6 Signs Of Heart Disease နှလုံးရောဂါလို့ထင်စရာ ခြောက်ချက်

နှလုံးရှိတဲ့နေရာ ရင်ပတ်မှာဖြစ်တာတခုတည်းကိုသာ မကြည့်ပါနဲ့။ ကိုယ်အလေးချိန်များသူတွေ၊ အသက် ၅ဝ ကျော်သူတွေ၊ ဆီးချိုရှိသူတွေ၊ သွေးတိုးနေသူတွေနဲ့ ကိုလက်စထောများနေသူတွေအတွက် အချက် (၆) ချက်ကို သတိပြုကြဘို့ဖြစ်ပါတယ်။

၁။ Difficulty To Carry Out Daily Routines နေ့စဉ်လုပ်နေကျ အလုပ်ကို အရင်မလိုမလုပ်နိုင်ဖြစ်လာခြင်း
သွေးလွှတ်ကြောတွေကနေ သွေးပို့ပေးတာ အရင်လိုမလုပ်နိုင်ရင် တခုခုမှားနေသလား စစ်ဆေးရပါမယ်။

၂။ Dizziness Or Lightheadedness ခေါင်းမူတတ်လာခြင်း
အားနည်းလို့မဟုတ်ဘဲ၊ နှလုံးကြောင့်လည်း ခေါင်းမူးနိုင်တယ်။ ရင်ပတ်အောင့်တာနဲ့ အသက်ရှူခက်တာပါ ရောနေရင် ဆရာဝန်ပြပါ။

၃။ Breaking Out In Cold Sweats ချွေးစီးပျံခြင်း
မဖျားပဲနဲ့ ချွေးထွက်ပါသလား။ ချွေးကအေးစီးနေပါသလား။ ညမှာထွက်သလား။ ရာသီဥတု၊ အစားအသောက်နဲ့ ပြေးလွှားရလို့ကြောင့်မဟုတ်ဘဲ ချွေးထွက်ပါသလား။

၎။ Chest Pain And More ရင်ပတ်အောင့်ခြင်း
ရင်ပတ်အလယ်နေရာနာပြီး ဘယ်ဖက်လက်မောင်းဆီအထိနာပါသလား။ တချို့မှာ ရင်ခေါင်း၊ လက်မောင်း၊ မေးရိုး၊ သွားနဲ့ နောက်ကျာပါနာတယ်။

၅။ Frequent Bouts Of Cold And Flu မကြာခဏ အအေးမိနေသလား
အအေးမိ၊ တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုးဖြစ်ပါသလား။ ဗိုင်းရပ်ပိုဝင်ခံရဖန်များနေသူမှာ နှလုံးက သွေးလှည့်တာ အားနည်းနေနိုင်တယ်။

၆။ Overwhelming Fatigue အားယုတ်နေသလား
အားမရှိဖြစ်ပြီး အသက်မရှူမဝဖြစ်နေသလား။ ဒီအချက်မှာ အမျိုးသမီးတွေက အမျိုးသားတွေထက်သိသာတယ်။

မြန်မာနိုင်ငံသားတွေ နှလုံးကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး