Light for Education ပညာဆီမီး ထိန်ထိန်ညီး

မုံရွာက တူတယောက်ကတင်ထားတယ်။ ခေတ်တွေဘယ်လိုပြောင်းပြောင်း ဖယောင်းတိုင်ကို ကျုပ်တို့ မစွန့်လွှတ်နိုင်ဘူး။ နောက်တယောက်လည်း မုံရွာမှာ မိုးတွေရွာလို့ မီးပျက်သတဲ့။

ပညာဆီမီးဆိုတာ တယ်မှန်တာပဲ။ ကျွန်တော်တို့ ငယ်ငယ်တုံးက ၅ တန်းကစပြီး၊ တညမှာ ဖရောင်းတိုင်တချောင်း ကုန်အောင် စာကြည့်ရတယ်။ အဖေချမှတ်ထားတဲ့ စာကြည့်စည်းကမ်းအရပေါ့။ အဲဒီတုံးက ဖရောင်းတိုင်တချောင်းကုန်ရင် တနာရီပဲ။ စံချိန်ကိုက်။ တော်လှန်ရေးကောင်စီတက်ကာစက ဖရောင်းတိုင်ဝယ်လို့ရသေးတယ်။ အဝယ်ရခက်လာတော့ ရေနံဆီမီးခွက်နဲ့ စာကြည့်ရတယ်။ (မဆလ) ခေတ်ဖြစ်လာတော့ ရေနံဆီပါရှားကုန်ရော။ လျှပ်စစ်မီးသွယ်နိုင်လာတော့ အိမ်မှာ နယ်ကနေ ကျောင်းလာတက်ကြတဲ့ ကျောင်းသားတွေကလည်းများတော့ အခန်း နှစ်ခန်းကြားကထရံမှာ လေးထောင့် ပေါက်ဖေါက်ပြီး၊ ၂ ပေမီးချောင်းလုပ်ပေးထားတယ်။ နှစ်ခန်းလုံး မီးလင်းအောင်လို့။ မီတာကြေးက တယူနစ်ကို ၆၅ ပြား။

အတန်းကြီးလာတော့ စာဖတ်စရာတွေများလာလို့ တညတနာရီနဲ့မရတော့ဘူး။ မီးပျက်တာသိပ်မများလို့ ဆယ်တန်းကို ရှောရှောရှူရှူအောင်ပါတယ်။ နောက်ပိုင်းကျောင်းသားတွေမှာ ကျွန်တော်တို့ထက် ဆန်းပြားလာရတယ်။ ဘက်ထရီမီးတို့၊ အင်ဗာတာတို့၊ ဆိုလာတို့ ပေါ်လာတာကိုး။ မီးမပါ ပညာမရဘူး။ ခက်တာက အခုရနေတဲ့ပညာက ဖရောင်းတိုင်မီးနဲ့ ရှာရတာထက် ညံ့နေတယ်တဲ့။ ကိုင့်း့ ရေနံဆီမီးခွက်ခေတ်ကို ပြန်သွားကြစို့။

သူများတိုင်းပြည်တွေမှာတော့ လျှပ်စစ်ကိုစကားထဲထည့်မပြောကြတော့ပါ။ ပညာရှာရာမှာ အင်တာနက်နဲ့ ဝိုင်ဖိုင်ဟာ ထမင်းစားရေသောက်။ ပြီးခဲ့တဲ့အပတ်က ကျွန်တော်မြန်မာဘာသာပြန်လုပ်နေတဲ့ကျောင်းမှာ စာသင်ချိန်နောက်ဆုံး နာရီဝက်လောက်မှာ ပြိုင်ပွဲဂိမ်းကစာခိုင်းတယ်။ ဖိုး-ဂျီ ထည့်ထားတဲ့ဖုန်းသုံးရတယ်။ မပါတဲ့ကျောင်းသားတွေကို ဆရာတွေရဲ့ လက်ပတော့နဲ့ ဖုန်းငှားပြီးကိုင်စေတယ်။ https://getkahoot.com/ ထဲမှာ အကြောင်းအရာ အမျိုးမျိုးကို အဖြေမှန်နဲ့ အမြန် ပြိုင်စေတယ်။ ဥပမာ အမျိုးတော်စပ်တဲ့စကားလုံးတွေ၊ ကိုယ်ယ်ခန္ခာအစိတ်အပိုင်းအခေါ်ဝေါ်တွေ။ စပိန်စကားပြောကျောင်းသူတယောက်နဲ့ မြန်မာစကားပြောကျောင်းသူတယောက်တို့က ဗိုလ်စွဲတယ်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ
၂၆-၃-၂ဝ၁၅
၂၆-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး