လျက် နဲ့ လျှက်

ကို ကို = ဆရာခင်ဗျာ လျက် နဲ့ လျှက် အသုံးနှုန်းကိုလည်း သိချင်ပါတယ်ခင်ဗျာ။

Su Myat Win = ဆရာရေ လျက်နဲ့ လျှက်လေးလည်း တချက်လောက် တင်ပေးပါအုံး

လျက်
ထန်းလျက်။
ပွဲလျက် (ပွဲညှက်သံထွက်သည်)။
ကြံစည်လျက်။
မင်းကောင်းပေလျက် မင်းမြောင်ဖျက်။
ပြည်ပန်းညို ချိုချင်ပါလျက် ဆားကဖျက်။
လျှာနှင့်လျက်သည်။
လျက်ဆား။
သွားလာလျက်။
ပြောဆိုလျက်။

လျှက်
မုံ့တလျှက် = မုံ့ပြား (တယှက်သံထွက်သည်)။
သန်လျှက်ဓါး
ရောင်ဖြူ ပြိုးပြက် ဓါးသန်လျှက်သည် ထိလျက် ရှတိုင်း မှန်သည်သာ။

သန်လျှက်
သတ်ပုံစာအုပ်ဟောင်းမှာ သန်လျှက်လို့ရေးတယ်။ နောက်ထုတ်တွေမှာ သန်လျက်လို့ရေးတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ သန်လျက်လို့ရေးပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး