လျှောက်လဲချက်

အလွမ်းဖြေမှု၊ လ တခုတည့်
လု၍မရ၊ ဝေမရသော
ငါ့ဥစ္စာသာ ဖြစ်လို၏။

အနွမ်းပြေရာ၊ တကမ္ဘာတည့်
လွှာ၍မရ၊ ပိုင်းမရသော
ငါ့ဥစ္စာသာ ဖြစ်လို၏။

ငါ၏ဆန္ဒ၊ ဤသည်မျှနှင့်
လောဘကြီးသည် ဆိုမည်လော။

ပြန်တွေး၍ကြည့်၊ မင်းအသိပင်
ယခင်တည၊ ချိန်းတွေ့ကြတော့
မျှ၍ဝေခွဲ၊ တအုံးထဲမှာ
တွဲ၍ အိပ်ခဲ့ဘူးပါသည်။

၁၉၆၇ ခုနှစ် နိုဝင်္ဘာလထုတ် ငွေတာရီမဂ္ဂဇင်းပါ မောင်သာရ ရေးတဲ့ ကဗျာ။

၁၉၆၇ မှာ ကျွန်တော် ဆေးကျောင်းရောက်နေပြီ။ မြန်မာစာသတ်ပုံကို မဂ္ဂဇင်းတွေမှာရော ကျောင်းတွေမှာပါ အဲလို မှန်အောင် ရေးသားကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂၀၁၉
ပုံအတွက် ကျေးဇူး။

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး