Gone with the wind တူမသို့

တူမတယောက်က ရေးတယ်။ အပြောင်းအလဲတခု အချိုးအကွေ့တခု ကြုံတိုင်းကြုံတိုင်း ဖြစ်လာတဲ့အခြေအနေကို လက်ခံတတ်အောင် စိတ်ထားတတ်အောင် လေ့ကျင့်ပေးတဲ့ ဖေဖေကို သမီးကျေးဇူးတင်တယ်။ ဒါပေမယ့် ဖေဖေရယ် သမီးက ရင့်ကျက်ဖို့ လိုသေးတယ်။ ဒီတခါအပြောင်းအလဲကိုတော့ သမီးလက်ခံဖို့ကြိုစားတာ တော်တော်မလွယ်ဘူး။ ဒါပေမယ့် သမီးသိပ်ကြိုက်တဲ့ ဆရာကြီးမြသန်းတင့်ရဲ့ လေရူးသုန်သုန် ဝတ္ထုထဲက စကားလက်အိုဟာယာလိုမျိုး ဟိုကွေ့ရောက်ရင် ဟိုတတ်နဲ့လှော်၊ ဒီကွေ့မှာဒီတတ်နဲ့လှော်တတ်အောင် သမီးကြိုးစားမယ်။ လောကမှာ ပညာဦးစီးတဲ့ အဆုံးအမရှိတဲ့ ဆရာကောင်းသမားကောင်းတွေရဲ့ အဆုံးအမကို အချိန်နဲ့အမျှ ရရပါလို၏။

ကျွန်တော့်အနေနဲ့ အားမနာတမ်း ပွင့်ပွင့်လင်လင်းပြောရရင် လေရူးသုန်သုန်ဝတ္ထုကို လူပြောများသလောက်၊ အမွှမ်းတင်ကြသလောက် မစွဲမက်ပါ။ ငယ်ငယ်ကဖတ်ဖူးခဲ့တဲ့စာအုပ်တွေက ပိုပြီးစွဲထင်ကျန်ရစ်ပြီး၊ ရှေ့ကနေ ဆွဲခေါ်သွားခဲ့တယ်။ အဲတော့ ကျွန်တော်ပြောချင်တာက မာဂရက် မစ်ချယ်ရဲ့ လိုင်းတွေလို မဟုတ်ပါ။

ငါ့တူမ -
• တက် မရှိ လက်နဲ့လှော်။
• လက် မအား ခြေဖဝါးနဲ့လှော်။
• လက်ခြေ မကောင်း၊ ဆုတောင်းနဲ့သာ လှော်ပါလေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ