Goodwill စိတ်ထား

ဘုရားစင်မှာ ဆွမ်းတော်တင်တဲ့ပုံထဲမှာ အဖုံးပါတာ၊ အခွံသင်မထားတာတွေ့ရင် ပြောချင်သူတွေရှိတယ်။

ဘုရားဆွမ်းတော်ကပ်လိုက်သူမှာ ကောင်းစိတ်က သက်ရောက်မှုရှိမယ်။ သူများကောင်းမှုပြုတာကို မြင်သိရသူမှာပါ သက်ရောက်မှုရှိမယ်။ သာဓုခေါ်ခြင်း၊ ပြစ်တင်စိတ်နဲ့ ဒွိဟသံသယစိတ်တမျိုးမျိုး ဖြစ်နိုင်တယ်။

သံသယစိတ်ကနေ စူးစမ်းမှုပြုချင်ပြုလိမ့်မယ်။ အကျိုးရှိလာနိုင်တယ်။ မိမိမြင်သိယူဆထားတာသည်သာလျှင် အဆုံးစွန် မှန်နေပြီ၊ ထပ်သိဖို့မလိုတော့ပြီလို့ ယူဆသူတွေဟာ မပြည့်သေးတဲ့ခွက်ထဲ ထပ်မဖြည့်တော့ပဲ ကိုယ့်လက်နဲ့ဖုံးထာသလို ဖြစ်တယ်။

အာဖကန်နစ်စတန်မှာ (၆) ရာစုကတည်းကတည်ထားကိုးကွယ်ခဲ့တဲ့ ပေ ၈၂ဝဝ အမြင့်ရှိတဲ့ ဘာမီယန် ဗုဒ္ဓရုပ်တုတော်ကို တာလီဘန်တွေကနေ ၂ဝဝ၁ ခုနှစ်မတ်လမှ ဒိုင်းနမိုင်းနဲ့ ဖြိုခွဲခဲ့တယ်။ ဥဒ္ဒိဿစေတီရဲ့သက်ရောက်မှုကို ပြတာဖြစ်တယ်။ စေတီပုထိုးတွေကို ရွှေချထားထား၊ ထုံးသင်္ကန်းကပ်ထားထား၊ မြတ်စွာဘုရားကို ရည်မှန်းထားတာသာဖြစ်တယ်။ စေတီ၊ ဆင်းတုတော်၊ ဆွမ်းပန်းမှန်သမျှ အတူတူသာဖြစ်တယ်။ ကောင်းစိတ်နဲ့ ပြုထားတာသာဖြစ်တယ်။

လူတွေမှာ မတူခြားနားလှတဲ့ အသိ-အမြင်-အလုပ်တွေ ရောထွေးနေတယ်။ အသိကနေ အရာရာကိုဦးဆောင်တယ်။ အသိကိုတိုးစေဖို့ရာ မပြည့်သေးတဲ့ခွက်ကို ပိတ်မထားရပါ။ ကျွန်တော့်အိုးမှာ စလောင်းမပါ။ ကျွန်တော်ကိုးကွယ်တဲ့ ဆင်းတုတော်မှာ စိန်ဖူးမပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ