နိုင်ငံတော်၏အဖြစ်

ICJ ဆိုတာ အမှုကြီး။ သူ့ထက်ကြီးတာ မရှိသလောက်ကြီးတယ်။

NLD ကတရားခံ မဟုတ်။ ဒေါ်စု တရားခံမဟုတ်။ တရားခံက ပြည်ထောင်စုမြန်မာနိုင်ငံ။

နဝတ လက်ထက် ဦးအုန်းဂျော်တို့ ဦးဝင်းအောင်တို့ ယူအင်သွားပြီး ဘူးကွယ်ခိုင်းသလို လုပ်လို့မရ။

ယူအင်အက်စီမှာလို ရုရှားတို့ တရုပ်တို့ကလည်း ဝင်ပြောလို့ရတာမဟုတ်။

နိုင်ငံရေးစကား သွားပြောရမှာ မဟုတ်။ လျှောက်လဲချက် ပေးရမှာ။ ဥပဒေစကားပြောရမှာ။ ထုချေရမှာ။

တခြားဘက်မှာ အုပ်နဲ့အင်နဲ့ရှိတယ်။ ကိုယ့်ဘက်မှာ အာစီယန်တောင် ပါတာမဟုတ်။

အိုင်ဒေါလ် မောနေသူတွေနဲ့ ၂၀၂၀ မဲရရေးသာလုပ်နေသူတွေကလည်း များတယ်။

နိုင်ငံရေးပါတီပေါင်း ၉၀ လောက်ရှိသလား မသိ။ ၈၉ ပါတီက ဘာသံထွက်သလဲ မကြားမိ။ သူတို့ကို မဲပေးချင်သူတွေကလည်း အတန်အသင့်ရှိတယ်။

အဲတာကို တရားခံနိုင်ငံတော်လို့ ခေါ်တယ်။ ဆောရီး။ ကန်တော့။

ဖက်ဆစ်နဲ့ ကိုလိုနီကို အပြီးသတ်တော်လှန်စဉ်က တပြည်လုံး ညီခဲ့တယ်။ အခုတချီလည်း ကောက်ရိုးမီးဖြစ်ဖြစ် တောက်လောင်သင့်တယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂၀၁၉
ည ၁ နာရီ ၄၅ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး