Ferry ဖယ်ရီ

တခြားနိုင်ငံတခုမှာနေသူတယောက်ကနေ (ဖယ်ရီ) အသုံးကိုမေးထားတယ်။ မြန်မာပြည်မှာ လူတိုင်းလိုလိုပြောနေကျ သွားစရာလာစရာကားကို ဖရီလို့ပြောကြတယ်။ သူနေတဲ့ဆီမှာ အဲလိုပြောတာကိုနားမလည်ကြဘူးတဲ့။

Ferry ဖယ်ရီဆိုတာ
• to carry by boat over a body of water ရေပေါ်မှာ လှေနဲ့သယ်ယူပို့ဆောင်ရန်၊
• to cross by a ferry အဲလိုသွားစရာနဲ့ ဖြတ်ကူးရန်၊
• to convey (as by aircraft or motor vehicle) from one place to another လေယာဉ်၊ ကားဖြင့် တနေရာမှ တနေရာသို့ ပို့ဆောင်ရန်၊
• to fly (an airplane) from the factory or other shipping point to a designated delivery point or from one base to another လေယာဉ်တစီးဖြင့် စက်ရုံမှ (သို့) သယ်ယူပို့ဆောင်စရာနေရာတခုမှ သတ်မှတ်ထားသော နေရာတခုသို့ ပျံသန်းရန်၊
• to cross water in a boat ရေကို လှေတစီးဖြင့်ဖြတ်ကူးရန်

အဲတော့ နားမလည်သူလည်းမမှား၊ သုံးနေသူလည်းမမှားပါ။ ဒါပေမယ့် နေရာဒေသအလိုက် သုံးနေကျအသုံးဆိုတာ ရှိတယ်။ ကိုယ်ရောက်နေတဲ့နေရာမှာသုံးတာကို လိုက်သုံးနှုန်းမှသာ အဆင်ပြေမယ်။

ယူအက်စ်အေမှာ (ပလက်ဖေါင်း) ကနေလမ်းသွားပါဆို့ပြောရင် နားမလည်ကြပါ။ ကျွန်တော်တို့က လမ်းဘေးလူသွားလမ်း၊ စင်္ကြန်ကို ပလက်ဖေါင်းလို့သုံးနေခဲ့ကြတယ်။ အတိအကျတော့ မမှန်ပါ။ Platform (ပလက်ဖေါင်း) ဆိုတာ နာမ်ဖြစ်တယ်။ လူရပ်စရာ နည်းနည်းမြင့်ထားတဲ့နေရာကို ခေါ်တယ်။ ပြထားတာကို ကောင်းကောင်းမြင်ရအောင် လုပ်ပေးထားဖြစ်တယ်။ နိုင်ငံရေးပါတီရဲ့ ပေါ်လစီကြေညာချက်ကိုလည်း (ပလက်ဖေါင်း) လို့ပဲခေါ်တယ်။

Pedestrian (ပီဒက်စထီရန်) ဆိုတာက နာမ်ဆိုရင် ခြေလျင်သွားသူ၊ လမ်းလျှောက်သူဖြစ်တယ်။ နာမဝိသေသနဆိုရင် ခြေလျင်သွားနေသော၊ လမ်းလျှောက်နေသာ၊ လမ်းလျောက်ခြင်းနှင့်သက်ဆိုင်သော။ စိတ်ကူးမထည့် ပန်းတိုင်မရှိသော။
Pavement (ပေ့ဖ်မင့်) ဆိုတာ ခင်းပေးထားတဲ့မျက်နှာပြင်။ ဗြိတိသျှအင်္ဂလိပ်က Sidewalk (ဆိုက်ဝေါ့လ်ခ်) ကို ဆိုလိုပြီး၊ အမေရိကန်အင်္ဂလိပ်က မာကြောသောမျက်နှာပြင်တဲ့။ Sidewalk (ဆိုက်ဝေါ့လ်ခ်) ဆိုတာ လမ်းသွားသူ (ပီဒက်စထီရန်) တွေအတွက်လုပ်ပေးထားတဲ့ လမ်းဘေးမှာ ခင်းပေးထားတဲ့လမ်း။

Walkway (ဝေါ့လ်ခ်ဝေး) ဆိုတာ သွားစရာလမ်းလေး။ အများအားဖြင့် အဆောက်အဦ၊ နေရာတခုနဲ့တခုကြား ဆက်ပေးထားတဲ့လမ်း။ နည်းနည်းမြင့်ပေးထားတတ်တယ်။

Pedway (ပဒ်ဝေး) ဆိုတာက အမေရိကန်အင်္ဂလိပ်ဖြစ်တယ်။ မြို့တွေမှာလုပ်ပေးထားတဲ့ လူသွားလမ်း။ ဥပမာ လေဆိပ်မှာ တနေရာနဲ့တနေရာ ကူးစရာလမ်း။ ယာဉ်တွေနဲ့တွေ့စရာမရှိ၊ အမိုးပါမယ်။

Footpath လည်းသုံးတယ်။ ခြေလျင်သွားလမ်း၊ အများအားဖြင့်တောပိုင်းလမ်းကိုသုံးတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂ဝ၁၆
၂၄-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး