ဘုရားစင် (၁)

အိမ်ကဘုရားစင်ပုံတင်တိုင်း လာနေကျ ကွန်မင့်ရှိတယ်။

၁။ ဆရာရှင့် ဘုရားရှေ့က ဘူးလေးက ဆွမ်းတော်တင်တာဆိုရင် အဖုံးလေးဖွင့်ထားစေ့ချင်ပါတယ်ရှင့် ၊ ဘုရားက အငွေ့ကိုပဲ ဘုန်းပေးတာဖြစ်တဲ့အတွက် အဖုံးလေးလှပ်ပြီးမှ ကပ်ရင်ပိုသင့်တော်ပါတယ်ရှင့်၊ ရေဗူးလဲ အချိုရေဗူးလေးလားလဲ တွေ့ပါတယ်ရှင်၊ အဲဒါလဲ အတူတူပါရှင့်။ ဆရာ့ကို ဆရာလုပ်တာ မဟုတ်ပါရှင့်။ ဗဟုသုတလေး မျှဝေတာပါရှင့်။

၂။ ပန်းအလွန်ကြိုက်ပါတယ်ဆရာ။ ဆရာရှင်ဘူးနဲ့ကပ်ထာတာမုန့်ထင်ပါတယ်ဆရာ။ ဖတ်ဖူးတာပါ။ ဘုရားကို ဆွမ်းဘောဇဉ်ကပ်ရင် အပိတ်ဖွင့်ပြီးကပ်ရတယ်လို့ပါ။အမှားပါရင်ခွင့်လွှတ်ပါရှင့်။

အဲလိုလူ လာပါ့မလားလို့ စောင့်နေတာ။ ဘုရားစင်ပုံတင်တိုင်း အဲလိုပြောသူ ၃-၄ ယောက်ပေါ်စမြဲ။ သည်တခါ လာတာ နောက်ကျတယ်။ ယဉ်ယဉ်ကျေးကျေး ရေးကြတာ ချီးကျူးတယ်။ တိုတိုသာရေးတော့မယ်။

ဘုရားက အငွေ့သာဘုန်းပေးတာ မဟုတ်ပါ။ ၄၉ လုပ်တော်လို့တောင် ဖတ်ဖူးတယ်။ အဲတာလည်း အရေးမကြီးပါ။
အဖုံးဖွင့်တာ၊ အခွံခွါတာ၊ နည်းတာများတာ အရေးမကြီးပါ။ ဒါနမှုတခုမျှသာဖြစ်တယ်။ ဘုရားတရားတော်နဲ့အညီ အသိတရားရအောင်သာ ကြိုးစားကြရမှာပါ။ အခုစာရေးတဲ့သူတော့ ရနေတယ်လို့ ပြောတာလည်း မဟုတ်ပါ။

အဖုံးနဲ့ အခွံသာမြင်သူတွေ အနှစ်အရသာ ရရှိခံစားနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၇-၂-၂ဝ၁၇

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး