တေ ကူးစက်ရောဂါ

1. Female ပါ အပျိုပါ ရာသီက ပုံမှန်ပါပဲရှင့် ဖြစ်နေတာက မျက်လုံးတွေက ယားတော့ လက်နဲ့ပွတ်ပါတယ် လက်နဲ့ ပွတ်ပါများတော့ မျက်လုံးတေကပူပြီး မျက်လုံးကနီပြီးဝါလာပါတယ် မျက်ရည်ပူတေလည်း ကျပါတယ်
2. ကျနော် goitre ဖြစ်နေတယ် သံသယရှိလို့ သွားပြကြည့်ပါတယ်ဆရာ Result တေအရ ဘာ treatment မှ မလိုဘူးပြောပါတယ်ဆရာ
3. ဆရာ ကျွန်မ အသက် ၂၇ ပါ ကိုယ်ဝန် ၂၁ ပတ်ထဲမှာပါ ကလေး ဆံပင်တေသန်ဖို့ အရပ်ရှည်ဖို့ ဘာတေ စားသင့်ပါလဲ ဘာဓာတ်တေလိုအပ်ပါလဲဆရာ
4. ဆရာရှင် သမီးကျောက်ကပ်ရောင်ပါတေရှင် ဘယ်ဆရာအကောင်းဆုံးဆိုတာသိရှင်ပါတေရှင်
5. ဆရာရှင် အသက်က ၂၉နှစ်ပါရှင်။ မျက်နှာမှာ အမည်းစက်တေဖြစ်တာ အိမ်ထောင်မကျခင်ကတည်းကပါ။ အမည်းစက်တေလို့ရေးတာ မှားတယ်။
6. ဆရာရှင့် Valprol CR-300 Depakine-200mg Quatapine ဒီဆေးတေပါ Valprol ကတော့ စိတ်တအား တက်နေချိန်ဆို သောက်ပါတယ် Depakineနှင့် Quatapine ကတော် စိတ်ပြန်ကျနေချိန်ဆို သောက်ရပါတယ်ဆရာ ဆရာကြီး ဦးဝင်းအောင်မြင့်နဲ့လည်းယခုချိန်ထိပြနေရပါတယ်ဆရာ ဆေးလေးတေရဲ့ ဘေးထွက်ဆိုးကျိုးလေးများ သိချင်လို့ပါဆရာ
7. ဆရာရှင့် စိတ်အတက်အကျဆေးတေရဲ့ဘေးထွက်ဆိုးကျိုးလေးတေသိချင်ပါတယ်ရှင့် မောင်လေးသောက်နေရတာ ၂နှစ်နီးပါးရှိနေပါပြီ ပြီးတော့စိတ်ဆေးတေကတသက်လုံးသောက်ပေးရမှာလားရှင် သူဖြစ်နေတာက manic ပါဆရာ
8. ဆရာရှင့် တားဆေး Depo ထိုးပြီးရင် အာ့သုံးလအတွင်း ကလေးမရနိုင်တာသေချာပါသလားရှင့် ကျွန်မက အခုအစထိုးရမာမို့ပါ အလုပ်တေကြောင့် ကလေးမလိုချင်သေးလို့ပါရှင့် ဖြေပေးပါဦး သုံးလပြီးရင်တော့ကလေးယူတော့မာပါ တားဆေးသုံးလို့ဆိုးကျိုးတေကရောဘာဖြစ်တတ်ပါသလဲ
9. ဆရာရှင့် ကျေးဇူးပြု၍ဖြေပေးပါရှင့် သမီးလေးမှာအဲ့လိုအဖုလေးတေပေါက်နေပါတယ် ချိုင်းကြားတေ ပေါင်ကြားတေမှာရောပါ ဆေးခန်းတေလည်းသွားတယ်မသက်သာလို့ပါဆရာရှင့် ဘာဆေးလိမ်းရမလည်း ဘာဆေးသောက်ရမလည်း ဆိုတာ ညွှန်ကြားပေးစေလိုပါတယ်ဆရာရှင့်
10. မင်္ဂလာပါဆရာ ကျနော့အသက် ၂၃ပါ ဆရာ အာသီးရောင်နေတာ သုံးပတ်ကျော်နေပြီဆရာ မပျောက်သေးဘူး ကျနော်ဘလိုနေထိုင်ရမလဲဖြေပေးစေလိုပါတယ် လည်ပင်းအကြောတေလဲတင်းနေတယ်ဆရာ
11. ဒေါက်တာ ကျွန်မက အသက်၂၄ပါ အရင်လတေက အရေးပေါ်တားဆေးသောက်ပါတယ် ၉လပိုင်းအထိ သောက်ခဲ့ပါတယ်

တေ မဟုတ်။ တွေလို့ရေးရတယ်။ ၁၂-၉-၂၀၁၈ ကနေ့တရက်တည်းမှာ တေလို့သာရေးတဲ့မေးခွန်း ၅ ခုလာတယ်။ တေရာဂါဖြစ်တာ တနှစ်သာသာလေးရှိသေးတယ်။

တေ
တေ = ခပ်ပြာ = ရွှေတုရွှေယောင်၊ ထောင်းထုနှိပ်နယ်သည်
တေဆေး
တေဇောဓါတ်
တေဇော်
တေမိမင်း
လူပေလူတေ
တေတေပေပေ
လျှော်တေ
အင်္ဂတေ
တေလေကြမ်းပိုး
တေသောကလေး
နာနာတေပါ
ထောင်းထုတေ
အမြုတေ

တေ နှင့် ပီး https://doctortintswe.blogspot.com/2018/09/blog-post_68.html
တွေ နှင့် တေ https://doctortintswe.blogspot.com/2019/01/blog-post_480.html
တေဆေး သောက်သူများ https://doctortintswe.blogspot.com/2018/09/blog-post_36.html

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး