The Grand Dinner ဂရင်းဒင်နာ

သဘာဝဖြစ်စဉ်အရ နေ့အကူးမှာ နေမထွက်ခင် ညအမှောင်ကာလကိုဖြတ်သန်းရတယ်။ အုပ်ချုပ်ရေးတခုကနေ နောက်အသစ်တခုကို ကူးချိန်မှာ ညစာစားပွဲကြီးရှိခဲ့တာ မြန်မာနိုင်ငံမှာပါ။ မနှစ်က။

ခရစ်ယန်ဘာသာမှာ The Last Supper လို့ခေါ်တဲ့ အလွန်နာမည်ကြီးတဲ့ပန်းချီကားကြီးတခုရှိပါတယ်။ ၁၄၉၅ ခုနှစ် ကတည်းက အီတလီလူမျိုး ပန်းချီဆရာ (လီယိုနာဒို ဒါဗင်ချိ) ကရေးဆွဲခဲ့တာပါ။ ကမ္ဘာမှာ ကနေ့ထိ နာမည်အကြီးဆုံး အနုပညာလက်ရာတခုလည်း ဖြစ်ပါတယ်။ အီတလီနိုင်ငံ၊ မီလန်မြို့မှာထားရှိပါတယ်။ ပန်းချီကားဆွဲတာ ၁၄၉၈ အထိ စုစုပေါင်း (၃) နှစ်ကြာပါတယ်။ ခရစ်တော် ယေရှု (ဂျီးဆပ်စ်) ဂျေရုဆလင်မ်မြို့မှာ စားသုံးခဲ့တဲ့ နောက်ဆုံးညစာ (ညလယ်စာ) ကို သရုပ်ဖေါ်ထားတာ ဖြစ်ပါတယ်။

(လီယိုနာဒို ဒါဗင်ချိ) ရဲ့လက်ရာလိုပဲ ကနေ့ နေပြည်တော်က ညစာစားပွဲဟာလည်း နှစ်ပရိစ္ဆေဒရှည်ကြာအောင် မြန်မာပြည်သူတွေက အမှတ်ရနေကြမယ်လို့ ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၆
၃ဝ-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး