(I) ကျွန်တော်

ကွန်မင့် = ကျွန်တော်၊ ကျွန်ုပ်၊ ကျွန်မ အသုံးနုန်းတွေကိုတော့ မှန်ပေမယ့် သက်ဦးဆံပိုင်ခေတ်၊ ကိုလိုနီခေတ်တွေ ကြုံတွေ့ခဲ့ရတဲ့အတွက် ဘုရင်၊ သခင်၊ ကျွန် အဆက်အသုံးနူန်းတွေအဖြစ် ခံစားမိလို့သိပ်သဘောမကျပါ။ လူကြီးတွေနဲ့သုံးတာကလွဲပြီး တခြားအမြဲတမ်း ကျနော်လို့ပဲရေးဖြစ်ပါတယ် (ကိုယ့်ဘာသာတွေးတာပါဆရာ)။

ကျနော်၊ ကျမ မှန်ပါတယ်။ ကျွန်တော်၊ ကျွန်မ နဲ့စခဲ့တာ။ နောက်ပိုင်းမှာ ကျွန်ဆိုတာ ကျွန်ခံရသူသဘော ဖြစ်နေလို့ ပြင်လာကြတယ်။ တစိတ်တပိုင်းက အသံထွက်လွယ်တာရောကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကျနော်ဟာ အသံထွက်သာ ဖြစ်တယ်။

ကျွန်က ဘုရင့်လက်ထက်ကတည်းကစပါတယ်။ ခစားရသူတွေက ကျေးတော်မျိုး၊ ကျွန်တော်မျိုးလို့ သုံးကြရတယ်။ ဒါပေမယ့် Slave ခေါ်တဲ့ကျွန်အဖြစ်ရောင်းစားခံရသူတွေနဲ့ မတူပါ။ အမေရိကမှာ Subject လို့ ဘာသာပြန်ကြတယ်။ အုပ်စိုးခံရသူ၊ လက်အောက်ခံလို့ ဆိုလိုတယ်။ အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်းမှာ Citizens နိုင်ငံသားများလို့ ပြောင်းခဲ့ပါတယ်။

မြန်မာနိုင်ငံကိုလိုနီခေတ်မှာ ကုလားဖြူခေါ်တဲ့ အင်္ဂလိပ်ကိုရော၊ အိန္ဒိယကလာတဲ့ ကုလားကိုရော၊ ဗမာအရာရှိတွေကိုပါ၊ ကိုလိုနီအရာထမ်း မှန်သမျှကို သခင်၊ သခင်ကြီးလို့ခေါ်ကြရတယ်။ အဲဒီခေတ်က ကုလားနဲ့ အခုခေါ်နေကြတဲ့ ကုလား အများဆိုင်နာမ်ချင်း မတူပါ။

ကျွန်ုပ်က ခုထိမပြောင်းသေးပါ။ သစ္စာအဓိဋ္ဌာန်ဆိုရင်ပါတယ်။ တချို့ကလည်း စာနဲ့စကား မကွဲပြားပဲပြောကြတယ်။ အကျွန်ကို စာမှာသာမက စကားမှာလည်းသုံးကြတာ ယောနယ်မှာဆို အခုထိ။

ကျမလို့ ရေးကြပြောကြတာက ယဉ်ကျေးတယ်။ မန္တလေးသူတွေက ကျနော်လို့ပြောကြတယ်။ ကျွန်တော့် နှမတွေ၊ သမီးနဲ့ မြေးမတို့က ကျနော်လို့သုံးကြတယ်။ ကျွန်တော်ကတော့ ကျွန်တော်လို့ရေးနေတယ်။ ကိုယ့်ကိုယ်ကို နှိမ့်ချချင်လို့သာ ဖြစ်ပါတယ်။ အသံထွက်ရင်တော့ ကျနော်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ