ကျွန်ုပ်၏ နေအိမ်

ကျွန်တော်၏နာမည်မှာ မောင်မောင်ဝင်းလို့ ခေါ်ပါတယ်။ ကျွန်တော်၏ အသက်မှာ ၉ နှစ်ရှိပါပြီ။ ကျွန်တော် အဖေက ဦးဘဝင်း၊ ကျွန်တော်၏ အမေက ဒေါ်သိန်းမြ ဖြစ်ပါတယ်။

ကျွန်တော့်မှာ မြမြဝင်းခေါ်တဲ့ အစ်မတယောက်ရှိပါတယ်။ သူက ကျွန်တော့်ထက် အသက် တနှစ်ကြီးပါတယ်။ ကျွန်တော်တို့ အစိုးရ မူလတန်းကျောင်းမှာ နေကြပါတယ်။ နှစ်ယောက်စလုံး တတိယတန်းမှာ ပညာသင်နေကြပါတယ်။

ကျွန်တော်တို့နေအိမ်ဟာ အောက်က ပုံအတိုင်းပါဘဲ။

ခြံဝင်းထဲမှာ စပယ်ပန်းရုံတွေရှိလို့ စပယ်မြိုင်လို့ နာမည်ပေးထားပါတယ်။ ဝင်းတံခါးတိုင်မှာ ကျွန်တော်တို့ အိမ်နာမည်နှင့် အမှတ်ကို ရေးထားပါတယ်။ အမှတ်ကတော့ ၃၃ ဖြစ်ပါတယ်။

ကျွန်တော်တို့အိမ်ဟာ ပြည်မြို့ ပန်းဘဲတန်းလမ်းထဲမှာ ရှိပါတယ်။ အိမ်ကို ကျွန်း ပျဉ်းကတိုး သစ်များနဲ့ ဆောက်လုပ်ထားပါတယ်။ အမိုးမှာ သွပ်ဖြစ်ပါတယ်။

မှတ်ချက်
အစ်မတစ်ယောက် မဟုတ်ပါ။
တစ်နှစ်ကြီးပါတယ် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး