Posts

Showing posts from March, 2017

တခါတရံ

Image
တခါတရံကို တစ်ခါတစ်ရံလို့မရေးခဲ့တဲ့ခေတ်မှာ ကာတွန်းစာအုပ်တွေပါ သတ်ပုံမှန်နဲ့သာ ရေးသားကြတယ်။ ခုခေတ်မှာတော့ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ မြန်မာစာဆရာတွေ အများစုက တစ်မှတစ်၊ အဖြစ်သည်းနေကြတယ်။ ကျွန်တော်တော့ သူတို့စာတွေထက် သတ်ပုံမှန်ကာတွန်းပဲ ဖတ်ချင်တယ်။ ဒေါက်တာတင့်ဆွေ

လူထုဦးလှက

Image
တခါက ဆွမ်မရာ နာဂရွာတရွာတွင် လော်ရော်ပေါ့ဟုသော လူတယောက်ရှိ၏ လို့ရေးခဲ့တယ်။ တစ်ခါက မဟုတ်။ ရွာတစ်ရွာ မဟုတ်။ လူတစ်ယောက် မဟုတ်။ ဒေါက်တာတင့်ဆွေ

Magnolia တတိုင်းမွှေးပန်း

Image
ကျောင်းတပတ်ပိတ်ထားလို့ အိမ်ပြင်မထွက်ဖြစ်တာနဲ့ အပြင်မှာဘာတွေ ပြောင်းလဲနေသလဲ မသိပါ။ အခုမှ မောင်ပညာတင့်ဆွေပုံတွေ့လို့ ပန်းအဖြူတွေပွင့်နေပြီလို့ သိရတယ်။ ဒေလီမှာနေခဲ့ရတုံးကတော့ ငေါ့ခဲ့ဘူးတယ်။ ပန်းခြံတွေသာရှိ ပန်းမရှိ၊ ပန်းတွေတော့ရှိ၊ ပန်းပန်မယ့်သူမရှိ၊ ပန်းရောင်းသူဆိုတာ ယောက်ျားတွေသာဖြစ်ကြ၏လို့။ ကျွန်တော် အခုနေရတဲ့ဒေသ ဒီအချိန်မှာ အများဆုံးနဲ့ အလှဆုံးပွင့်နေတဲ့ပန်းကို (မက်နိုလီယာ) ပန်းလို့ခေါ်တယ်။ ဝါရှင်တန် ဒီစီမှာတော့ ချယ်ရီပွဲတော်ကာလဖြစ်ပါတယ်။ မက်နိုလီယာပန်းဟာ အမေရိကားမှာတော့ မစ္စစ်စပိနဲ့ လူးဝစ္စယားနားမှာ ပြည်နယ်ပန်းလို့သတ်မှတ်ထားတယ်။ အမေရိကန်သမိုင်းမှာ တောင်ပိုင်းဒေသရဲ့ သင်္ကေတဖြစ်တယ်။ ရုက္ခဗေဒလို Magnolia grandiflora လို့ခေါ်တယ်။ မက်နိုလီယာမျိုးစိတ်ပေါင်း (၂၁ဝ) ရှိသတဲ့။ ရှေးအလွန်ကျတဲ့ပန်းဖြစ်တယ်။ ပန်းနဲ့ အခေါက်ကို တရုပ်တိုင်းရင်းဆေးမှာသုံးကြတယ်။ ဂျပန်မှာ အရွက်ကို ဟင်းချက်ရာမှာသုံးတယ်။ အစားအစာ ထုပ်ပိုးဘို့လည်းသုံးတယ်။ M. sieboldii ကတော့ မြောက်ကိုရီးယားရဲ့ အမျိုးသားပန်းဖြစ်တယ်။ မြန်မာလို တတိုင်းမွှေးပန်းလို့ခေါ်တယ်။ အပွင့်အရောင်က မျိုးစုံတယ်။ အဖြူရောင်၊ ပန်းရောင်၊ အဝါရောင်၊ ပန်းခရမ်းရော

P57 Hoodia ပိန်ဆေး အများပြည်သူသိစေရန် သတိပေးချက်

Image
ဆရာရေ မင်္ဂလာပါ။ တခုမှမမေးဘူးလို့ အမှားပါရင် ခွင့်လွှတ်ပါ။ ဒှပိန်ဆေးက အရမ်းပျံ့နံ့နေလို့ ကျန်းမာရေး ဆိုးကျိုး ရှိနိုင်မလားလေး သိပါရစေ။ ကျေးဇူးတင်ပါတယ်။ ဆရာရေ ဖြေပေးပါနော်။ ၁၈-၁ဝ-၂ဝ၁၁ နေ့က ယူအက်စ်အေ FDA ကနေ အများပြည်သူသိစေရန် သတိပေးချက်ထုတ်ထားခံရတဲ့ ပိန်ဆေးဖြစ်ပါတယ်။ ဆေးထဲမှာ ဘာတွေပါတယ်လို့ ထုတ်ဖေါ်ခြင်းမရှိလို့ဖြစ်တယ်။ Public Notification: “P57 Hoodia” Contains Undeclared Drug Ingredient https://www.fda.gov/Drugs/ResourcesForYou/Consumers/BuyingUsingMedicineSafely/MedicationHealthFraud/ucm276074.htm FDA စစ်ဆေးချက်အရ အဲဒီဆေးထဲမှာ Sibutramine ဆေးပါနေတယ်။ အဲဒီဆေးအမျိုးအစားကို ၂ဝ၁ဝ အောက်တိုဘာလ ကတည်းက တားမြစ်ထားတယ်။ သွေးတိုးတက်စေမယ်။ နှလုံးခုန်မြန်စေမယ်။ သွေးကြောကျဉ်းရောဂါ ရာဇဝင်ရှိသူတွေ အသက်အန္တရာယ်ထိခိုက်နိုင်တယ်။ သုံးစွဲနေသူတွေ ဆေးကို ချက်ချင်းရပ်သင့်တယ်။ ဘေးထွက် သက်ရောက်မှုတွေကို ဆရာဝန်နဲ့စစ်ဆေးသင့်တယ်။ ဒေါက်တာတင့်ဆွေ ၃၁-၃-၂ဝ၁၇

Breaking news သတင်းထူးများ

Image
သတင်းထူးဆိုတာ ၁၉၆၂ ခုနှစ် မတ်လ (၂) နေ့မနက် ၉ နာရီခွဲလောက်မှာ၊ နေရှင်နယ်စားပွဲတင်ရေဒီယိုလေးကနေ ပဌမတခါ။ စစ်သီချင်းတွေနဲ့အတူ နားထောင်ခဲ့ရတယ်။ ၃၁-၃-၂ဝ၁၆ နေ့မှာ ဒုတိယတခါ။ သီချင်းအထူးအဆန်းတွေမပါ။ ကျွန်တော့်ဘဝမှာ သတင်းထူးတခုနဲ့တခုဟာ ၅၄ နှစ်နဲ့ ၂၈ ရက်ကွာတယ်။ ကြားထဲကအပြောင်းအလဲတွေဟာ ၁၉၆၂ ရဲ့ အဆက်တွေသာဖြစ်တယ်။ ဒေါက်တာတင့်ဆွေ ၃၁-၃-၂ဝ၁၆ ၃၁-၃-၂ဝ၁၇

Our valued costume ဒုတိယ ပင်နီခေတ်

Image
ကုမ္မာရီအပျိုစင်များမှာ မျိုးချစ်စိတ်တွေထက်သန်လာကြပြီ၊ ဝတ်ကြဆင်ကြပါသည်၊ တို့ဗမာဖျင်နီ၊ တို့ဗမာဖျင်နီ၊ အမော်အကြွားအတုအပ တခုမျှမရှိကြပါသည်၊ ယခုမှ သတိရလေတော့သည့့် ပင်နီဖျင်၊ ပင်နီအင်္ကျီနဲ့ ယောထဘီတွေကို ရှေးပဝေသဏီကတည်းက ဝတ်ဆင်ခဲ့ကြတယ်။ စိုက်ပျိုးရေးသာ အားကိုးရပြီး၊ တခြားနိုင်ငံတွေနဲ့လည်း ခရီးမပေါက်ခင်ကာလမှာ သဘာဝထွက်နဲ့သာ လူလုပ်ခဲ့ကြတယ်။ စားစရာကို အောက်အရပ်နဲ့ ဝတ်စရာကို အညာဒေသကနေ စိုက်ပျိုးထုတ်လုပ်ပေးခဲ့ပါတယ်။ မုတ်သုန်ဥတုရှိတဲ့တိုင်းပြည်မှာ ဖျင်ထည်-ချည်ထည်ဟာ အကောင်းဆုံးဖြစ်တယ်။ အေးလွန်းတဲ့အခါမှာ မပူပေါင်နောက်ဆီကချမ်းရော့ထင့်၊ အဖြူစောင် ခေါက်ထည်ကြမ်းကိုလ၊ လွှမ်းတဲ့လို့လွှားကာခြုံ့ လုံခဲ့ကြတယ်။ ကျွန်တော်ငယ်ငယ်က ပုလဲနဲ့ မုံရွာမှာ ပင်နီသုတနည်းနည်းရခဲ့ပါတယ်။ ပင်နီဆိုတာ ချည်ဖြူကို ဆေးနီဆိုးထားတာ မဟုတ်ပါ။ ပင်ကိုယ်အနီဖြစ်ပါတယ်။ ဝါအဖြူနဲ့ ဝါအနီလို့ရှိတယ်။ ဝါနီက ဂွမ်းထွက်လျော့ပြီး အမွှေးလည်းတိုတယ်။ ဝါဖြူပင်ထက် ကြုံလှီတယ်။ ဝါပင်တရာမှာ ဝါနီတပင်နှစ်ပင်သာပါလေ့ရှိတယ်။ ဝါကောက်ခါစမှာ အရောင်မရင့်သေးပါ။ သီတင်းကျွတ်နဲ့ တန်ဆောင်မုန်းလမှာ ဝါကောက်ပြီး မြေအိုးကလေးထဲ သိပ်ပြီးနှပ်ထားရတယ်။ တပို့တွဲ၊ တပေါင်

Nirvana Buddha လျောင်းတော်မူ

Image
ပဲခူးရွှေသာလျောင်းဘုရားကို တခေါက်ရောက်ဖူးတယ်။ မုဒုံမှာ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီးရှိသတဲ့။ မရောက်ဖူးသေးပါ။ လျောင်းတော်မူဘုရားရော လက်ရှိကမ္ဘာ့အမြင့်ဆုံးလို့ဆိုတဲ့ ရပ်တော်မူဘုရားကြီးပါ မုံရွာ၊ ဗောဓိတထောင်ကိုတော့ မတည်မီကသာ ရောက်ဖူးတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူရာ အိန္ဒိယနိုင်ငံ၊ ကုသိနာရုံ (ကူစီနဂါး) မှာရှိတဲ့ ရုပ်ပွါးတော်ဟာ လျောင်းတော်မူပုံ ဖြစ်တယ်။ သုံးခေါက် ရောက်ဖူးတယ်။ မြတ်စွာဘုရားလျောင်းတော်မူပုံတော်တွေက နှစ်မျိုးရှိတယ်။ နှစ်မျိုးလုံးဟာ ဆေးပညာသုံး ကိုယ်အနေအထားတွေ Supine, Prone, Dorsal Recumbent, Lithotomy, Knee-chest, Sims', Trendelenburg, Modified Trendelenburg, Sitting, Fowler's ထဲမှာ မပါဘူး။ တမြန်နှစ်က ဒီရက်မှာ ဝါရှင်တန်ဒီစီကို အလည်ရောက်တယ်။ ကိုဇော်ဝင်းနဲ့ မစုမွန်တို့အိမ်မှာ ခေတ္တခဏ နားကြတယ်။ သူတို့နဲ့ လူချင်းတခါမှမဆုံးဖူးသေးပေမယ့် အလွန်ကိုဖေါ်ရွေကြတယ်။ ကျွန်တော့်မှာ ရေဒီယိုတွေကျေးဇူးက များတယ်။ DVB TV ပေါ်စမှာ ကျွန်တော်ကို မြင်ရတယ်လို့ ပြည်တွင်းနေအမျိုးတွေက ပြန်ပြောကြတယ်။ တချိန်ကပေါ့။ မစုမွန်ကနေ လျောင်းတော်မူရုပ်ပွါးကို လက်ဆောင်ပေးလိုက်တယ်။ အားနာ

End of an Era ဆုတောင်းရင်ပြည့်တယ်

Image
မနှစ်က ဒီနေ့မှာ ဖတ်ရတယ်။ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အစိုးရအဖွဲ့ရုံးများ လိုက်လံစစ်ဆေးစဉ် ဝန်ထမ်းများက အဘဟုခေါ်ဆိုသည့်အပေါ် သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။ (ဧရာဝတီ) ကျွန်တော်ဆီ မေးလာ-ရေးလာသူတွေက အဘကို ဗုံးပေါလအောသုံးနေကြလို့ အဘတို့ခေတ်ကျဆုံးပါစေလို့ ခဏခဏ (ခဏခဏ) ရေးနေခဲ့ရတယ်။ တနှစ်အကြာမှာတော့ နည်းလာပါတယ်။ အဘအခေါ်ခံချင်သူတွေလည်း ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်ပြီထင်ပါရဲ့။ အကို၊ ဦးလေး၊ အဘ၊ ဘဘလို့အခေါ်ခံရတာနဲ့ စာရေးတဲ့သူကနေ သား၊ သမီးလို့ရေးတာတွေဟာ နားလည်ဘို့ရာ အခက်အခဲတွေဖြစ်စေတယ်။ ရေးတဲ့သူလား၊ သူ့သားလား၊ ရေးတဲ့သူလား၊ သူ့သမီးလား၊ သမီးရဲ့သမီးလို့ရေးရင် သူ့မြေးမလေးလား စဉ်းစားရတယ်။ သားကောင်မလေးဆိုရင် သူ့ချွေးမလား။ သမီးကောင်လေးဆိုတာ သူ့သားမက်လား။ ကိုယ့်နာမည်ကို အဖျားဆွတ်ရေးတာလည်း နားလည်ရခက်တယ်။ ကိုယ့်အမျိုးတွေ၊ ရင်းနှီးသူတွေအချင်းချင်း ကြိုက်သလိုခေါ်ကြတာ ဘာမှပြောစရာမရှိပါ။ ကျွန်တော့်ဆီရေးရင်တော့ အဘလို့လည်း မခေါ်ကြနဲ့။ ကိုယ်တိုင်လည်း အဘလိုလည်းမလုပ်ကြနဲ့။ အဘခေတ် ကျဆုံးပါစေ။ တောင်သူတွေကို ဦးကြီးလို့ မြှောက်ပင့်ခေါ်ခဲ့တဲ့ ခေတ်လည်းကျဆုံးခဲ့ပြီးပါပြီ။ ဒေါက်တာတင့်ဆွေ ၃၁

Risks of an X-ray and Diagnostic ultrasound အာလ်ထွာဆောင်းနဲ့ ဓါတ်မှန်အန္တရာယ်

Image
Risks of an X-ray and Diagnostic ultrasound အာလ်ထွာဆောင်းနဲ့ ဓါတ်မှန်အန္တရာယ် ၁။ ကျမတူမလေးတယောက် အသက်က ၂၃ နှစ်ရှိပြီ။့ မှာဘဲနေပါတယ်။ သူက အိမ်ထောင်ကျတာ နောက်လဆို တနှစ်ပြည့်ပါပြီ။ သူတို့နှစ်ယောက်က တားဆေးတွေတော့ မသောက်ကြဘူးလို့ သိရပါတယ်။ ခုဒီလမှ ကိုယ်ဝန်ရှိပြီလို့ မနေ့က သွေးနဲ့ဆီး နှစ်မျိုးလုံး စစ်ကြည့်တော့   သေချာသိသွားတယ်။ ဒါပေမဲ့ သူတို့ နှစ်ယောက်က တခုစိုးရိမ်နေကြတယ်။ သူမက ကိုယ်ဝန်ရှိတယ်ဆိုတာ မသိလို့ အရင်တပတ်က မတ်လ ၂၃ ရက်လောက်မှာ ကျန်းမာရေးစစ်ဆေးဖို့ဆိုပြီး ဓါတ်မှန်ရိုက်လိုက်တယ်။ အဲဒီနောက်ပိုင်းမှုာ သူမရဲ့ ဗိုက်အောက်ပိုင်းနာတာ ၃၊ ၄ ရက်ရှိလာလို့ မနေ့ကမှ ဆရာဝန်ဆီသွားပြမှ ကိုယ်ဝန်ရှိကြောင်းသိကြတယ်။ သူတို့ လင်မယားနှစ်ယောက်လုံးက ဒီလို ကိုယ်ဝန်စကပ်တဲ့အချိန်  ဓါတ်မှန်ရိုက်လိုက်လို့ သန္ဓသားက တစုံတခု ဖြစ်သွားနိုင်မလားဆိုပြီး စိုးရိမ်နေကြတယ်။ ဒါကြောင့်  ဓါတ်မှန်ရိုက်လို့ အန္တရယ် ရှိမရှိ သိချင်ပါတယ်ဒေါက်တာ။ ၂။ ဆရာ့ဆောင်းပါးတွေထဲဖတ်ရတာ ကိုယ်ဝန်ဆောင်ချိန် x- rays ဓာတ်ရောင်ခြည် မရိုက်သင့်ဘူး 2D ultrasound တို့ 3D 4D ရိုက်တာကိုတော့ ခုချိန်ထိ ဆိုးကျိုးကြီ

Goodwill စိတ်ထား

Image
ဘုရားစင်မှာ ဆွမ်းတော်တင်တဲ့ပုံထဲမှာ အဖုံးပါတာ၊ အခွံသင်မထားတာတွေ့ရင် ပြောချင်သူတွေရှိတယ်။ ဘုရားဆွမ်းတော်ကပ်လိုက်သူမှာ ကောင်းစိတ်က သက်ရောက်မှုရှိမယ်။ သူများကောင်းမှုပြုတာကို မြင်သိရသူမှာပါ သက်ရောက်မှုရှိမယ်။ သာဓုခေါ်ခြင်း၊ ပြစ်တင်စိတ်နဲ့ ဒွိဟသံသယစိတ်တမျိုးမျိုး ဖြစ်နိုင်တယ်။ သံသယစိတ်ကနေ စူးစမ်းမှုပြုချင်ပြုလိမ့်မယ်။ အကျိုးရှိလာနိုင်တယ်။ မိမိမြင်သိယူဆထားတာသည်သာလျှင် အဆုံးစွန် မှန်နေပြီ၊ ထပ်သိဖို့မလိုတော့ပြီလို့ ယူဆသူတွေဟာ မပြည့်သေးတဲ့ခွက်ထဲ ထပ်မဖြည့်တော့ပဲ ကိုယ့်လက်နဲ့ဖုံးထာသလို ဖြစ်တယ်။ အာဖကန်နစ်စတန်မှာ (၆) ရာစုကတည်းကတည်ထားကိုးကွယ်ခဲ့တဲ့ ပေ ၈၂ဝဝ အမြင့်ရှိတဲ့ ဘာမီယန် ဗုဒ္ဓရုပ်တုတော်ကို တာလီဘန်တွေကနေ ၂ဝဝ၁ ခုနှစ်မတ်လမှ ဒိုင်းနမိုင်းနဲ့ ဖြိုခွဲခဲ့တယ်။ ဥဒ္ဒိဿစေတီရဲ့သက်ရောက်မှုကို ပြတာဖြစ်တယ်။ စေတီပုထိုးတွေကို ရွှေချထားထား၊ ထုံးသင်္ကန်းကပ်ထားထား၊ မြတ်စွာဘုရားကို ရည်မှန်းထားတာသာဖြစ်တယ်။ စေတီ၊ ဆင်းတုတော်၊ ဆွမ်းပန်းမှန်သမျှ အတူတူသာဖြစ်တယ်။ ကောင်းစိတ်နဲ့ ပြုထားတာသာဖြစ်တယ်။ လူတွေမှာ မတူခြားနားလှတဲ့ အသိ-အမြင်-အလုပ်တွေ ရောထွေးနေတယ်။ အသိကနေ အရာရာကိုဦးဆောင်တယ်။ အသိကိုတိုးစေဖို့ရာ မပြည့်သေးတဲ့ခွက်ကို ပိ

Lost and Found မြန်မာစာလုံးမှားများ ကောက်ရထား

ဆရာမောင်သာနိုးရေးထားတဲ့ စာတပုဒ်ကို စောစောက ကိုးကားခဲ့ပါတယ်။ မိန်းမပျိုကလေးရဲ့ကိုယ်လုံးလေးကို ရာဂုမ္မတ္တကြီးတဦးက ပွေ့ချီသွားတာကို မြင်လိုက်ရတော့တယ်။ တစ်ဦးကို တဦးလို့ပြင်လိုပါကြောင်း ကန်တော့ပါဆရာလို့ ရေးခဲ့တယ်။ ပို့စ်တင်ပြီးမှ ဆရာမောင်သာနိုးစာမူရင်းကို တွေ့ပါတယ်။ တဦးလို့သာရေးထားတာကို ပေ့ခ်ျတင်သူကသာ တစ်ဦးလုပ်ထားတာဖြစ်နေတယ်။ ဆရာမောင်သာနိုးရေးတဲ့ မြန်မာစာ ဆင်းရဲကြပုံများထဲကနေ ထုတ်နှုတ်တင်ပြပါရစေ။ ၁။ နန်းတော်ရှေ့ဆရာတင်ရဲ့ လက်ရေတပြင်တည်းကို လက်ရေတပြင်စီးရယ်လို့ လုပ်တယ်။ လက်ရည်တပြင်တည်းဆိုတာ တစိတ်တည်း တ၀မ်းတည်းလို့ ဆိုလိုတာဖြစ်တယ်။ ၂။ မင်းဂံဘုတ်သီချင်းထဲမှာ ရှန်တဘက်မဟုတ်ပါ။ ရှာတဘက်ပါ။ အဲဒီခေတ်ကို ကောင်းကောင်းမီလိုက်သူ လူထု ဒေါ်အမာက ရှင်းပြပေမယ့် ခုထက်ထိ ဒီသီချင်းဆိုသူတိုင်းက ရှန်တဘက်နေတုန်းပဲ။ ၃။ မြို့မငြိမ်းရဲ့ ပျို့မှာတမ်းသီချင်း မောင့်အပူပွေသူ ကို မောင့်အပေါ် ဗွေမယူပေါင်ရှင်လို့ မှားဆိုတယ်။ ၄။ ဆရာငြိမ်းရဲ့ မပြီးသေးသော ပန်းချီကားသီချင်းမှာ ချစ်သူဟာလဲ မလှမ်းမကမ်းမှာ ရောက်နှင့်တဲ့ကာမြင်ကို မလှမ်းမကမ်းမှာ ရောက်နှင့်ခဲ့တာမြင်လို့ မှားဆိုတယ်။ ၅။ သွေးကာချီ ဖူးပွင့်ငုံဝေစီလို့ လှလှပပလေး ဖ

Horseshoe Kidney မြင်းခွါပုံကျောက်ကပ် နှင့် အယူအဆလွဲများ

Image
ဆရာရှင့် မင်္ဂလာပါ သမီးကတော့ မြင်းခွာကျောက်ကပ်ပိုင်ရှင်ပါ 16 March နေ့က ဆေးသောက်။ စက်နဲ့ဆေးသွင်းပြီး CT Scan  အရိုက်ခံတော့မှ သိရတာပါ အဲ့ ဒီ မတိုင်ခင်က ဝမ်းဗိုက်ထဲမှာ နာနည်း ပေါင်းစုံနဲ့ ဝေဒနာ တစ်လနီးပါး ခံစားခဲ့ရပါတဟ် DR က CT result ကြည့်ပြီး ဆီးလမ်းကြောင်းထဲ ပိုက်ထည့်ပြီး စောင့်ကြည့်ရမယ်ပြောပါတယ် အဆင်ပြေရင် ပိုက်ပြန်ထုတ်မယ်။ အဆင်မပြေရင် ခွဲစိတ် Operation လုပ်ရမယ်တဲ့။ ကံကောင်းထောက်မစွာ ဆေးရုံတက်စေတဲ့ Dr က နိုင်ငံခြားတပတ်သွားရမယ်ဆိုလို့ အခြား Dr ဆီ ပြောင်းပြခဲ့ပါတယ်။ နောက်ဆုံး DR က သေချာ စမ်းသပ်ပြီး 5 ရက်စာ သောက်ဆေး ပေးပါတယ်။ ပြီးရင် ပြန်လာပြဖို့ ရက်ချိန်းပေးပါတယ်။ အခု တလစာ ရက်ချိန်း ပေးထားပါတယ်ရှင့် Clofen plus & MOM ကို နာမှသောက်ပါတဲ့ Maxgalin  50 mg ကို ညတိုင်း သောက်ရပါတယ် စစ ဦးဆုံး ဝေဒနာက ဗိုက်ထဲ တစ်ခုခု ခုနေသလို ခံစားရတာပါ။ ထိုင်ရင် ခုတာလေးကို လက်နဲ့ ပွတ်ရင်းထိုင်ရပါတယ် သားအိမ်ကျတာထင်လို့ ဗိုက်ကို အနှိပ်ခံပါတယ်။ မသက်သာတော့ OG နဲ့ပြပါတယ်။ သက်တန့်ထင်လို့ သူတပါး အောက်လမ်း လုပ်မလုပ်။ သက်တန့် ဟုတ်မဟုတ် စစ်ပါတယ်။ အထက်လမ်းဆရာက အဲ့နားမှာ အူရှိတယ်ဆိုလို့ အစာအိမ်နဲ့အူလမ်းကြောင်း Dr ကြို

Date Rape Drugs Protection အဓမ္မကျင့်ရာသုံးတဲ့ဆေးတွေဘေးက ဝေးရအောင်

Image
သင်္ကြန်အတွက်စာ။ ဒီစာမှာ တိုတိုသာရေးပါမယ်။ အဓမ္မကျင့်ရာသုံးတဲ့ဆေး သုံးမျိုးရှိတယ်။ အရက်တော့ လူတိုင်းသိလို့ ချန်ထားမယ်။ နေ့တိုင်း သင်္ကြန်လို ပျော်ချင်သူတွေကများတယ်။ သင်္ကြန်အပြီး မေးလာကြတော့မယ့် မေးခွန်းတွေကိုလည်း ကြိုသိနေတယ်။ ၁။ Rohypnol (flunitrazepam) ရိုဇီနောလ် ၂။ GHB (gamma hydroxybutyric acid) ဂျီအိတ်ခ်ျဘီ ၃။ Ketamine ကက်တမင်း (မေ့ဆေး) ဘယ်လိုကာကွယ်မလဲ ၁။ သူများတိုက်တာမှန်သမျှ ဘာမှ မသောက်ပါနဲ့။ ၂။ သောက်စရာ ပုလင်း၊ ဗူးကို ကိုယ်တိုင်သာဖွင့်ပါ။ ၃။ သောက်စရာ၊ စားစရာတိုင်းကို ကိုယ့်အနီးအနားမှသာထားပါ။ ရေအိမ်သွားပြီးအပြန် ကျန်တာကို မစား မသောက်တော့ပါနှင့်။ ၄။ သောက်စရာမှန်သမျှ မျှဝေမသောက်ပါနှင့်။ ၅။ အများစုပေါင်းပြီး ကိုယ့်ခွင်နဲ့ခပ်ယူသောက်ရတာကို မသောက်ပါနှင့်။ ဆေးခပ်ထားပြီး ဖြစ်နိုင်တယ်။ ၆။ တယောက်ယောက်ကနေ ကိုယ့်အတွက် ဆိုင်ကနေမှာပေးမယ်ဆိုရင် မျက်မြင်မှာသာ မှာတာ၊ ဖေါက်တာ၊ ထည့်တာဖြစ်ပါစေ။ မှာပေးသူနဲ့ ဆိုင်ရှင်တို့ အပေးအယူ အချိတ်အဆက်ရှိထားနိုင်တာလည်း သတိပြုပါ။ ၇။ ထူးခြားတဲ့ အနံ့၊ အရသာပါတဲ့သောက်စရာကို မသောက်သုံးပါနဲ့။ GHB ဆေးက နည်းနည်းငန်တယ်။ ၈။ မသောက်တတ်တဲ့အဖေါ်တယောက်နဲ့သာ သွာ

Group Pages အုပ်စုစာမျက်နှာများသို့

Image
၁။ ဆရာ မင်္ဂလာပါရှင့် ကျမသမီးလေးက အခု ၁၀ လထဲမှာပါ။ အခုရက်ပိုင်း (ကန်တော့ပါ) ရှုးသိပ်မပေါက်ဘူး ဖြစ်နေတယ်။ ဒီနေ့ဆို ညနေ ၃:၀၀ လောက်ကမပေါက်တာ အခု ည ၁၂:၀၀ရှိပြီမပေါက်သေးပါဘူး။ ညနေက နို့ဗူး 120m စို့ပါတယ်။ ကျမရုံးကပြန်ရောက်တော့ ချိုစို့ပြီးအိပ်တာ ခုထိရှုးမပေါက်သေးပါဘူး။ တခြား ကလေးနဲ့ပါတ်သက်တဲ့ group page တွေမှာ အရည်အစာလမ်းကြောင်းမှားနိုင်တာတို့ ရေးထားတာမျိးလဲတွေ့လို့ပါရှင်။ ဆီးနည်းတာ ရေတိုက်နည်းတာကို အရင်စဉ်းစားရမယ်။ ရာသီဥတုအရ ရေပိုလိုမယ်။ ဆီးလမ်းနဲ့ အစာလမ်း ဆက်စပ်မှုမရှိ။ အုပ်စုစာမျက်နှာမှာ အရပ်ပြောတွေဆိုရင် အကျိုးမရှိ။ အကျိုးနည်းစေမယ်။ ၂။ ဆရာရေ ကလေးကို အားဆေးတိုက်တာနဲ့ပတ်သက်ပြီးမေးချင်လို့ပါ။ မေမေတွေ group ကနေပြီး သူများကလေးတွေ တိုက်ကြတယ်ဆိုလို့ ဝယ်တိုက်ပါတယ်ဆရာ။ children DHA ပါ။ အဲ့တာလေးပါဆရာ။ သားသားက တခြားဆေး အကုန်သောက်ပြီး အဲ့တမျိုးမှ မသောက်ဖူးဖြစ်နေလို့ပါ။ သူ့ရဲ့ကောင်းကျိုး ဆိုးကျိုးနဲ့ ဆက်တိုက်သင့်မတိုက်သင့် သိချင်လို့ပါဆရာ။ သားရဲ့အပြုအမူတွေက ရံဖန်ရံခါထူးဆန်းတော့ autism ဖြစ်မှာ စိုးရိမ်လို့ပါဆရာ။ အော်တဇင်ဆိုတာ ဖွံ့ဖြိုးမှုရောဂါတခုပါ။ ဘာလို့ဖြစ်သလဲ မသိရသေးပါ။ ဘယ်လိုပျောက်စေမလဲ မသိသေး

DHA မေးကြတဲ့ဆေး

Image
၁။ ဆရာရေ ကလေးကို အားဆေးတိုက်တာနဲ့ပတ်သက်ပြီးမေးချင်လို့ပါ။ မေမေတွေ group ကနေပြီး သူများကလေးတွေ တိုက်ကြတယ်ဆိုလို့ ဝယ်တိုက်ပါတယ်ဆရာ။ children DHA ပါ။ အဲ့တာလေးပါဆရာ။ သားသားက တခြားဆေး အကုန်သောက်ပြီး အဲ့တမျိုးမှ မသောက်ဖူးဖြစ်နေလို့ပါ။ သူ့ရဲ့ကောင်းကျိုး ဆိုးကျိုးနဲ့ ဆက်တိုက်သင့်မတိုက်သင့် သိချင်လို့ပါဆရာ။ သားရဲ့အပြုအမူတွေက ရံဖန်ရံခါထူးဆန်းတော့ autism ဖြစ်မှာ စိုးရိမ်လို့ပါဆရာ။ ၂။ ဆရာရှင့် သားသားက ၄ လပါ။ အသိတစ်ယောက်က baby DHA က ဦးနှောက်အာရုံကြော မျက်စိ ကောင်းတယ် ပြောပါတယ်။ အားဆေးက kiddy drop တိုက်ပါတယ်။ သိချင်တာက ဒီဆေး၂မျိုး တွဲတိုက်လို့ရပါသလား baby DHAက ဆရာဝန်မညွှန်ကြားဘဲ တိုက်လို့ရပါသလားရှင့်။ ၃။ ဆရာရှင့် ဆရာရေးထားတဲ့ ကိုယ်ဝန်ဆောင်နဲ့ အားဆေးစာလေးဖတ်ပြီး မေးချင်လို့ပါရှင့်။ တချို့ကိုယ်ဝန်ဆောင် အားဆေးတွေမှာ DHA ဆိုပြီးပါတာတွေ့လို့ပါ။ ပြီးတော့ အခုတလော ကြားမိတာက ကလေးတွေ သောက်တဲ့အားဆေးမှာ DHA ပါရင် ဉာဏ်ကောင်းတယ်ပြောကြတော့ ကိုယ်ဝန်ဆောင် မိခင်တွေရော အဲလိုပါတာ သောက်သင့်မသင့် သိချင်လို့ပါရှင့်။ ဗိုက်ထဲက ကလေးအတွက်ပါ။ ကျေးဇူးတင်ပါတယ်ဆရာ။ ကလေးတွေ ၆ လအထိ ရေတောင်တိုက်စရာမလိုပါ။ အားဆေးမလိုပါ။ အာဟာရ

The Grand Dinner ဂရင်းဒင်နာ

Image
သဘာဝဖြစ်စဉ်အရ နေ့အကူးမှာ နေမထွက်ခင် ညအမှောင်ကာလကိုဖြတ်သန်းရတယ်။ အုပ်ချုပ်ရေးတခုကနေ နောက်အသစ်တခုကို ကူးချိန်မှာ ညစာစားပွဲကြီးရှိခဲ့တာ မြန်မာနိုင်ငံမှာပါ။ မနှစ်က။ ခရစ်ယန်ဘာသာမှာ The Last Supper လို့ခေါ်တဲ့ အလွန်နာမည်ကြီးတဲ့ပန်းချီကားကြီးတခုရှိပါတယ်။ ၁၄၉၅ ခုနှစ် ကတည်းက အီတလီလူမျိုး ပန်းချီဆရာ (လီယိုနာဒို ဒါဗင်ချိ) ကရေးဆွဲခဲ့တာပါ။ ကမ္ဘာမှာ ကနေ့ထိ နာမည်အကြီးဆုံး အနုပညာလက်ရာတခုလည်း ဖြစ်ပါတယ်။ အီတလီနိုင်ငံ၊ မီလန်မြို့မှာထားရှိပါတယ်။ ပန်းချီကားဆွဲတာ ၁၄၉၈ အထိ စုစုပေါင်း (၃) နှစ်ကြာပါတယ်။ ခရစ်တော် ယေရှု (ဂျီးဆပ်စ်) ဂျေရုဆလင်မ်မြို့မှာ စားသုံးခဲ့တဲ့ နောက်ဆုံးညစာ (ညလယ်စာ) ကို သရုပ်ဖေါ်ထားတာ ဖြစ်ပါတယ်။ (လီယိုနာဒို ဒါဗင်ချိ) ရဲ့လက်ရာလိုပဲ ကနေ့ နေပြည်တော်က ညစာစားပွဲဟာလည်း နှစ်ပရိစ္ဆေဒရှည်ကြာအောင် မြန်မာပြည်သူတွေက အမှတ်ရနေကြမယ်လို့ ထင်ပါတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၃-၂ဝ၁၆ ၃ဝ-၃-၂ဝ၁၇

Life အသက်ရှိပြီဆိုတာ ဘယ်တော့စသလဲ

Image
(မေးခွန်းတွေကို မထည့်တော့ပါ) အသက် ဘယ်တော့စသလဲ။ ဖီလော်ဆော်ဖီလို တွေးတာတွေ၊ ကဗျာဆရာတွေ ရေးတာတွေ အမျိုးမျိုးရှိတယ်။ ဆရာဝန်တွေက အဲလို ဟိုတွေးသည်တွေး မပြောရပါ။ ဆရာဝန်တွေမှာလည်း အသက်လို့ဘယ်တော့သတ်မှတ်သလဲ အပြင်းပွါးတာတော့ရှိတယ်။ ဒါပေမဲ့ ဘယ်ပညာရှင်ကမှ သုက်ပိုးတခုထဲကို အသက်တခုလို့ မယူဆပါ။ အသက်ကို ဖျက်ဆီးတယ်၊ သေစေတယ်ဆိုတာမှာတော့ ငြင်းကြတယ်။ အများဆုံးလက်ခံထားကတော့ သုက်ပိုးနဲ့ မိန်းမမျိုးဥတို့  (တွေ့ဆုံ + ပေါင်းစပ် + ဆဲလ်တွေပွါးများ)၊ ဒိနောက်မှာ သားအိမ်ပြွန်ကနေ သားအိမ်ထဲကို ဆင်းလာ၊ နောက်ဆုံး သားအိမ်အတွင်းနံရံမှာလာပြီး တွယ်ကပ်၊ မြုတ်ဝင်ချိန် ရောက်မှသာ သန္ဓေသားလို့ ခေါ်တယ်။ ဒီအဆင့် ရောက်ဘို့ရာ အတူနေပြီးနောက် အနည်းဆုံး (၆) ရက်ကြာမယ်။ ဒါတောင်မှ နှလုံးခုန်တာကို မသိနိုင်သေးပါ။ ကိုယ်ဝန် ၉-၁ဝ ပါတ်မတိုင်ခင်အထိ စက်နဲ့တောင် နားထောင်မရသေးပါ။ မ-မျိုးဥကိုလဲ အတူတူယူဆနိုင်တယ်။ မ-မျိုးဥက လှုပ်ရှားမှုမရှိပါ။ သုက်ပိုးကသာ လှုပ်ရှား-ကူးခတ်နိုင်တယ်။ သုက်ပိုးရော မျိုးဥပါ အချင်းချင်းမတွေ့ကြရင် အလိုလိုပျက်စီးကြတယ်။ ပယောဂမပါဘဲ ပျက်စီးတာဖြစ်တယ်။ သိတဲ့အတိုင်း အရာရာဟာ စက္ကန့် (စက္ကန့်ထက် တိုချင်တိုမယ်) မှာ ဖြစ်-ကြီး-ပျက် ဖြစ

Clinical Evidence ဆေးကုသနည်းတွေရဲ့ ထိရောက်မှု

Image
Randomized Controlled Trial (RCT) ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှုပြုလို့ ထွက်လာတဲ့ ရလဒ်များ ၁။ Influenza တုပ်ကွေး Likely to be beneficial အကျိုးရှိနိုင်တဲ့ ဆေးတွေ၊ • Oral Amantadine for early treatment of Influenza A in adults • Oral Rimantadine for early treatment of Influenza A in adults • Oral inhaled Zanamirvir for early treatment of Influenza A and B in adults • Oral Oseltamivir for early treatment of Influenza A and B in adults ၂။ Chickenpox ရေကြောက်ရောဂါ Randomized Controlled Trial (RCT) ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှုပြုလို့ ထွက်လာတဲ့ ရလဒ်များ Beneficial အကျိုးရှိသည့်ဆေးများ • High dose of Aciclovir (>3200 mg/day) in people with HIV infection • Live attenuated vaccine in healthy children Likely to be beneficial အကျိုးရှိနိုင်လောက်တဲ့ ဆေးများ၊ • Zoster Immune Globulin (ZIG) in healthy children Unknown effectiveness ထိရောက်မှု မသေချာသည့်ဆေးများ • Aciclovir in people with immunocompromize other than HIV • Live attenuated vaccine

Clinical examination လူနာအား မေးမြန်း စစ်ဆေးခြင်း

Image
(ယမုန်နာဆေးခန်းအတွက် သင်ခန်းစာသာဖြစ်သည်၊) History taking ရောဂါအကြောင်း မေးမြန်းခြင်း လူနာ၏ရောဂါအကြောင်းကို သေသေခြာခြာ၊ တိတိကျကျစိတ်ရှည်လက်ရှည် မေးမြန်းရမည်။ Complaints (C/o) or Chief complaints (C/C) လူနာကပြောသော တိုင်တန်းချက်များကို မေးမြန်းမှတ်သားရသည်။ ဘယ့်ကြောင့် ဆေးခန်းသို့ လာရသနည်း။ ၎င်းတို့မှာ Symptoms ရောဂါလက္ခဏာများဖြစ်သည်။ ပြောပြချက်ရှိသမျှ (၁)၊ (၂)၊ (၃)၊ ရေးမှတ်ပါ။ Complaints တခုတိုင်းသည် Duration မည်မျှကြာသည်ကို မေးပါ။ လူနာပြောသည့်စကားအတိုင်း ရေးမှတ်ပါ။ မေးသင့်သောမေးခွန်းများ မေးရမည်။ ဥပမာ မည်သည့်အချိန်မျိုး၌ ရောဂါကိုခံစားရသည်။ မည်မျှဆိုးသည်။ မည်သည့် နေရာ၌ အတိအကျကျဖြစ်သည်။ မည်သည့်အရပ်မျက်နှာသို့ ကူးသွားသည်။ မည်သည့်အချိန်၌ ပိုဆိုးသည်။ မည်သို့ နေလျင်၊ သက်သာသည်။ အမျိုးသမီးဖြစ်ပါက လစဉ်ရာသီအကြောင်း၊ သွေးဆုံးခြင်း၊ အိမ်ထောင်ရှိ-မရှိ၊ မွေးလမ်းမှ တမျိုးမျိုးဆင်းခြင်း။ Family history မိသားစု ကျန်းမာရေးရာဇဝင်။ မိသားစုအတွင်း ဆီးချို၊ သွေးတိုး၊ ပန်းနာစသည့် ရောဂါရှိသလား။ ပတ်ဝန်းကျင် ကျန်းမာရေးအခြေအနေ။ ဥပမာ (တီဘီ) ရောဂါရှိသူနှင့် တအိမ်တည်း နေဘူးသလား။ အလုပ် အကိုင် အမျိုးအစား၊ Past Medic

Blood Thinners သွေးကျဲဆေးများ

Image
မေးခွန်းတခုကို လက်ရေးနဲ့ရေးပြီး ဓါတ်ပုံရိုက်ပို့ပါတယ်။ နှလုံးအဆို့ရှင်အစားထိုးခွဲစိတ်ထားရသူ အမျိုးသမီးတယောက်က ရောဂါ၊ ဆေးဝါးနဲ့ အစားအသောက်တွေကိုမေးတယ်။ သူစားချင်တဲ့ အသီးအရွက်တွေရဲ့ အင်္ဂလိပ်လို အခေါ်တွေကိုလည်း မေးပါသေးတယ်။ ရဲယို = Morinda angustifolita ကန်စွန်း = Water Convolvulus မြင်းခွာရွက် = Asiatic Pennywort ခွေးတောက် = ရုက္ခဗေဒလို Dregea volubilis ခေါ်တယ်။ အင်္ဂလိပ်လို Green wax flower ခေါ်တယ်။ သွေးကျဲစေဘို့ ဆရာဝန်တွေပေးတဲ့ဆေးသာအားကိုးပါ။ တိုင်းရင်းဆေး၊ အစာအာဟာရတွေမှာ ဆေးသုတေသန မပြည့်စုံပါ။ သိထားပြီးဖြစ်တဲ့ အစားအသောက်စာရင်းကိုတော့ ရေးပါမယ်။ (က) သွေးကျဲစေတဲ့အစာများ Ginge ဂျင်း (ချင်း)၊ Peppermint ပင်စိမ်း Thyme စမုန်ဖြူ Cinnamon သစ်ကြံပိုးခေါက်၊ Dill စမြိတ်၊ Oregano တောရှုံးပင်၊ Turmeric နနွင်း၊ Cayenne pepper ငရုတ်တမျိုး၊ Grapes စပျစ်သီး၊ Raisins စပျစ်သီးခြောက်၊ Prunes ဆီးသီးခြောက်။ Cherries ချယ်ရီသီး၊ Cranberries ခရမ်ဘယ်ရီသီး၊ Blueberries ဘလူးဘယ်ရီ၊ Grapes စပျစ်၊ Strawberries စထောဘယ်ရီ၊ Tangerines အခွံပွလိမ္မော်သီး၊ Orange လိမ္မော်သီး၊ (ခ) Foods That Thicken

A dinner 50 years ago စဖြူဥပါးပိ

Image
ဆန်းပြား ကြီးကျယ်မှုမပါ၊ ထည်ဝါ ခမ်းနားမှုမရှိ၊ စဖြူဥပါးပိလို့ ခေါ်ပါတယ်။ မုံရွာမှာသာရှိတယ်။ ကျွန်တော့်အဖို့မှာတော့ အမေချက်ကျွေးခဲ့တဲ့ဟင်းလျှာမို့ ကနေ့ညစာဟာ ဆယ်လေးငါးနှစ်သား ဖြစ်သွားစေလိုက်ပါတော့တယ်။ စဖြူဥပါးပိဆိုတာ ငါးအရွယ်အစားက ငါးစင်ရိုင်းလောက်။ ငါးအမျိုးအစားက အာပြဲခြောက်ငါးလို၊ အရိုးနည်းနည်းလေးကြမ်းတယ်။ အခုရောက်လာတာက အတော်လတ်တော့ ငါးအကောင်မပျက်သေးပါ။ နည်းနည်းတော့ ငန်တာပေါ့။ မောင်တင့်ဆွေ ၄-၆-၂ဝ၁၆

Drip ဒရစ်ပုလင်း

Image
ဆရာ Drip ပုလင်းတွေအကြောင်း သိချင်လို့ပါဆရာ။ ပြီးတော့ ဘယ်လိုအခြေအနေမှာ ဘယ်ဟာသုံးသင့်လဲဆရာ။ ဒရစ်လို့ခေါ်တာတွေက အမျိုးမျိုးရှိတယ်။ သွေးပြန်ကြောထဲသွင်းပေးရတာတွေကိုခေါ်တယ်။ အများဆုံးသုံးတာတွေက - ၁။ Dextrose Water = D/W ဒက်စထို့စ်သကြားဓါတ် + ရေ ၂။ Dextrose Saline = D/S ဒက်စထို့စ်သကြားဓါတ် + ဆားရည် ၃။ Normal Saline = N/S ဆား + ရေ ၄။ Ringer’s Lactate = R/L (ရင်ဂါလက်တိတ်) = ဓါတ်ဆားရည် ဘယ်လိုလူကို ဘယ်တော့သွင်းပေးရမလည်း ပြောရတာကများတယ်။ R/L (ရင်ဂါလက်တိတ်) ဓါတ်ဆားရည်ဆိုရင် ဝမ်းလျှောတာ၊ အန်တာတွေကိုသာ သွင်းရတာများတယ်။ အငန်ဓါတ်နဲ့မသင့်သူတွေကို အငန်မပါတာ၊ အချိုဓါတ်နဲ့ မသင့်သူတွေကို အချိုမပါတာကိုလည်းကြည့်ရတယ်။ တချို့မှာ ပုလင်းထဲမှာပါနေတာကို လိုလို့မဟုတ်ပဲ သွေးပြန်ကြောထဲကို လိုအပ်တိုင်းဆေးထိုးပေးနိုင်ဘို့ရာ IV line (ဒရစ်) ပုလင်းချိတ်ပေးထားရတာလည်းရှိတယ်။ ဘယ်လောက်များများဆိုတာလည်းကြည့်ရတယ်။ ကာလဝမ်းလိုဖြစ်နေသူဆိုရင် RL ပုလင်းတွေတလုံးပြီးတလုံး၊ သွေးဖိအားပြန်မတတက်မချင်း (ရေ + ဆား ပြန်မပြည့်မချင်း) အများကြီးသွင်းရတယ်။ အဲတာမျိုးက နှေးရင် အသက်ဆုံးပါးနိုင်တယ်။ တခါတလေ ဘယ်ပြန်ညာပြန်တပြိုင်တည်းသွင်းပေးရတယ

Atrial Fibrillation နှလုံးခုန်မမှန်ခြင်း

Image
မင်္ဂလာပါ ဆရာ။ ကိုယ်ဝန်ဆောင်အမျိုးသမီး (၅ လ) AF (Atrial Fibrillation) ရောဂါရှိတယ်လို့ ဆေးစစ်ချက် ထွက်လာပါတယ်ဆရာ။ အဲရောဂါက စိုးရိမ်ရပါသလား။ ကလေးရော ထိခိုက်နိုင်ပါသလား။ ကျေးဇူးတင်ပါတယ်ဆရာ။ လူ့နှလုံးဟာ ညှစ်ထုတ်ပေးနေတဲ့ ပမ့်စက်ကလေးတခုနဲ့တူတယ်။ တကိုယ်လုံးကို သွေးလှည့်ပတ်စီးဆင်းဘို့ အဆက်မပြတ်လုပ်ပေးနေတယ်။ နှလုံးမှာ အခန်းလေးခန်းရှိတယ်။ အပေါ်နှစ်ခန်းကို အေထရီရမ်လို့ခေါ်တယ်။ အဲဒီအခန်းလေးရဲ့တုန်ခါမှု မူမမှန်တာကို အေထရီရယ် ဖစ်ဘရီလေးရှင်းခေါ်တယ်။ စည်းချက်ဝါးချက်ကျကျခုန်နေတာ မဟုတ်ပါ။ ဒီရောဂါက နှလုံးအဆို့ရှင်မကောင်းတာနဲ့မဆိုင်ပါ။ အဲလိုဖြစ်နေသူသူတွေက နောက်ဆက်တွဲဖြစ်မှာကို အထူးသတိထားရတယ်။ သွေးလွှတ်ကြောထဲမှာ သွေးခဲဖြစ်လာရင် အဲတာလေးက ကွဲထွက်ရာကနေ ဦးနှောက်ထဲက သွေးလွှတ်ကြောတနေရာမှာ သွားပိတ်တာကို ဆထုပ် (သို့) ဦးနှောက်သွေးကြောမတော်တဆဖြစ်ခြင်း (သို့) လေဖြတ်ခြင်းဖြစ်နိုင်တယ်။ ဆောရီး။ အဲလိုရောဂါရသူထဲက ၁၅% ကနေ ၃ဝ% ဟာ ဒီနှလုံးခုန်မမှန်တဲ့ရောဂါအခံ ရှိနေကြတယ်။ အဲလိုလူနာတွေကို သွေးကျဲဆေး အမြဲပေးထားရတယ်။ အဲတာကြောင့် ရောဂါရှိနေတာကို သိရမယ်။ ရောဂါလက္ခဏာတွေကို သိထားရမယ်။ ဘယ်လိုကုသလဲ သိထားရမယ်။ အဖြစ်နည်းအောင်နေထိုင်ဘို့

Nonsense Society ငွေကိုမလို အချိန်သာလို

Image
အသက်နဲ့ အချက်အလက် မပြောချင်သူတွေ တနေ့မှာ (၁ဝ-၂ဝ) ယောက်လောက်ရှိတယ်။ 1. Hi မင်္ဂလာပါဆရာ ပထမ ကိုယ်ဝန်မှာကလေး အသေကိုမွေးပါတယ် နောက်တကြိမ်ကိုယ်ဝန်ဆောင်ရင် ဘာတွေဂရုစိုက်ရမလဲအကြံလေးပေးပါဆရာ အဖြေပေးပါနော် 2. ဆရာ သားတခုလောက်မေးချင်လို့  ရာသီ လာတချက်မလာတချက် ခါးစစ်ကိုက်ရင် ကလေးရနိုင်လား စိုးရိမ်စရာများ ရှိသလား 3. ရာသီလာလို့ပြန်ပြချိန် အာလ်ထွာဆောင်းပါ အိမ်ထောင်ပြုလျှင် သားသမီး  ရနိုင်ပါလားရှင် အိမ်ထောင်ပြုလျှင် ကောင်းနိုင်ပါလား ရောဂါထပ်ဆိုးနိုင်ပါလားရှင် လမ်းညွှန်ပေးပါရှင် မေးနည်းစည်းကမ်းပြန်ပို့နေရတာ တနေ့မှာ ၂ဝ-၃ဝ ယောက်ဆီကို။ အရေးထဲ ဖေ့စ်ဘွတ် (၁ဝ) နှစ်ပြည့်ဆိုတာက လာသေးတယ်။ နောင်မှာ တသက်လုံး (တသက်လုံး) ဒီလိုစာမျိုး မပို့ပါရန်။ သူများကို အလကား ဒုက္ခပေးနေတယ်။ အဲဒီစာထဲက ပိုက်ဆံ မလိုချင်ပါ။ အခုလိုစာပြန်ရေးနေရတဲ့ အချိန်ကိုသာ ပြန်ရချင်တယ်။ ဒီလိုပြန်ရေးရေးနေရတာ လူ ၃-၄ဝ လောက်ရှိပြီ။ ဒေါက်တာတင့်ဆွေ

Dirty drugs ညစ်ညမ်းဆေးတွေ

Image
အဲဒီဆေးတွေက တကယ်ရှိပါသလားဆရာ။ တရားဝင်ရော ရောင်းချခွင့်ပေးတဲ့နိုင်ငံတွေရှိပါသလား။ ရောင်းနေတဲ့ပိုစ့်တွေ တွေ့နေရလို့ပါခင်ဗျ။ ဗဟုသုတအနေနဲ့ အားလုံးသိအောင် ရှင်းပြပေးစေလိုပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်ဆရာ။ ဒီသင်္ကြန်မတိုင်ခင် သင်္ကြန်တွင်းကျ ယူကြုံးမရမဖြစ်ရအောင်စာတပုဒ်သာတင်သေးတယ်။ ရေးထားတာက များတယ်။ တင်ရမှာ လန့်နေရလို့။ အဲလိုစာတွေတင်တိုင်း သူခိုးလမ်းပြ၊ ဓါးပြလက်ထောက်ချလို့ အပြောခံရတယ်။ မေးလာတာ ၃ ယောက်ရှိလို့ တခုတော့တင်ဦးမယ်။ ပြောချင်လည်း ပြောကြပေတော့။ သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများက အရက်လို၊ ဘီယာလို၊ သောက်တာတခုခုထဲမှာ တည့်တယ်။ ညစ်ညမ်း လက်ဖက်ရည်၊ လေဒီကော်ဖီနဲ့ ညစ်ညမ်းကော်ဖီဆိုတာတွေက ရေနွေးမှာဖျော်ပြီး ရိုးရိုးကော်ဖီလို ဖျားယောင်းတိုက်တဲ့ ဆေးကော်ဖီတွေပါ။ ညစ်ညမ်းဆေးတွေကတော့ သင်္ကြန်မှာ ရေအေးနဲ့ပက်ဖြန်းပြီး အအေးသောက်ရ၊ တိုက်ရတာက ပိုလွယ်ကူပါတယ်။ လက်လှမ်းမီသလောက် (၄) မျိုးသိပါတယ်။ ရှိပါအုံးမယ်။ 1) Spanische Fliege 2) German Spanische Love 20ml drop 3) Spanische Fliege extra konzentriert Liebesstropfen 15ml 4) Die Spanische Fliege စတဲ့နာမည်တွေနဲ့ ရောင်းပါတယ်။ ဆေးအရည်ပုလင်းငယ်လေးတွေ

အမှားကိုဖျက်ပါ ကိုယ်ဝန်ကိုမဖျက်ပါနဲ့

Image
ဆရာ ကိုဝန်ဖြတ်တာ ဆေးသုံးဖြတ်လို့ရပါသလား။ ကိုယ်ဝန်လို့ ရရေးတယ်။ ဖျက်တာလို့ ရေးရတယ်။ ကို ကို (ကံအနက်) ကိုကို (အမည်) ကိုကိုးပင် ကိုရင် (သာမဏေ) ကိုလိုနီ ကိုကင်းဆေး (ကုတ်ကင်း) ကိုဓဥပဒေ ကိုရင်သာမဏေ ပင်ကိုနာမ်၊ ပင်ကိုသဘော၊ ပင်ကိုရေးဝတ္ထု၊ ပင်ကိုမူလ၊ ကိုယ် ကိုယ်ချင်းစာ ကိုယ်ချည်းသာ ကိုယ်စားလယ် (ကိုယ်စားလှည်) ကိုယ်စိတ်နှစ်ဖြာ ကိုယ်စီကိုယ်င ကိုယ်ထူကိုယ်ထ ကိုယ်ကြပ်ဝတ် ကိုယ်လုံးတည်း ကိုယ်အင်္ဂါ ကိုယ်အမူအရာ ကိုယ်တွေ့ ကိုယ်ရေးရာဇဝင် ကိုယ်နှင့်နှိုင်း မရိုင်း ကိုင်တိုင်ကိုယ်ကြပ် ကိုယ်ကျင့်တရား ကိုယ်ကျပ်အင်္ကျီ ကိုယ်ကျိုးနည်း ကိုယ်ခံဆေး ကိုယ်ချင်းစာတရား ကိုယ်ခန္ဓာ ကိုယ်စွမ်းကိုယ်စ ကိုယ်စားလှယ် ကိုယ်တုံးလုံး ကိုယ်တိုင်ကိုယ်ကျ (မိမိကိုယ်တိုင်) ကိုယ်ထင်ပြ ကိုယ်ထည် ကိုယ်ထီးကျန် ကိုယ်ထူးကိုယ်ချွန် ကိုယ်ပစ်လက်ပစ် ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်ဖိရင်ဖိ ကိုယ်ရံကြီးပင် ကိုယ်ရုံသင်္ကန်း ကိုယ်ရံတော်တပ် ကိုယ်ရည်သွေး ကိုယ်ရှိန်သတ် ကိုယ်လုံးကိုယ်ပေါက် ကိုယ်လုံးပေါ်မှန် ကိုယ်လွတ်ရုန်း ကိုယ်လုပ်မောင်းမ ကိုယ်ဝတ်သင်းပိုင် ကိုယ်ဝန်ဆောင် ကိုယ်တွေ့မျက်မြင် ကိုယ်ယောင်ပြ ကု

Lead poisoning ခဲဆိပ်သင့်ခြင်း

Image
ကလေးအမေတယောက်က မေးတယ်။ သူတို့အိမ်နားမှာ ခဲလုပ်ငန်းရှိလို့ ကလေးအတွက်စိုးရိမ်ပြီး အိမ်ပြောင်းရမလား မေးပါတယ်။ မေးခွန်းကို ပြန်ရှာမလွယ်သေးလို့ ပို့စ်အဖြစ်အရင် တင်ပါတယ်။ ခဲမိုင်းနဲ့ ခဲစက်ရုံတွေမှာအလုပ်လုပ်သူတွေနဲ့ ခဲဓါတ်ပါသုတ်ဆေးတွေကနေ ခဲဆိပ်သင့်နိုင်တယ်။ ခဲဓါတ်ပါတဲ့ ကစားစရာတွေကြောင့် အသက် (၆) နှစ်အောက်ကလေးတွေမှာ ပိုပြီးသတိထားသင့်တယ်။ ခဲဓါတ်ဟာ မြေထဲနဲ့ ရေထဲမှာလည်း ပါနေနိုင်တယ်။ ဘက်ထရီ၊ ဓါတ်ခဲ၊ ပိုက်၊ အိုးခွက်တွေမှာ ခဲပါတယ်။ တချို့ အလှအပသုံးတွေမှာလည်း ခဲဓါတ်ပါနေတယ်။ တချို့အစားအသောက်တွေထဲမှာလည်း ပါတယ်။ ကျည်ဆံမှာပါတယ်။ အိမ်အဟောင်းတွေက သုတ်ဆေးတွေကနေ ခဲဆိပ်သင့်နိုင်တယ်။ တချို့ဘယဆေးတွေထဲမှာ ခဲဓါတ်ပါတယ်။ သတ်မှတ်ချက်ထက်ကျော်နေရင် ကျန်းမာရေးအန္တရာယ်ရှိတယ်။ ၂ဝ၁၇ ခုနှစ် ဖေဖေါ်ဝါရီလထဲမှာ နယူးယောက်မြို့ ဆေးရုံတရုံမှာ မြန်မာပြည်က အလှကုန်တွေထဲမှာ ခဲဓါတ်က ခွင့်ပြုချက်ထက် ကျော်လွန်နေလို့ သတိပေးချက်ထုတ်ထားတာ တွေ့ရပါတယ်။ ဘာသာပြန်ရရင် ဤကုန်ပစ္စည်းများထဲတွင် ခဲဓါတ်ပါဝင်မှု မြင့်မား။ ပါးစပ်ထဲဝင်ပါက အန္တရာယ်ရှိ။ ကိုယ်ဝန်ဆောင်များ ကလေးများ မသုံးစွဲသင့်။ ဤကုန်ပစ္စည်းများအား မျိုချမိပါက အန္တရာယ်ရှိသည်။ အဲဒီသတင်းကို က

တမြန်နှစ်က

Image
ဒီရက်မှာ ဝါရှင်တန် ဒီစီနဲ့ မေရီလင်းကိုရောက်ပါတယ်။ ပြည်တွင်းကလာကြတဲ့ လက်ပတောင်းမှာ မီးလောင်ဗုံးဒဏ်ခံရသူ ညီအကိုတဝမ်းကွဲတော်တဲ့ ဘုန်းကြီးနဲ့ ရှေ့နေကြီးဦးအောင်သိန်းတို့နဲ့ တွေ့ရတယ်။ ဗွီအိုအေနဲ့ အာရ်အက်ဖ်အေက မြန်မာတတွေနဲ့လည်းတွေ့ရတယ်။ လုပ်ဖေါ်ကိုင်ဖက် ဒေါက်တာစိန်ဝင်းနဲ့ ဦးဘိုလှတင့်တို့နဲ့လည်းတွေ့တယ်။ တည်းခိုစရာ၊ သွားစရာလာစရာ၊ စားစရာ အစစ ကျေးဇူးပြုလိုက်ကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၃-၂ဝ၁၅ ၂၈-၃-၂ဝ၁၇

Viagra ဗိုင်ယာဂရာနှင့် အားကစား

Image
ဒီတပတ် ဥရောပဘောလုံးပွဲစဉ်တွေ နားထားတယ်။ နိုင်ငံတကာပွဲစဉ်တွေရှိလို့ပါ။ တောင်အမေရိကအသင်းတွေ ကစားတာ တချို့ပွဲတွေတော့ ကြည့်ဖြစ်တယ်။ အခု အာဂျင်တီးနားအသင်း ဘိုလီဗီးယား သွားကစားရမယ်။ လာပတ်စ် ကစားကွင်းက ကမ္ဘာမှာအမြင့်ဆုံးဖြစ်လို့ အားကစားသမားတွေအတွက်ခက်မယ်။ ပေပေါင်း ၁၁၉၄၂ မြင့်တယ်။ အဲတာကြောင့် အာဂျင်တီးနား ဘောလုံးသမားတွေကို ဆေးပေးမယ်ဆိုတဲ့သတင်း အခုပဲထွက်လာတယ်။ ဆေးက ဗိုင်ယာဂရာခေါ်တယ်။ တချို့လည်း သိကြပါမယ်။ ပန်းသေပန်းညှိုးအတွက်းပေးတဲ့ဆေးဖြစ်ပါတယ်။ ဆေးအမည်ရင်းက Sildenafil ဖြစ်တယ်။ ဈေးချိုတဲ့ဆေးကို နာမည်အမျိုးမျိုးနဲ့ရောင်းကြတယ်။ မူရင်း ဖိုက်ဇာ ဆေးကုမ္ပဏီကသာ ဗိုင်ယာဂရာ အမည်သုံးခွင့်ရှိတယ်။ ဒီဆေးက သွေးတိုးလည်းကျစေတယ်။ အဆုပ်ထဲကသွေးကြောတွေ ကျယ်စေလို့ ကိုယ်လက် လှုပ်ရှားတာမှာလည်း ပိုပြီးစွမ်းဆောင်နိုင်စေတယ်။ အမြင့်ဒေသမှာ အောက်စီဂျင်နည်းတယ်။ ဗိုင်ယာဂရာက အဲတာကို ပိုကောင်းစေမယ်။ အဲဒီဆေးနဲ့အတူ ပါရာစီတမောနဲ့ ကေဖင်းလည်း တွဲပေးမယ်။ ကေဖင်းကနေ သွေးပိုလွှတ်ထုပေးမယ်။ တက်ကြွနေစေမယ်။ အက်စပရင်ဆေးကလည်း နှလုံးအတက်ရတာသက်သာစေမယ်။ သွေးကျဲစေမယ်။ သွေးခဲမှာ သက်သာစေမယ်။ - Viagra သန်မာစေတဲ့ဆေး http://doctortintswe.blogspot

ခွေးတကောင်

Image
ကျားသား စားချင်တဲ့ခွေး။ သစ်ကိုင်းခြောက် “ဖျောက်” ကြေက်လန့်လို့ပြေး။ ။ (ကြည်အောင်) ခုခေတ် ခွေး "တစ်" ကောင်။ စပါးနှံခေတ်ကတည်းက ဟောင် ခြင်္သေ့ခေတ်မှာ ဆက်ဟောင် ခြင်္သေ့လွန်ခေတ်မှာ ဆက်ယောင်။ (ကန်တော့ပါ) ဒေါက်တာတင့်ဆွေ ၂၇-၃-၂ဝ၁၇ ည ၁ဝ နာရီ၊ ၅၇ မိနစ်။ ပုံ = Naung Kyaw

Earwax and Babies ကလေး နားဖါ

Image
မင်္ဂလာပါဆရာ ကျွန်မကလေးက အသက် ၃ နှစ်ပြည့်ပါပြီရှင့်။ ကလေးကို နားဖာကလော်ပေးပြီး နောက်ရက်ကျ နားကိုကုပ်ပြီး ထထငိုပါတယ်ဆရာ။ နားကိုတခုခုဖြစ်မှာ စိုးရိမ်လို့ပါဆရာ။ အဲ့တာဘာလုပ်ပေးရမလဲသိချင်လို့ပါဆရာ။ ကျွန်မစာထဲမှာ စာအရေးအသားအမှားပါရင် ခွင့်လွှတ်ပေးပါရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။ ဆိုးရိမ်ကို စိုးရိမ်လို့ပြင်လိုက်တယ်။ တစ်ခုခုကို တခုခုလို့ပြင်လိုက်တယ်။ ဆောရီး။ သည်အတိုင်းထားလည်း စိုးရိမ်စရာ မရှိပါ။ နားထဲရေဝင်ရင် နားကိုက်တတ်တယ်။ အဲတာဖြစ်ရင် ပါရာစီတမောအရည်သာ ကလေးအသက်အရ တိုက်သင့်တယ်။ နည်းနည်းသာမြင်နေရတတဲ့နားဖါကို အဝတ်စလေးနဲ့သာသန့်ပေးသင့်တယ်။ ကိရိယာတွေ နားဖာကလောစရာတွေ မသုံးသင့်။ အထဲကို ပိုဝင်သွားစေနိုင်တယ်။ ရေနွေးစိုအဝတ်စလေးနဲ့ မြင်နေရတဲ့နားဖါကို ပျော်စေပါ။ အတွင်းထဲထိုးမထည့်မိအောင်သတိထားပါ။ Hydrogen peroxide ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဆေးရည် ၁-၂ စက်နားထဲထည့်ပါ။ အမြှုပ်ထလာမယ်။ ခဏနေရင် အဝတ်စသန့်သန့်လေးနဲ့ သန့်ရှင်းပေးပါ။ အထဲထိုးထည့်တာ မဖြစ်စေပါနဲ့။ တနေ့ ၁ ကြိမ်၊ ၂-၃-၄-၅ ရက်လုပ်ပါ။ ကလေး ခေါင်းမထောင်နိုင်သေးတဲ့အရွယ်မှာ မသုံးရ။ လိုအပ်ရင် နားအထူးကုဆရာဝန်ပြပါ။ ဒေါက်တာတင့်ဆွေ

Gone with the wind တူမသို့

Image
တူမတယောက်က ရေးတယ်။ အပြောင်းအလဲတခု အချိုးအကွေ့တခု ကြုံတိုင်းကြုံတိုင်း ဖြစ်လာတဲ့အခြေအနေကို လက်ခံတတ်အောင် စိတ်ထားတတ်အောင် လေ့ကျင့်ပေးတဲ့ ဖေဖေကို သမီးကျေးဇူးတင်တယ်။ ဒါပေမယ့် ဖေဖေရယ် သမီးက ရင့်ကျက်ဖို့ လိုသေးတယ်။ ဒီတခါအပြောင်းအလဲကိုတော့ သမီးလက်ခံဖို့ကြိုစားတာ တော်တော်မလွယ်ဘူး။ ဒါပေမယ့် သမီးသိပ်ကြိုက်တဲ့ ဆရာကြီးမြသန်းတင့်ရဲ့ လေရူးသုန်သုန် ဝတ္ထုထဲက စကားလက်အိုဟာယာလိုမျိုး ဟိုကွေ့ရောက်ရင် ဟိုတတ်နဲ့လှော်၊ ဒီကွေ့မှာဒီတတ်နဲ့လှော်တတ်အောင် သမီးကြိုးစားမယ်။ လောကမှာ ပညာဦးစီးတဲ့ အဆုံးအမရှိတဲ့ ဆရာကောင်းသမားကောင်းတွေရဲ့ အဆုံးအမကို အချိန်နဲ့အမျှ ရရပါလို၏။ ကျွန်တော့်အနေနဲ့ အားမနာတမ်း ပွင့်ပွင့်လင်လင်းပြောရရင် လေရူးသုန်သုန်ဝတ္ထုကို လူပြောများသလောက်၊ အမွှမ်းတင်ကြသလောက် မစွဲမက်ပါ။ ငယ်ငယ်ကဖတ်ဖူးခဲ့တဲ့စာအုပ်တွေက ပိုပြီးစွဲထင်ကျန်ရစ်ပြီး၊ ရှေ့ကနေ ဆွဲခေါ်သွားခဲ့တယ်။ အဲတော့ ကျွန်တော်ပြောချင်တာက မာဂရက် မစ်ချယ်ရဲ့ လိုင်းတွေလို မဟုတ်ပါ။ ငါ့တူမ - • တက် မရှိ လက်နဲ့လှော်။ • လက် မအား ခြေဖဝါးနဲ့လှော်။ • လက်ခြေ မကောင်း၊ ဆုတောင်းနဲ့သာ လှော်ပါလေ။ ဒေါက်တာတင့်ဆွေ