2 Hours ၂၄ နာရီ
ကျွန်တော် ည ၁ နာရီ ၃ မိနစ်မှာ နောက်ဆုံးပို့စ်ကိုတင်ပြီး အိပ်ခဲ့တယ်။ အခုအိပ်ရာထတော့ ဖေ့စ်ဘွတ်ကို စဖွင့်တယ်။ အရင်ဆုံး ညကရေးထားကြတဲ့ ကွန်မင့်တွေကို ဖတ်ပါတယ်။ ကွန်မင့်တခုကြောင့် ဒီစာကိုရေးပါတယ်။
ဒေါက်တာတင့်ဆွေ FB ပေါ်ပေါ်မလာဒါ အတော်ကြာသွားပြီ။ ကျန်းမာပါစေ။ ICJကိစ်စ ၂၀၂၀နဲ့ ချိန်ကိုက်ထားတဲ့သဘော တွေ့ရပါတယ် တဲ့။
အဲတာနဲ့ လွန်ခဲ့တဲ့ ၂၄ နာရီမှာတင်ခဲ့တာတွေကို အကုန်စာရင်းချရေးရတယ်။
1. 8 hrs · Good Night
2. 8 hrs · စပါယ်ယာတယောက်
3. 8 hrs · မေးနည်းစည်းကမ်းဆိုတာ ကြော်ငြာစာမဟုတ်ပါ
4. 8 hrs · Typing error စာရိုက်အမှား
5. 9 hrs · စုတ်ဖွားတွေကို ဖြတ်ကျော်သွားပြီဖြစ်တဲ့ မြန်မာစာ
6. 9 hrs · Eggs ကြက်ဥ အစရှာခြင်း
7. 9 hrs · ဟိုအရင်က လ
8. 9 hrs · ငှက်ဖြစ်လျှင် ပျံကာလာပြီ
9. 9 hrs · အသုံးချ မြန်မာစာ
10. 10 hrs · Skype စကိုက်ပ်
11. 10 hrs · Hard-Boiled Egg Vs Fried Egg ကြက်ဥကြော်နဲ့ ကြက်ဥပြုပ်
12. Chicken egg and Duck egg ဘဲဥကို ပွတ်စားပါတဲ့ ၂ နာရီ
13. 12 hrs · Baby Colic ကလေးဗိုက်နာရင်
14. 12 hrs · ဧ ရဲ့ အဓိပ္ပါယ်
15. 12 hrs · Primary Complex ကလေးတီဘီ
16. 14 hrs · သတ်ပုံမှား ပျောက်ဆေးတလက် သင့်အတွက်
17. 15 hrs · တပိဿာ ပေါက်ဈေး
18. 18 hrs · လက်ျာ လင်ကျာမဟုတ်
19. 19 hrs · ICJ ကို ဘယ်လိုရင်ဆိုင်မလဲ
20. 19 hrs · Rh factor and pregnancy ကိုယ်ဝန်ဆောင်နဲ့ Rh သွေးအုပ်စု
21. 19 hrs · ထိမ်းမြား
22. 21 hrs · ငပိ သတ်ပုံ
23. 21 hrs · ကျောက်ပန်းတောင်း
24. 22 hrs · Christmas Cactus ပန်း
25. 22 hrs · ဥမ္မာဒန္တီကို အကျည်းမတန်စေသင့်
26. 22 hrs · မေးနည်းပို့လိုက်တယ်
27. 22 hrs · Gabapentin ဂါဘာပင်တင်ဆေး
28. 23 hrs · Cereal ဆီရီရယ် မနက်စာ
29. 23 hrs · မန်လည်ဆရာတော်ဘုရားကြီး
30. 23 hrs · Tonics for Children ကလေးအားဆေး
31. 23 hrs · White discharge အဖြူဆင်းခြင်း
32. 23 hrs · Jaggery ထန်းလျက်
စုစုပေါင်း ၃၂ ပုဒ်ရှိတယ်။ ကွန်မင့်ရေးသူက အဲတာတွေထဲက တခုတည်းသာဖတ်ပုံရတယ်။ ကောက်ချက်ချတယ်။
အခုလိုကျွန်တော့ မှတ်ချက်ချတာက ကျွန်တော်တယောက်ထဲအပေါ်အကဲဖြတ် မှတ်ချက်ပေးတာဖြစ်တယ်။ ၃၂ ခုထဲက ၁ ခုတည်းသာဖတ်ပြီး၊ ကြာပြီ မကြာသေး၊ ကောင်းတယ်မကောင်း စသဖြင့်ရေးသားခြင်းဟာ မှန်ပါ့မလား။
အဖွဲ့အစည်းတခုခု၊ ပါတီတခုခုကိုဖြစ်ဖြစ်၊ တာဝန်ကြီးတွေထမ်းဆောင်နေသူတဦးဦးကိုဖြစ်ဖြစ်၊ တိုင်းပြည်တခုခုကိုဖြစ်ဖြစ် အဲလိုပဲ ကိုယ်မြင်တာလေးတခုတည်းနဲ့ ကြာပြီ မကြာသေး၊ ကောင်းတယ် မကောင်း စသဖြင့်ရေးသားခြင်းဟာ မှန်ပါ့မလား။
ကျွန်တော် ၂၄ နာရီအတွင်းတင်ခဲ့တဲ့ ပို့စ်တွေကို စာရင်းချရေးဖြစ်လို့ ကျေးဇူး။
ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂၀၁၉
နံနက် ၉ နာရီ ၅၇ မိနစ်။

Comments
Post a Comment