Viral hepatitis အသည်းရောင်အမျိုးမျိုး

မ၊ အသက် ၃၆ နှစ်၊ မန္တလေးတိုင့်း့ မြို့၊ အိမ်ထောင်ရှိ ကလေးရှိပါတယ်။ ဒီနေ့ဆရာတင်တဲ့ အသည်းရောင်အသားဝါ အကြောင်းပိုစ့်ကို ဖတ်ရလို့ပါရှင့်။ ရက်တိုအဆင့်ပြီးသွားတဲ့သူပါရှင့်။ အမျိုးသားမှာလည်းပိုးမရှိ ကလေးမှာလည်း ပိုးမရှိပါ စစ်လိုက်တော့လည်းပိုးရှိတယ်။ Aitibodies လည်းရှိပါတယ်။ အဲ့ဒီလိုလူမျိုးတွေသွေးလှူလို့ရ မရသိချင်လို့ပါရှင့်။

အသည်းရောင်ပိုးရှိနေသူ (အေ) ကလွဲရင် သွေးလှူလို့ မရပါ။ အသည်းရောင်ဆိုတာ အမျိုးမျိုးရှိတယ်။ ဗိုင်းရပ်စ်ကြောင့် အသည်းရောင် (အေ)၊ (ဘီ)၊ (စီ)၊ (ဒီ) နဲ့ (အီး) ဖြစ်စေတယ်။ အသားဝါမယ်။ မေးတဲ့သူမှာ ဘာရှိသလဲ မသိရပါ။

Hepatitis A က အများဆုံး ဖြစ်တယ်။ အထူးသဖြင့် မချမ်းသာသေးတဲ့ နေရာတွေမှာ ဖြစ်တယ်။ Hepatitis B virus (HBV) ကတော့ နာတာရှည် အသည်းရောင်တာ ဖြစ်စေတယ်။ အများဆုံးက အာဖရိက နဲ့ အာရှမှာ ဖြစ်တယ်။ Hepatitis C virus (HCV) ဟာ အနောက်နိုင်ငံတွေမှာ နာတာရှည် အသည်းရောင်တာ အများဆုံးဖြစ်တယ်။ Hepatitis D ဆိုတာက (ဘီ) ရှိနေမှဖြစ်တယ်။ Hepatitis E virus (HEV) ဆိုတာ ဆင်းရဲတဲ့နိုင်ငံတွေမှာ ကိုယ်ဝန်ဆောင်မှာ အများဆုံး ဖြစ်တယ်။

Hepatitis A အသည်းရောင် အေ
ကူးစက်ရောဂါဖြစ်သည်။ အသေအပျောက် အနည်းငယ်ရှိသည်။ ဇူလိုင်၊ သြဂုတ်၊ စက်တင်္ဘဘာ (၃) လ အထူး ဂရုစိုက်ပါ။ ရောဂါလက္ခဏာများ = အားနည်းခြင်း ခံစားရသည်၊ မစားချင်၊ မသောက်ချင် ဖြစ်လာသည်၊ ဖျား၊ ချမ်း၊ ခေါင်းကိုက်၊ ပျို့၊ အန်၊ အသား (မျက်လုံး၊ လက်သည်း၊ အရေပြား၊ ဆီး) ဝါလာသည်။ Jaundice ဟုခေါ်သည်။ ဖြစ်စေသော အခြားရောဂါ အများအပြားလဲ ရှိသည်။ အသည်းရောင်သဖြင့် ရင်ဘတ်ညာဘက်အောက်ပိုင်းနေရာ သို့မဟုတ် ဝမ်းဗိုက်ညာဘက် အထက်ပိုင်းနေရာ၊ သို့မဟုတ် ရင်ခေါင်းနေရာက နာလာသည်။

ကုသခြင်း
အနားယူပါ၊ ရေ၊ အရည်များများသောက်ပါ။ လိုအပ်ပါက သွေးထဲ သွင်းပေးပါ၊ အဆီ၊ ဆီ လျှော့စားပါ၊ အရက်၊ မူးယစ်ဆေး၊ ဆေးလိပ်၊ ပြင်းသည့် ဆေးဝါးများ ရှောင်ပါ။ အသည်းအားဆေး သောက်ပါ၊ ထိုးပါ၊

ကာကွယ်ပုံ
ပါးစပ်ထဲဝင်သည့် (ရေ၊ နို့၊ ဖျော်ရည်) တို့ကို ပွက်သွားအောင် ကြို၍သောက်ပါ။ ရေသန့်ဆေး (Chlorine tablet) ထည့်၍ သုံးပါ။ ပွက်သွားအောင် ကြိုမထားသောရေနှင့် ရေသန့်ဆေး ထည့်မထားသောရော၊ ရေသန့်ပုလင်းကရေ မဟုတ်ပါက မသောက်ပါနှင့်၊ (အစားအစာ) တို့ကို ပွက်အောင်ပြုတ်၊ ကျော်၊ ပေါင်း၊ ချက်ထားသည့်အစာကို ပူနွေးနေစဉ် စားပါ။ ချက်ပြုတ်ပြီးပါက ယင်ကောင် မနားစေရန် ဖုံးအုပ်ထားပါ။ ယင်ကောင်၏ ခြေထောက်၌ ပိုးကပ်ပါလာနိုင်သည်။ အပြင်းစာ၊ အပြင်ဆိုင်က ရောင်းသည့် အစာများကို သန့်-မသန့် စစ်ဆေးပြီးမှ စားပါ။ ဖြစ်နိုင်လျှင် မစားပါနှင့်။ ရောဂါရှိသူ ချက်ပြုတ်ကြော်လှော် ဆေးကြောသည်မှ ကူးစက်နိုင်သည်။ Hepatitis A အသည်းရောင်အသားဝါရောဂါ A ကာကွယ်ဆေး သည် 95% ထိရောက်သည်။

ရေလောင်း အိမ်သာကိုသာ သုံးပါ။ မရှိပါက ယင်လုံအိမ်သာ သုံးပါ။ ဆီးဝမ်းသွားပြီးတိုင်း ဆပ်ပြာနှင့် လက်ဆေးပါ။ အသီးအနှံများကို မစားမီ ရေသန့်သန့်ဖြင့် ဆေးပါ။ ဆားရေဖြင့် ဆေးက ပိုကောင်းသည်။

Hepatitis B အသည်းရောင် ဘီ
ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ကူးစက်ရောဂါအပြင်းစားဖြစ်သည်။ အသည်းကင်ဆာ၊ အသည်းခြောက် ရောဂါနှင့်၊ အသည်းအလုပ် မလုပ်တော့ခြင်းတို့ကို ဆက်ဖြစ်စေနိုင်သည်။

HIV ကဲ့သို့ သွေး-ဆေးထိုးအပ်မှတဆင့်၊ ကိုယ်ကထွက်သော အရည်များ၊ မိခင်က ကလေး၊ လိင်ဆက်ဆံခြင်းတို့မှ ကူးစက်နိုင်သည်။ သို့သော် HIV ထက် အဆ ၁ဝဝ ပို၍ ကူးစေသည်။ အချို့မှာ လက္ခဏာများ ဆိုးစေကာမူ ပျောက်ကင်း သွားသည်။ ကလေးများဖြစ်လျှင် ပိုဆိုးနိုင်သည်။ ၆ လ အောက် ရက်တိုနှင့် ၆ လအထက် နာတာရှည် ၂ မျိုးဖြစ်နိုင်သည်။ ရောဂါလက္ခဏာများ လက္ခဏာ မပေါ်ဘဲ ပိုးရှိနေတတ်သည်။ ပိုးဝင်ပြီး တလခွဲအကြာ လက္ခဏာများ ပေါ်မည်။ အစားပျက်ခြင်း၊ ပျို့အန်ခြင်း၊ အားယုတ်ခြင်း၊ ဗိုက် အသည်းနေရာနာခြင်း၊ ဆီးအရောင် ရင့်ခြင်း၊ အသားဝါခြင်း၊ အဆစ်နာခြင်း။

Hepatitis B surface antigen (HBsAg), Antibody to hepatitis B surface antigen (anti-HBs), Antibody to hepatitis B core antigen (anti-HBc) တို့ကို စမ်းသပ်ခြင်းဖြင့် ရောဂါပိုးရှိ-မရှိ သိနိုင်သည်။ ပိုးနှင့်တွေ့သည်ဟု သံသယရှိပါက Hepatitis B immune globulin within 24 hours နှင့် Hepatitis B vaccine x 3 doses ဆေးထိုးရမည်။ Interferon, Lamivudine (Epivir-HBV), Adefovir dipivoxil (Hepsera), Entecavir (Baraclude) ဆေးများ ပေးနိုင်သည်။ Liver transplantation အသည်းအစားထိုးခြင်း လုပ်နိုင်သည်။

Hepatitis C အသည်းရောင် စီ
(စီ) ပိုးသည် လက္ခဏာမပေါ်ဘဲ ပိုးရှိနေတတ်သည်။ Hepatitis C virus (HCV) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ကူးစက်ရောဂါ အပြင်းစား ဖြစ်သည်။ ဥပမာ အသည်းကင်ဆာ၊ အသည်းခြောက်ရောဂါနှင့် အသည်းအလုပ် မလုပ်တော့ခြင်း တို့ကို ဆက်ဖြစ် စေနိုင်သည်။ သွေး၊ ဆေးထိုးအပ်ကတဆင့် ကူးစက်သည်။ လိင်မှတဆင့် မကူးစက်၊ မိခင်မှ ကလေး ကူးသည်။ ကာကွယ်ဆေး မရှိသေး။ ကူးစက်ခံရလျှင် အစားပျက်ခြင်း၊ ပျို့-အန်ခြင်း၊ အနည်းငယ် အားယုတ်ခြင်း၊ ဗိုက် အသည်းနေရာ နာခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ အသားဝါခြင်း၊ အဆစ်နာခြင်း၊ တုပ်ကွေးလိုဖြစ်ခြင်း၊ သွေးစစ်၍ သိနိုင်သည်။ အချို့က ပျောက်သွားနိုင်သည်။ အချို့က နာတာရှည်ဖြစ်မည်။ Pegylated Interferon alfa + Ribavirin (Rebetol) BD ဆေးများ ပေးနိုင်သည်။ သည်းအစားထိုးခြင်း လုပ်နိုင်သည်။

Hepatitis D အသည်းရောင် ဒီ
(HDV) သည် လိင်-သွေးမှတဆင့် ကူးသည်။ (B) ပိုးရှိနေမှ (D) ပိုးကူးသည်။ အစားပျက်ခြင်း၊ ပျို့-အန်ခြင်း၊ အားယုတ်ခြင်း၊ ဗိုက် အသည်းနေရာ နာခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ အသားဝါခြင်း၊ အဆစ်နာခြင်း၊ (B) ပိုး ကာကွယ်ဆေး ထိုးသင့်သည်။ Interferon-alfa ဆေးပေးခြင်း၊ အသည်းအစားထိုးခြင်း လုပ်ပေးနိုင်သည်။

Hepatitis E အသည်းရောင် အီး
နာတာရှည်မဖြစ်၊ (A) ကဲ့သို့ အစား-ရေကတဆင့် ကူးစက်သည်။ ကိုယ်ဝန်ဆောင်တွေမှာ ၁ဝ-၂ဝ% ဖြစ်တတ်သည်။

Autoimmune hepatitis (အော်တိုအင်မြုန်း) အသည်းရောင်ခြင်း
အများအားဖြင့် အမျိုးသမီးတွေမှာဖြစ်တယ်။ သိပ်မဆိုးတာကနေ အသည်း အလုပ်မလုပ်တော့တဲ့အဆင့်အထိ ဖြစ်နိုင်တယ်။ တခြား (အော်တိုအင်မြူး) ရောဂါပါ တွဲရှိနေနိုင်တယ်။ သွေးစစ်ရင် Aminotransferase levels တွေသိသိသာသာ များနေမယ်။ Bilirubin and gamma-GT levels တွေ များတာထက် သိသာတယ်။ သွေးထဲမှာ Auto-antibodies (အော်တို-အင်တီဘော်ဒီ) တွေဖြစ်ကြတဲ့ (ANA, smooth muscle antibody, perinuclear anti-neutrophil cytoplasmic auto-antibody, anti-soluble liver antigen/liver pancreas, anti-liver kidney microsomal-1, anti-liver cytosol) နဲ့ serum globulin တွေ များနေမယ်။ အသည်းမှာ inflammatory changes ဖြစ်စဉ်တွေ တွေ့မယ်။ Corticosteroids (ကော်တီကိုစတီရွိုက်) ဆေး တမျိုးထဲဖြစ်ဖြစ်၊ Immunosuppressants တခြားဆေးနဲ့တွဲပြီး ဖြစ်ဖြစ် ပေးတယ်။ အသည်းအစားထိုးတာကို ရောဂါဆိုးနေသူတွေနဲ့ (ကော်တီကိုစတီရွိုက်) ဆေးမတိုးသူတွေကို လုပ်ပေးမယ်။

အသည်းရောင်ရောဂါများ၏ ကူးစက်ပုံများ အချုပ်
• (A) နှင့် (E) တို့သည် (စအို) မှ ထွက်၍ (ပါးစပ်) သို့ ဝင်သည့် လမ်းကြောင်းက ကူးစက်သည်။
• (B) သည် အတူနေခြင်း၊ လိင်လမ်းကြောင်း၊ သွေး၊ ဆေးထိုးအပ်၊ ကလေးအား မိခင်တို့မှတဆင့် ကူးသည်။
• (C) သည် ဆေးထိုးအပ်မှ ကူးသည်ကများသည်။
• (D) သည် ထိတွေ့ခြင်းနှင့် ဆေးထိုးအပ်တို့မှ ကူးသည်။ (B) ရှိနေလျှင် ဖြစ်တတ်သည်။
• (စအို) မှထွက်၍ (ပါးစပ်) သို့ဝင်သည့် လမ်းကြောင်းက ကူးစက်သည့် အခြားရောဂါများမှာ ဝမ်းပျက်ခြင်း၊
ဝမ်းကိုက်ခြင်း၊ ကာလဝမ်းရောဂါ၊ အူရောင်ငန်းဖျားခေါ် တိုက်ဖွိုက် (Typhoid) ရောဂါ တို့ဖြစ်ကြသည်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး