ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေ

ကြွမ်းကျင် ကျွမ်းကျင် ဘယ်ဟာအမှန်ပါလဲ

ကျွမ်းကျင်လိမ်မာလို့ ရေးပါတယ်။

ကျွမ်း
ကျွမ်းကျင်
ကျွမ်းပစ်
ကျွမ်းဘား
ကျွမ်းပြန်ကျ
ကျွမ်းလှန်
ကျွမ်းဝင်
ကျွမ်းသန္တာလန်
ကျွမ်းကျင်လိမ်မာ
ကျွမ်းထိုးသည် (နောက်သုံး)
ကျွမ်းထိုးကောင်
ကျွမ်းထိုးမှောက်ခုန် (နောက်သုံး)
ကျွမ်းပစ်သည် (နောက်သုံး)
ကျွမ်းဘား (နောက်သုံး)
ကျွမ်းသမား
ကျွမ်းသီး (ရက်ကန်း)
ကျွမ်းသန္တာလန်အောင် ဆော့သည် (နောက်သုံး)
သိကျွမ်းသည်
အကျွမ်းတဝင်
လောင်ကျွမ်းသည်
ငယ်ကျွမ်းဆွေ

ကြွမ်း
ကြွမ်းထိုး (ယခင်သုံး)
ကြွမ်းလူမျိုး = ရှေး ကမ္ဘာဇတိုင်းသား
ကြွမ်းသန္တာလန်အောင် ဆော့သည် (ယခင်သုံး)

ငယ်ကျွမ်းဆွေ

တေးရေး ကိုသန်းလှိုင်

ငယ် သူငယ်ချင်းရေ ခုတော့ ငယ်ကျွမ်းဆွေ
ငယ် သူငယ်ချင်းရေ ခုတော့ ငယ်ကျွမ်းဆွေ
ခုလို ပြန်လည် ဆုံတွေ့ရတာ ဝမ်းသာ မဆုံးနိုင်ပေ
မီးပုံး လှလှလေးတွေ ရောင်စုံထွန်း ကျွန်းနုမြေ အလှအပတွေ ဆုံကာနေ တို့ဘဝလို ပမာတူပေ
ဒီတံတားလေးပေါ်မှာ ဆော့ပြေး ကစားခဲ့တာတွေ
မှတ်မိပါတယ် အသက်ရေ
မှတ်မိပါတယ် အတူးရေ

ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေ
ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေ

ဒီလိုညများ တရာမက တွေ့ရပါစေ
ဒီလိုအခါပေါင်း ထောင်သောင်းမက တွေ့ပါရစေ
သိန်း သန်း ကုဋေ ညစဉ် ရက်ဆက် အသက်နဲ့ တွေ့ပါရစေ
အသင်္ချေ အသင်္ချာ ညများ ချစ်စကား ဆိုပါရစေ

ငယ်ကချစ်တဲ့ ငယ်ချစ်ဆွေ တို့ငယ်ကျွမ်းဆွေ
ငယ်ကချစ်တဲ့ ငယ်ချစ် ဆွေ တို့ငယ်ကျွမ်းဆွေ

ငယ်ကျွမ်းဆွေ https://www.youtube.com/watch?v=fdtNJrTfwck

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး