ညီမလေးရယ် စိုးရိမ်မိတယ်

(ကန်တော့)

မိန်းကလေးဖြစ်သူက အခု ၁၉.၁၁.၁၉ ထိ ရာသီမလာသေးလို့ စိုးရိန်မိတာပါဆရာ။

စိုးရိမ်လို့ ရေးရ။

ရိမ်
စိုးစံသည်
စိုးစဉ်းမျှမရှိ
စိုးမြန်းသည်
စိုးရွံ့သည်
စိုးရိမ်သည်
စိုးအုပ်သည်
မစိုးရိမ်ကျောင်း
မရိမ္မအရပ် (ပရိမ္မ)
ညီမလေးရယ် စိုးရိမ်မိတယ် (တက္ကသိုလ် ဘုန်းနိုင်)

ရိန်
စရွံပုသိန်၊ လှူခန့်ချိန်လျက်၊ ပရိန်မြို့ထက်
စန္ဒာသီရန်
တသီရန် (တစ်သီရိန် မဟုတ်)
တာရိန်
နာရရိန်
ပရိန်မြို့
အရိန္ဒမာလှံစကြာ
အသူရိန်နတ်
နေသူရန်
မောင်သူရိန်

မြန်မာစာကို သတ်ပုံဂရုမထားပဲ ရေးသေားနေကြတာကို စိုးရိမ်မိတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁၁-၂၀၁၉

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်