိုးမျိုးဖြစ်နေခဲ့တာပါ။ ၁၉၇၉ ခုနှစ်မှာ ဆိုဗီယက်တပ်တွေ ဝင်ပြီး ကွန်မြူနစ်အစိုးရကိုကူညီတာကနေ စတယ်။ မူဂျာဟစ်ဒင်တွေ ပေါ်လာတယ်။ ယူအက်စ်၊ ပါကစ္စတန်၊ တရုပ်နဲ့ ဆော်ဒီအာရေးဗီးယားတို့က ထောက်ခံကူညီကြတယ်။

၁၉၈၉ မှာ ဆိုဗီယက်တပ်တွေ ပြန်ရုပ်တယ်။ ပြည်တွင်းစစ်ဖြစ်တယ်။ တာလီဘန် ပေါ်လာတယ်။ သူတို့ပေါ်ကာစ ၁၉၉၄ မှာ ပါကစ္စတန်မြောက်ပိုင်းနယ်စပ်မှာ။ အမှန်က တာလီဘန်ဆိုတာ ဆော်ဒီအာရေးဗီးယားမှာရှိတဲ့ ပြင်းထန်တဲ့အစ္စလမ် ဘာသာသင် ကျောင်းတွေကဖြစ်တယ်။ သူတို့က ရှာရီယာဥပဒေလိုက်တယ်။ ဘင်လာဒင်ကလည်း ဆော်ဒီနိုင်ငံသား။ ဘင်လာဒင်ဟာ ပါကစ္စတန်မှာ စီးနင်းသတ်ဖြတ်ခံရတယ်။

၂၀၀၉ ဘာရက်ကိုဘားမားလက်ထက် အာဖကန်မှာ အမေရိကန် စစ်သား တသိန်းထိထားခဲ့တယ်။ အဲတာကြောင့်သာ တာလီဘန်တွေ ထွက်ပြေးရတာ။ အခုတော့ တာလီဘန်တွေက ပါကစ္စတန်မှာ ခိုလှုံနေကြရပြီ။ ဆူဆိုဒ်နည်းနဲ့ ဆက်ပြီးလုပ်ကြတယ်။

အာဖကန်စစ်သား ဘယ်လောက်ထိသေပြီးသလဲ။ အာဖကန်သမတ အဆိုအရ ၂၀၁၄ ကနေ ရေတွက်ရင် ၄၅၀၀၀ သေပြီတဲ့။ နိုင်ငံတကာ တပ်ဖွဲ့ပေါင်း ၃၅၀၀ သေပြီ။ အမေရိကန်စစ်သား ၂၃၀၀ ပါတယ်။ ယူအင်အဆိုအရ အရပ်သားပေါင်း ၃၂၀၀၀ သေဆုံးပြီးပြီးပြီ။ နောက်လေ့လာမှုတခုအရ ၄၂၀၀၀ သေသတဲ့။ အဲဒီ နောက်လေ့လာမှုလုပ်တဲ့ အဖွဲ့အဆိုအရ ၂၀၀၁ ကနေတွက်ချက်ရင် အီရတ်၊ ဆီးရီးယား၊ အာဖကန်နဲ့ ပါကစတန်တို့ဟာ စစ်ပွဲတွေကြောင့် $5.9 ထရီလီယန် ကုန်ကျခဲ့ပြီးဖြစ်ပါသတဲ့။

စစ်ပွဲကိုတိုက်နေတဲ့ တတိယမြောက် အမေရိကန်သမတ ဒေါ်နယ်ထရမ့် လက်ထက်မှာလည်း လေကြောင်းတိုက်ပွဲတွေ ဆက်လုပ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲမဲဆွယ်ရာမှာ အမေရိကန်တပ်သားဦးရေ လျှော့ချမယ်ပြောတယ်။ နိုင်ငံတကာအမြင်အရ အဲလိုသာ အမေရိကန်တပ်တွေနည်းရင် လေဟာနယ်ဖြစ်ပြီး စစ်သွေးကြွတွေ ထပ်ပြီး စခန်းထကြဦးမယ်။ အာဖကန်အရပ်သားတွေကတော့ ဆက်ပြီးပေးဆပ်နေကြရပါလိမ့်မယ်။ ဆောရီး။

အခုထိ တာလီဘန်တွေက တနှစ်မှာ $1.5 ဘီလီယန်ဝင်နေကြတယ်။ ဘန်းမည်းနဲ့ ဘိန်းဖြူကနေ အများဆုံးရတယ်။ အခွန်လည်းကောက်တယ်။ ကိုယ်ပိုင်စီးပွါးရေးတွေလည်းရှိတယ်။

အာဖကန်စ္စတန်နဲ့ မြန်မာနိုင်ငံကတော့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ဗိုလ်လုနေကြတယ်။ သူတို့က ဘိန်းမှာ သာတယ်။ ကျွန်တော်တို့က စိတ်ကြွဆေးမှာ သာတယ်။ ပြည်တွင်းစစ်ပွဲတွေနဲ့ မူးယစ်ဆေးနဲ့ ဘိန်းက ဆွေမျိုးအရင်းတွေ။ ဘာသာရေးနဲ့ လူမျိုးစုအရေးက တဝမ်းကွဲတွေ။

မြေပုံက အာဖကန်မှာရှိတဲ့ ဘိန်းခင်းတွေ။ အရောင်ရင့်လေ ဘိန်းခင်းထူထပ်လေ။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး