Picture of Burma ပန်းချီဆန်တဲ့ မြန်မာပြည်

ကျွန်တော်အထက်တန်းကျောင်းသားဘဝအထိ ပုံဆွဲတယ်။ ဆေးကျောင်းမှာလည်း ရံဖန်ရံခါတော့ ပုံတူလေးတွေ ဆွဲဖြစ်သေးတယ်။ ဆရာဝန်ဖြစ်ကတည်းက မဆွဲဖြစ်တော့ပါ။ နိုင်ငံရေးထဲရောက်တော့ ပန်းချီနဲ့ ပိုဝေးသွားတယ်။

ခွဲစိတ်ဆရာဝန်ကတော့ စောင်းသမားလိုပဲ ဓါးနဲ့ဝေးမနေရဖူးတဲ့။ ပန်းချီကတော့ မပြောတတ်သေးပါ။ ဟိုတနေ့က ပန်းချီဆွဲချင်တဲ့ဆန္ဒဖြစ်လာတယ်။ လက်ထဲမှာတော့ စက္ကူ၊ ခဲတံ၊ စုတ်တံ၊ ရေဆေး၊ ဘာတခုမှတော့ မရှိသေးပါ။

အင်တာဗျူးတခုမှာ ဖြေခဲ့ပါတယ်။ ငယ်ကတည်းက ပုံဆွဲဝါသနာပါတယ်။ အစဉ်အလာဆွဲနည်းပါ။ မျဉ်းဖြောင့်၊ အချိုးကျတဲ့ မျဉ်းကွေး၊ (ပါစပက်တစ်) အနီးအဝေးသဘောကို လက်ခံတယ်။ ညစ်ပေတာမျိုးမကြိုက်ဘူး။ နိုင်ငံရေးလုပ်တဲ့အခါမှာလည်း ဖြောင့်နေတာ၊ ညီညာနေတာ၊ သန့်နေတာမျိုးသာဖြစ်ချင်စိတ်က အမြဲလွှမ်းမိုးနေတော့ အနှစ်နှစ်ဆယ်အတွင်းမှာ အဆင်မပြေတာတွေဖြစ်ခဲ့ရတယ်။

မြန်မာပြည်က မြင်ကွင်းတွေ ရှုခင်းတွေကိုထိုင်ကြည့်ပြီး ဘယ်တော့ဆွဲနိုင်မလဲမသိပါ။ မျဉ်းဖြောင့်တွေ၊ အချိုးကျတဲ့ မျဉ်းကွေး၊ စနစ်ကျတဲ့ မျဉ်းကောက်တွေသာ မြန်မာပြည်မှာရှိပါစေ။ အညစ်အထေးတွေ၊ တွန့်လိမ်ကောက်ကွေး အရှုတ်အထွေးတွေ ကင်းဝေးပပျောက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး