စိုင်းထီးဆိုင် နှင့် မစ္စတာပရက်စလေ

လူငယ်ခြေကျသီချင်းကို တင်ထားတာတခုတွေ့တယ်။ ကျေးဇူး။

တချိန်က ကျောင်းပညာရေးနှင့်ပတ်သက်ပြီး သရော်ထားတဲ့ သီချင်းလေးပါ။ ထိုအချိန်က ဒီသချင်းလေးကို ဖြန့်ဝေခွင့် မရခဲ့ပါဘူး။ ဒီသီချင်းလေးကို တေးရေးဆရာကြီး ဦးစိုင်းခမ်းလိတ်ကရေးသားထားပြီး အဆိုတော်ကြီး ဦးစိုင်းထီးစိုင်က သီဆိုထားခဲ့တာပါ တဲ့။

ဒီနေရာမှာက စာရေးတာရော သီချင်းစာတန်းထိုးသတ်ပုံတွေပါ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

ကြွားစရာ ဂုဏ်ယူစရာ ပုံတချပ်ပဲလေ

ဒါပေမဲ့ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေရဲ့ အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ မောင် ကို ဦး ဒေါ် ဒေါက်တာ ဘဘ အမေ စသည် မထည့်အပ်ပါ။ လူကိုယ်တိုင်တွေ့လို့ လေးစားမှုနဲ့ခေါ်ရင်သာ သင့်သလို ထည့်ရပါတယ်။

လူငယ်ခြေကျ https://chartake.com/archives/2937?unapproved=7&moderation-hash=27542f20e168b31dd4d735b54c774d48#comment-7

တခြားသူတွေတင်ထားတာမှာ ပေါ်လစီသတ်ပုံတွေနဲ့။ မလုပ်ကောင်းပါ။ ပညာပိုင်းဆိုင်ရာမူပိုင်ခွင့်ကို ချိုးဖေါက်တာ ဖြစ်တယ်။ Intellectual property rights ခေါ်တယ်။ မြန်မာပြည်မှာ မသုံးနိုင်သလောက် အားနည်းလွန်းသေးတယ်။ အနုပညာရှင်တွေ စာပေပညာရှင်တွေကို လေးစားရင် ကိုယ်တိုင်က လိုက်နာသင့်ကြပါတယ်။

သူများတွေဆီမှာ ပရက်စလေကို လေးစားလို့ မစ္စတာပရက်စလေလို့ ဘယ်သူကမှ မခေါ်ပါ၊ မရေးသားပါ။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး