Once upon a time တရံရောအခါက

Kyaw Ngwe လွှတ်တော်အပြီး စည်ပင်ရိပ်သာ ၂ ရဲ့ ကောင်တာမှာ ငွေလာသွင်းသူတွေနဲ့စည်ကားလို့၊ ပြန်ကြတော့မှာမို့ လက်ကျန်ပေးရန်လေးတွေ လာသွင်းကြတာတဲ့။ ကိုယ်လည်း နောက်ဆုံးသုံးရက်စာ ၁၅၇၅၀ ကျပ်ကိုသွင်းခဲ့။

မိတ်ဆွေ ဆရာဝန် အမတ်တယောက်က တင်ထားတာ ဖတ်ရတယ်။ လွှတ်တော်မှာ သွင်းရတဲ့ အဆောင်ကြေး ဈေးနှုန်းကြည့်ပြီး ဆေးမန်းအဆောင်ဘဝ သတိရစေတယ်။ ရှေးစကာပေါ့

ကျွန်တော်တို့ ဆေးကျောင်းတက်ရစဉ်က ၁၉၆၅-၁၉၇၂ မှာ ကျောင်းလခ ၂ လစာ ၃ဝ ကျပ် + အဆောင်ကြေး ၄၂ ကျပ်၊ စုစုပေါင်း ၇၂ ကျပ်တိတိသွင်းကြရတယ်။ စကေားလားရှစ်နဲ့ စတိုင်ပင်ရသူတွေက တလမှာ ၇၅ ကျပ်ရကြတယ်။ ဟောက်ဆာဂျင် ခေါ် အလုပ်သင်ဆရာဝန်ဖြစ်တော့ လခ ၂၁ဝ ကျပ်ရတယ်။

ခုခေတ်က ဟိုးရှေးရှေးထက်ပိုပြီး ကြီးမား များပြား ခန်းနား ဆန်းပြားကြပါပေတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး