ကြာပန်းနှင့် သဇင်


မလေးရေ့

တောင်ကုန်းတဘက်က မလေးတို့အိမ်လေးတော့ ခုချိန်မှာ တိတ်ဆိတ်အေးချမ်းနေမှာဘဲ့ အကိုသက်ထွန်းကို ကြိုးစားပြီး မေ့နေဘီလား။ မေ့ပါမလေးရယ်၊ အကိုကတော့ အသက်နဲ့ ခန္ဓာမြဲနေသမျှ မလေးဆီကို စာရေးနေမှာဘဲ။

ခုရေးနေတာကလဲ အကိုသက်ထွန်း နောက်တပတ်ဆိုရင် နိုင်ငံခြားကို သွားရတော့မယ်။ သံရုံးမှာ ပထမအတွင်းဝန် အဖြစ်နဲ့သွားရမယ်။ ခင်စောအေးနဲ့ သ္မီးလေးပါ တခါထဲ ခေါ်သွားရမယ်။

အချစ်ဆီက စာတလုံးလောက်ကိုဘဲဖြစ်ဖြစ် မြင်သွားပါရစေလား ခလေးရယ့့် မလေး ချမ်းမြေ့ရွှင်လမ်းပါစေ့

အကို သက်ထွန်း

ခင်နှင်းယုရေးတဲ့ ဘုံဓမ္မတာမှာ ကြုံရလေသမျှ စာအုပ်ထဲကဖြစ်ပါတယ်။ စာပေဗိမာန်ဆုရတဲ့စာအုပ်။ ၁၉၆၇ မှာ ထုတ်တယ်။

မေ့နေဘီလားလို့ရေးတယ်။ သ္မီးလေးလို့ရေးတယ်။ ခလေးရယ်လို့ရေးတယ်။
တခါထဲလို့ရေးတယ်။ တစ်ခါတည်း မဟုတ်။ တစ်ခါထဲ မဟုတ်။
စာတလုံးလောက်ကိုဘဲလို့ရေးတယ်။ စာတလုံးလောက်ကိုပဲ မဟုတ်။ စာတစ်လုံးလောက်ကိုပဲ မဟုတ်။
တောင်ကုန်းတဘက်ကလို့ရေးတယ်။တောင်ကုန်းတစ်ဘက်က မဟုတ်။
နောက်တပတ်ဆိုရင်လို့ရေးတယ်။ နောက်တစ်ပတ်ဆိုရင် မဟုတ်။
ရွှင်လမ်းလို့ရေးတယ်။ ရွှင်လန်းက ပိုပြီး သင့်မှန်တယ်။

အရင်ကထုတ်တဲ့ ဝတ္ထုတွေ၊ ကာတွန်းတွေက သတ်ပုံကျမ်းလိုတော့ မခိုင်မာပါ။ သေချာကတော့ တတွေကို မလိုအပ်ပဲ တစ်လုပ် မရေးသားခဲ့ကြပါ။

ဒေါက်တာတင့်ဆွေ
၂ဝ-၁၁-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး