Tuesday, April 30, 2019

တဆယ်ကျပ်

တဆယ်ကျပ်ကို တစ်ဆယ်ကျပ်လို့ ပဌမစစ်အာဏာသိမ်းအစိုးရကပြင်တယ်။ ဒုတိယစစ်အာဏာသိမ်းအစိုးရက တစ် မရေးမနေရ အမိန့်ထုတ်။ အခုထိလည်း အတည်။

တစ်သွေး = စစ်သွေး။ တစ်သံ = စစ်သံ။ တစ်မိန့် = စစ်မိန့်။

တဆယ်တန် တန်ဖိုးအစစ် ပြန်ရပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၈
၃ဝ-၄-၂ဝ၁၉
Zaw Moe Lwin ကျေးဇူး။

မှားတတ်ကြတယ်

အစာပြေ - အဆာပြေ
ညဏ် - ဉာဏ်
အိပ်စွက် - အိတ်စွပ်
ဒါဏ် - ဒဏ်
လုပ်ကျပါ - လုပ်ကြပါ
ဆုပ်ပြတ်သတ် - စုတ်ပြတ်သတ်

သတ်ပုံ မှားတတ်ကြတယ်။ ကျွန်တော်လည်း မကြာခဏမှားတယ်။ ညမအိပ်ခင်ရေးတင်ခဲ့တာတွေ အိပ်ရာထဲရောက်မှ ပြန်စဉ်းစားရင်း မှားရေးခဲ့တာ သိရတာမျိုးလည်းရှိတယ်။ မနက်ကျ ပြန်ပြင်နိုင်တာပြင်တယ်။ မပြင်ပဲ အမှားအတိုင်း ကျန်သေးတာတွေလည်းရှိမယ်။ ဆောရီး။ စိတ်ရင်းကောင်းနဲ့ ပြင်ပေးကြတယ်။ ကျေးဇူး။

ကျွန်တော်ကပြင်ပေးတဲ့အခါ အမှန်ပြင်ရေးသူတွေ မနည်းပါ။ ကောင်းတယ်။ တချို့ကတော့ မကြိုက်ကြပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၃၀-၄-၂၀၁၉

နှစ်တရာ

ခုရက်တွေမှာ နှစ်တရာသတင်းတွေ ဖတ်နေရတယ်။ ဘာလဲတော့ သေချာ မသိပါ။ သိတာတွေက -

မြို့မန္တလာ နှစ်တရာ
လမင်းတရာ ရောင်နီ
လမင်းတရာကဗျာများ ကြည်အောင်

သစ္စာတိုင် (အချုပ်တန်းဆရာဖေ ဒွေးချိုး)
ပစ်မခွါ၊ နှစ်တရာ ရှည်မြင့်အောင်ပ၊ တည်ခွင့်ပါဗျ။ မေတ္တာငယ်လှိုင်၊ သစ္စာတိုင် ယိုင်မကျိုးပါနှင့် ရိုးမြေပြာကျ။

ဒီနှစ်က ၂၀၁၉ ဖြစ်လို့ လွန်ခဲ့တဲ့ နှစ်တရာဆိုတာ ၁၉၁၉ ခုနှစ်။ ဗြိတိသျှကနေ မြန်မာပြည်ကို ၁၈၂၄ ကစပြီး တပိုင်းခြင်း သိမ်းယူတယ်။ မြန်မာပြည်ဟာ ၁-၁-၁၈၈၆ နေ့မှာ တရားဝင်ကိုလိုနီဖြစ်ခဲ့တယ်။ ၁၉၁၉ ခုနှစ်ကနေ ၁၉၃၇ ခုနှစ်အထိ ဗြိတိသျှအိန္ဒိယရဲ့ အစိတ်အပိုင်းတခု ဖြစ်ခဲ့တယ်။ ၁၉၄၈ မှာလွတ်လပ်ရေးရတယ်။

နှစ်တရာဆိုတာ ဘယ်လောက်မှ ကြာသေးတာမဟုတ်။ မေ့ကုန်ကြတာလား။ မသိကြတာလား။ တရာကို မှန်အောင် အရေးမခိုင်းတဲ့ခေတ်ကစပြီး သမိုင်းတွေ ပြင်ခံရ၊ ဖျက်ခံရလို့ ပျောက်ကုန်တော့တယ်။

ဒေါက်တာတင့်ဆွေ
၃၀-၄-၂၀၁၉

နှစ်တရာ ပက္ခဒိန်

အင်္ဂလိပ် ရခိုင် မြန်မာ သုံးဝါဒပါရှိသည့် နှစ်တရာ (၁ဝဝ) ပက္ခဒိန် တအုပ် ၁၂ ကျပ်

ပုံပို့ပေးသူ ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Chybolic Myrobalan ဖန်ခါးသီး

မနေ့ညက ဖန်တဲ့အရသာအကြောင်းရေးတာထဲမှာ ဒေါ်မြမြအေးက ဖန်ခါးသီးတမ်းတနေတယ်လို့ပါတယ်။

ဖန်ခါးသီးရဲ့အရသာက ဖန်ခါးပြီး နောက်မှာ အချိုအရသာလိုက်လာတယ်။ တချို့ကမကြိုက်ကြ။ တချို့က အလွန် နှစ်ခြိုက်ကြတယ်။ Terminalia Cebula လို့လည်းခေါ်တယ်။ Haritka လို့လည်းခေါ်တယ်။

ဗမာဆေးကျမ်းတွေမှာ ဖန်ခါးသီးသည် ဖန်၏။ ပူ၏။ ကြေကျက်လွယ်၏။ ခြောက်ကပ်စေ၏။ ကြေကျက်သောအခါ ချို၏။ ဝမ်းမီးကိုတောက်စေ၏။ ပျို့အန်ခြင်းကို သက်သာစေ၏။ ရေငတ်ပြေစေ၏။ နှုတ်ကိုမြိန်စေတတ်၏။ လေကိုသက်စေ၏။ ဝမ်းဗိုက်တင်းခြင်း၊ ထိုးအောင့်ခြင်း၊ ကျို့ထိုးခြင်းများကို ပျောက်ကင်းစေတတ်၏လို့ရေးထားတယ်။

အာယုဗေဒဆေးကျမ်းမှာလည်း သုံးတယ်။ အဆိပ်အတောက် ပျယ်စေတယ်။ ဆီးပိုသွားစေတယ်။ ပိတ်နေတာကို ဖယ်ရှင်းပေးတယ်။ အစာချေလမ်းကို ကောင်းစေတယ်။ Gallic acid ပါလို့ E. coli ပိုးကိုသေစေတယ်။ ဆီးချိုရှိသူတွေလည်း သင့်တယ်။ ခံတွင်းဆေးရာမှာလည်း သုံးတယ်။ နှလုံးရောဂါနဲ့ ကင်ဆာအထိရေးတာတွေ ရှိသေးတယ်။ ကိုယ်အလေးချိန်နည်းစေတယ်။ အရေပြားအတွက် ကောင်းတယ်။

မနက်ကျတော့ နှမကရေးတာ ဖတ်ရတယ်။ ရွာကအမျိုးတယောက်က မမအေးအတွက် ဖန်ခါးသီးဆားရည်စိမ် ပို့ထားတယ်တဲ့။ ဖန်ခါးသီးတမ်းတနေသူက အပင်ပေါ်တက်ပြီး ဆွတ်စားချင်နေလားမသိလို့ ပြန်ရေးလိုက်တယ်။ သူကတော့ အရသာကိုကြိုက်တာ။

ဒေါက်တာတင့်ဆွေ
၃၀-၄-၂၀၁၉

ထိပ်သီးပွဲ

အမေရိကား အိုဘာမားခေတ်က ဗားမားဆိုသောတိုင်းပြည်က ကာတွန်း

အဲတာနဲ့ တိုင်းပြည်အမည် ပြောင်းလိုက်ပြီ။ တလုံး တမတ်ကိုလည်း သတ်ပုံပြောင်းလိုက်သည်။ အကုန်ကောင်းသွားပြီ။

ဒေါက်တာတင့်ဆွေ
၃၀-၄-၂၀၁၉

Monday, April 29, 2019

ယမုန်နာအလွမ်း

စစ်ကိုင်းမြို့မှာ မိုးရွာစေဖို့ လွန်ဆွဲပွဲလုပ်တဲ့သတင်း ဖတ်ရတယ်။ ငရံ့မင်းပရိတ်ရွတ်တာနဲ့ မိုးခေါင်ကျော်စွာနတ်မင်း လို့လည်း ပါတယ်။ နတ်အမည်ကို အခုမှသာကြားဖူးတယ်။

ကျွန်တော်တို့ နယူးဒေလီမှာနေရစဉ်ကလည်း တချို့နှစ်တွေမှာ မိုးခေါင်လို့ မြန်မာပြည်ကဘုန်းကြီးတွေက ငရံ့မင်းပရိတ် ရွတ်ပေးကြရတယ်။ ပူပူလောင်လောင်နဲ့ ရေရှိရာ ယမုန်နာမြစ်ထဲသွားရတာ။ သောင်ပြင်မှာ ဖျာတချပ်စာနေရာလွတ်ကို အတော်ရှာရတယ်။ ကန်တော့။ အညစ်အကြေးစွန့်ကြလို့။ ဗမာပြည်ကလူတွေက လွန်မဆွဲဖြစ်ခဲ့ပါ။ စစ်ကိုင်းသူတွေလို အားမရှိလို့။

ဧရာဝတီနဲ့ ချင်းတွင်း၊ ဂင်္ဂါနဲ့ ယမုန်နာမြစ်တွေ သန့်ရှင်းပြီး ရေးစီးရေလာ ကောင်းပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂၀၁၉

Cambodia ကမ္ဘောဒီးယား

ကျွန်တော် ကမ္ဘောဒီးယားကို ၁၉၉၈ ရွေးကောက်ပွဲ နိုင်ငံတကာလေ့လာသူအဖြစ် ပဌမဆုံး ရောက်ခဲ့တယ်။ ကမ်ပေါင်ချနန်ခေါ် တောနယ်အထိ သွားရတယ်။ မဲခေါင်မြစ်ကြီး စီးနေတယ်။ ရေထဲမှာ လှေတွေ၊ မော်တော်တွေ စုန်ဆန်နေကြတယ်။ ကမ်းပေါ်မှာ ပြောင်းဖူးတွေ၊ ငါးတွေ ရောင်းနေကြတယ်။ ဘုန်းကြီးတွေ ဆွမ်းခံနေကြတယ်။ ရှစ်ကြာဝေးနေရတဲ့ ကိုယ့်တိုင်းပြည် ရောက်နေတဲ့အတိုင်းပဲ။

မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ AIPMC ခေါ် အာစီယန်အမတ်များအဖွဲ့နဲ့အတူ ဆယ်နှစ်နီးပါး လုပ်ကိုင်ခဲ့ရပါတယ်။ အာစီယန်နိုင်ငံတွေထဲက ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူနဲ့ ကမ္ဘောဒီးယားနိုင်ငံက အမတ်တွေနဲ့ လက်တွဲ လုပ်ရပါတယ်။ ကမ္ဘောဒီးယားအမတ် ဆွန်ချေးက ဆမ်ရင်ဆေးပါတီကပါ။ သူနဲ့အတော်ရင်းနှီးတယ်။ သူကလိုက်ပြလို့ ကမ္ဘောဒီးယားလွှတ်တော်ကိုရောက်ဖူးတယ်။ အဲဒီအချိန်က နေပြည်တော်မှာ လွှတ်တော်သစ်ကို ဆောက်နေတုန်း။

ကမ္ဘောဒီးယားကို ကမ်ပူးချားလို့လည်းခေါ်ခဲ့တယ်။ လူဦးရေ ၁၅ သန်းသာရှိတယ်။ ၉၅% ဟာ ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ကြတယ်။ ၈ဝ၂ ကတည်းကဘုရင်စနစ်စခဲ့တယ်။ ခမာအင်ပါယာကိုထူထောင်တယ်။ စေတီပုထိုးပေါင်း ငါးထောင်ဆောက်တည်ခဲ့တယ်။ Angkor Wat အန်ကာဝပ်ဟာ အခုထိထင်ရှားတယ်။ ၁၅ ရာစုမှာ အယုဒ္ဓယလက် အောက်ရောက်တယ်။ ၁၈၆၃ မှာ ပြင်သစ်ကကိုလိုနီပြုတယ်။ ၁၉၅၃ ခုနှစ်ကျမှသာ လွတ်လပ်ရေးရတယ်။ ဗီယက်နမ်စစ်မှာ ၁၉၆၉ ကနေ ၁၉၇၃ အထိ အမေရိကန်တွေက ဗုံးကျဲတာခံရတယ်။ ၁၉၇ဝ မှာ အာဏာသိမ်းပွဲဖြစ်တယ်။ ဘုရင်က အရင်ကသူ့ရန်သူ Khmer Rouge ခမာရု ခေါ် ကွန်မြူနစ်တွေကို ထောက်ခံတယ်။ ခမာရုတွေ ၁၉၇၅ မှာ အာဏာရလာတယ်။ ကွန်မြူနစ်တွေက ၁၉၇၅ ကနေ ၁၉၇၉ ခုအထိ လူမျိုးတုံးသတ်ဖြတ်မှုတွေကျူးလွန်တယ်။ ၁၉၇၉-၁၉၉၁ မှာ ဗီယက်နမ်နဲ့စစ်ဖြစ်တယ်။ ဗီယက်နမ်နဲ့ ဆိုဗီယက်လူနီယံက ဝင်ပါလာတယ်။ ၁၉၉၂-၉၃ မှာ ကုလသမဂ္ဂ အုပ်ချုပ်ခံနိုင်ငံဖြစ်လာပြန်တယ်။ ယူအင်က ရွေးကောက်ပွဲလုပ်ပေးတယ်။ ဟွန်ဆန်နဲ့ ပြည်သူ့ပါတီပြိုင်ကြတယ်။ ဟွန်ဆန်က ၂ဝ၁၈ အထိအာဏာရနေဆဲဖြစ်တယ်။ လွတ်လပ်မှုတွေ မရှိပါ။

ကမ္ဘောဒီးယားကို တခြားကိစ္စတွေနဲ့လည်း နောက်ထပ် ၃-၄ ခေါက်ရောက်ပါသေးတယ်။ နောက်ဆုံးအခေါက်မှာ ဘင်္ဂလားဒက်ကိုယ်စားလှယ်အဖွဲ့နဲ့အတူ အန်ကာဝပ်ကို သွားလည်ကြတယ်။ သူတို့က မွတ်ဆလင်တွေမဟုတ်ကြပါ။

အခုတော့ အဲလိုနိုင်ငံတကာမိတ်ဆွေတွေနဲ့ လက်တွဲမလုပ်ရတော့တာကြာပြီ။ မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုအတွင်းမှာ ကူညီရိုင်းပင်းခဲ့ကြတဲ့ နိုင်ငံတကာမိတ်ဆွေတွေကို အလွန်တရာ ကျေးဇူးတင်ပါတယ်။ သတိလည်းရနေတယ်။

၁၉၉၈ ရွေးကောက်ပွဲကတက်လာတဲ့ ဟွန်ဆန်ဟာ အခုထိ ဝန်ကြီးချုပ်ပဲ။ ဒီမိုကရေစီရွေးကောက်ပွဲမှာ အဲတာမျိုးလည်း ရှိတယ်။ အတိုက်အခံခေါင်းဆောင် ဆမ်ရင်ဆေးတို့လင်မယားကတော့ ပြင်သစ်ကို ထွက်ပြေးနေလိုက်ရ၊ ဖနွမ်ပင် ပြန်ဝင်လိုက်ရ။ သူတို့က လစ်ဘရယ်လ်တွေ။ ကျွန်တော်နဲ့ ခင်တယ်။ Sam Rainsy က ကျွန်တော့်ဖေ့စ်ဘွတ်ဖရင်း ဖြစ်တယ်။

Cambodia ကမ္ဘောဒီးယား https://doctortintswe.blogspot.com/2018/08/cambodia.html
Khmer Rouge ခမာရု https://doctortintswe.blogspot.com/2018/08/khmer-rouge.html

ဒေါက်တာတင့်ဆွေ
၂၉-၄-၂၀၁၉

May Day မေဒေး

မြန်မာပြည်မှာ မေဒေးဆိုရင် မသိတဲ့သူမရှိလောက်ပါ။ နိုင်ငံတကာအလုပ်သမားနေ့ကိုခေါ်တယ်။ အမေရိကမှာ မေဒေးမရှိပါ။ Labor Day လေဘာဒေးလို့တော့ရှိတယ်။  မြန်မာလိုပြန်ရင်လည်း အလုပ်သမားနေ့ပဲ။ မေဒေးနဲ့ အနှစ်သာရချင်းလည်း မတူပါ။ သူတို့ရဲ့ လေဘာဒေးဆိုတာ အမေရိကန်အလုပ်သမားတွေရဲ့ လူမှုရေးနဲ့ စီးပွါးရေး စွမ်းဆောင်နိုင်စွမ်းကို ဂုဏ်တင်တဲ့နေ့ရက်ဖြစ်တယ်။ နှစ်စဉ် စက်တင်္ဘာ ပထမတနင်္လာနေ့မှာကျရောက်တယ်။ တရားဝင် အလုပ်နားရက်လည်းဖြစ်တယ်။

မြန်မာပြည်မှာ လူမှုရေးတွေဖွံ့ဖြိုးစည်ပင်၊ တိုင်းပြည်စီးပွါးရေးလည်းကြွယ်ဝချမ်းလာတဲ့တနေ့မှာ လေဘာဒေးလို့ လုပ်နိုင်ကြရင်ကောင်းမှာပဲ။ အခုတော့ နေ့တိုင်းက လောဘဒေးဖြစ်နေသေးတယ်။ ဆောရီး။

နယူးဒေလီမြို့မှာနေစဉ်က နှစ်စဉ်ကျင်းပတဲ့ မေဒေးနေ့အခမ်းအနားတွေကို တက်ရောက်ခဲ့ပါတယ်။ မနှစ်က မြန်မာပြည်ကို အလည်ပြန်စဉ်က ရန်ကုန်မြို့မှာ မေဒေး ခေါ် အလုပ်သမားနေ့ပွဲကို တက်ခဲ့ပါတယ်။ လှိုင်သာယာမှာ ကျင်းပတယ်။ နေပူပူ ဖုံထူထူနဲ့ သဘာဝကျတယ်။ မြန်မာပြည်က အလုပ်သမားတွေဘဝ တိုးတက်ပါစေ။

International Workers Day နိုင်ငံတကာအလုပ်သမားနေ့ မေဒေးအမေရိကမှာ ဘာလို့မကျင်းပသလဲ http://doctortintswe.blogspot.com/2015/05/international-workers-day-2015.html

ဒေါက်တာတင့်ဆွေ
၂၉-၄-၂၀၁၉

May မေလ

၂ဝ၁၉ နှစ်မေလဟာ မြန်မာပြက္ခဒိန်အရ ၁၃၈၁ ခုနှစ်၊ တန်ခူးလဆုတ် (၁၂) ရက်ကနေ ကဆုန်လဆုတ် (၁၃) ရက်အထိ ဖြစ်တယ်။ မေလလို့ နာမည်ရလာတာက ဂရိနတ်သမီး Maia (မိုင်ယာ) ဆိုတဲ့ မျိုးပွားခြင်းနတ်သမီးဖြစ်တယ်။ တိုက်ဆိုင်တာက မြန်မာ (၁၂) ရာသီခွင်ဟာ မေလနောက်ပိုင်းမှာ မေထုန်ရာသီဖြစ်နေတယ်။

မေလထဲကထူးခြားတဲ့နေ့များ
မေလ (၁) ရက်နေ့မှာ နိုင်ငံအမျိုးမျိုးမှာ ယဉ်ကျေးမှုပွဲတော်တွေအမျိုးမျိုး ကျင်းပကြတယ်။
မေလ (၁) = May Day (International Workers' Day) အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
မေလ (၃) = ပိုလန်နဲ့ ဂျပန် ဖွဲ့စည်းပုံနေ့။
မေလ (၃) = World Press Freedom Day ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့။
မေလ (၄) = ဒိန်းမတ် (နာဇီဂျာမဏီလက်အောက်က) လွတ်မြောက်ခြင်းနေ့။
မေလ (၅) = နယ်သာလင် (နာဇီဂျာမဏီလက်အောက်က) လွတ်မြောက်ခြင်းနေ့။
မေလ (၅) = ဂျပန်နဲ့ ကိုရီးယား ကလေးများနေ့။
မေလ (၅) = National Teacher Day အမျိုးသားဆရာနေ့
မေလ (၉) = Europe Day (အီးယူ) ဥရောပနေ့။
မေလ (၁ဝ) = မက်ဆီကို၊ ဂွာတီမာလာ၊ အယ်လ်ဆာဗာဒို အမေလနေ့။
မေလ (၁ဝ) = (ဒုတိယတနင်္ဂနွေ) အမေရိကန် အမေများနေ့။
မေလ (၁၃) = IEEE Global Engineering Day ကမ္ဘာ့အင်ဂျင်နီယာနေ့။
မေလ (၁၅) = International Day of Families မိသားစုများနေ့။
မေလ (၁၇) = နော်ဝေနိုင်ငံ ဖွဲ့စည်းပုံနေ့။
မေလ (၁၈) = International Day of Capitalism နိုင်ငံတကာ အရင်းရှင်စနစ်နေ့။
မေလ (၁၈) = International Museum Day နိုင်ငံတကာပြတိုက်နေ့။
မေလ (၁၈) = Victoria Day ဗစ်တိုရီးယာနေ့။
မေလ (၂၁) = World Day for Cultural Diversity ကမ္ဘာ့ယဉ်ကျေးမှုကွဲပြားမှုနေ့။
မေလ (၂၂) = International Day for Biological Diversity နိုင်ငံတကာ ဇီဝမျိုးကွဲပြားမှုနေ့။
မေလ (၂၃) = World Turtle Day ကမ္ဘာ့လိပ်နေ့။
မေလ (၂၅) = Towel Day တဘက် (ပုဝါ) နေ့။
မေလ (၂၅) = လက်ဘနွန်လွတ်မြောက်ခြင်းနေ့။ အာဂျင်တီးနားတော်လှန်ရေးနေ့။ ဂိုင်ယာနာလွတ်လပ်ရေးနေ့။
မေလ (၂၅) = Memorial Day အောက်မေ့ဘွယ်နေ့။
မေလ (၂၈) = နီပေါသမတနိုင်ငံနေ့။

မေလ ကျန်းမာရေးနဲ့ဆိုင်တဲ့နေ့များ
မေလ (၅) = International Midwives Day နိုင်ငံတကာ ဝမ်းဆွဲဆရာမများနေ့။
မေလ (၈) = World Red Cross and Red Crescent Day နိုင်ငံကတာ ကြက်ခြေနီနေ့
မေလ (၁ဝ) = World Lupus Day ကမ္ဘာ့ (လူးပတ်စ်) ရောဂါနေ့။
မေလ (၁၂) = International Nurses Day နိုင်ငံတကာသူနာပြုများနေ့။
မေလ (၁၂) = International Awareness Day for Chronic Immunological and Neurological Diseases နိုင်ငံတကာ နာတာရှည် ခုခံအားနှင့်အာရုံကြောရောဂါများ အသိပေးလှုံ့ဆော်ရေးနေ့။
မေလ (၂၄) = World Schizophrenia Day ကမ္ဘာ့ (စကစ်ဆိုဖရီးနီးယား) စိတ်ရောဂါနေ့။
မေလ (၃၁) = World No-Tobacco Day ကမ္ဘာ့ဆေးလိပ်ဆန့်ကျင်ရေးနေ့။

မေလမှာ တလလုံးကျင်းပတဲ့ပွဲများ
• Asian American Heritage Month အာရှနွယ်ဖွားအမေရိကန်လ။
• Asian Pacific American Heritage Month အာရှ-ပစိဖိတ် ယဉ်ကျေးမှုအမွေအနှစ်လ။
• Celiac Awareness Month (စီလိယက်) ရောဂါ အသိပညာပေးလ။
• Cystic Fibrosis Awareness Month (ဆစ်စတစ်ဖိုက်ဘရိုးဆစ်) အသိပညာပေးလ။
• Haitian Heritage Month ဟေတီ ယဉ်ကျေးမှုအမွေအနှစ်လ။
• Hepatitis Awareness Month အသည်းရောင်ရောဂါ အသိပညာပေးလ။
• Jewish American Heritage Month အမေရိကန်-ဂျူး ယဉ်ကျေးမှုအမွေအနှစ်လ။
• Mental Health Awareness Month စိတ်ကျန်းမာရေး အသိပညာပေးလ။
• National ALS Awareness Month (အေအယ်လ်အက်စ်) ရောဂါ အသိပညာပေးလ။
• National Bike Month in the United States စက်ဘီးစီးလ။
• National Brain Tumor Awareness Month ဦးနှောက်ကင်ဆာ အသိပညာပေးလ။
• National Electrical Safety Month လျှပ်စစ် စိတ်ချရမှုလ။
• National Golf Month ဂေါက်သီးလ။
• National Masturbation Month in the United States ဖါသာအာသာဖြေခြင်းလ။
• National Osteoporosis Month အရိုးအားနည်းရောဂါ အသိပညာပေးလ။
• National Pet Month အိမ်မွေးတိရစ္ဆာန်လ။
• National Smile Month ယူကေနိုင်ငံ ပြုံးရယ်ခြင်းလ။
• National Stroke Awareness Month (ဆထုပ်) ရခြင်း အသိပညာပေးလ။
• National Water Safety Month ရေစိတ်ချရမှုလ။
• New Zealand Music Month နယူးဇီလန် တေးဂီတလ။
• Skin Cancer Awareness Month အရေပြားကင်ဆာ အသိပညာပေးလ။
• South Asian Heritage Month တောင်အာရှ ယဉ်ကျေးမှုအမွေအနှစ်လ။
• Virgin Mary အပျိုစင်မေရီလ (ကက်သလစ်)

- မေလကျောက်မျက်ရတနာ = Emerald မြ (အောင်မြင်ခြင်းနဲ့ ချစ်မေတ္တာ)။
- မေလပန်း = Lily of the Valley လွင်ပြင် လီလီပန်း။
- ကဆုန်လပန်း = စကားဝါပန်း၊ နယုန်လပန်း = စံပယ်ပန်း။
- ဆယ့်နှစ်ရာသီခွင် = Taurus ပြိဿ (မေလ ၂ဝ အထိ)၊ Gemini မေလထုန် (မေလ ၂၁ မှ)။

မြန်မာနိုင်ငံ အထိမ်းအမှတ်နေ့များ
- မေလ (၁) ရက် = အလုပ်သမားနေ့
- မေလ (၁၈) ရက် = ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်
- မေလ (၂၇) ရက် ၁၉၉ဝ = ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှစ်ပတ်လည်နေ့။
- မေလ (၃ဝ) ရက် ၂ဝဝ၃ = ဒီပဲယင်းအရေးအခင်းနေ့။

• January ဇန္နဝါရီလ http://doctortintswe.blogspot.com/2014/12/january.html
• February ဖေဖေါ်ဝါရီလ http://doctortintswe.blogspot.com/2015/02/february.html
• March မတ်လ http://doctortintswe.blogspot.com/2015/02/march.html
• April ဧပြီလ http://doctortintswe.blogspot.com/2015/03/april.html
• May မေလ http://doctortintswe.blogspot.com/2015/04/may.html
• June ဇွန်လ http://doctortintswe.blogspot.com/2015/05/june.html
• July ဇူလိုင် http://doctortintswe.blogspot.com/2015/06/july.html
• August သြဂုတ်လ http://doctortintswe.blogspot.com/2014/11/august.html
• September စက်တင်္ဘာလ http://doctortintswe.blogspot.com/2014/11/september.html
• October အောက်တိုဘာလ http://doctortintswe.blogspot.com/2014/11/october.html
• November နိုဝင်္ဘာလ http://doctortintswe.blogspot.com/2014/10/november.html
• December ဒီဇင်္ဘာလ http://doctortintswe.blogspot.com/2014/11/december.html

ဒေါက်တာတင့်ဆွေ

Iron Deficiency Anemia သံဓါတ်နည်း သွေးအားနည်းရောဂါ

သွေးအားနည်းရောဂါတွေက အမျိုးမျိုး။ အများဆုံးက သံဓါတ်နည်းရာကနေဖြစ်တယ်။ သွေးနီဥထဲမှာ ဟီမိုဂလိုဘင် ခေါ်တဲ့ပရိုတင်းကို သံဓါတ်နဲ့လုပ်ရတယ်။ သူကနေ အသက်ရှူလေထဲက အောက်စီဂျင်ကို သယ်ပို့ပေးတယ်။ အသက်နဲ့အမျှအရေးကြီးတယ်။ သံဓါတ်ဟာ အာရုံကြောဆဲလ်လေးတွေအတွက်လည်း အသုံးကျတယ်။

သံဓါတ်ကို လူတွေစားတဲ့အစာတွေကနေရတယ်။ အသဲ၊ အသား၊ ပဲသီး၊ အစေ့အဆန်တွေနဲ့ အစိမ်းရင့်ရောင် အရွက်တွေကနေရတယ်။ အစားအသောက် လုံလောက်မျှတအောင်မစားတတ်သူတွေမှာ သံဓါတ်နည်းမယ်။ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ အသက်ကြီးသူတွေမှာဖြစ်ရင် သိသာတယ်။

တနေရာရာကနေ သွေးယိုထွက်သူ။ လစဉ်ရာသီဆင်းတာ၊ ကိုယ်ဝန်ဆောင်တာ၊ သားဖွါးတာ၊ ထိခိုက်ဒဏ်ရာတွေကြောင့် သွေးအားနည်းနိုင်တယ်။ တချို့မှာ သံဓါတ်စုပ်ယူနိုင်စွမ်းနည်းတဲ့ရောဂါရှိတယ်။ ငှက်ဖျားနဲ့ သန်ကောင်ရောဂါတွေလည်း ပါတယ်။

သွေးအားနည်းနေသူ အားနည်းမယ်။ ခေါင်းမူမယ်။ ဖြူဖတ်ဖြူရော်နေမယ်။ ဆံပင်၊ ခြေသည်းလက်သည်း၊ အရေပြားနဲ့ လျှာတွေကို ထိခိုက်မယ်။ အလုပ်ထဲအာရုံစိုက်နိုင်စွမ်းနည်းမယ်။ မှတ်ဥာဏ်နည်းမယ်။ အသက်ရှူမဝ၊ သူများတွေလို ပြေးလွှားလုပ်ကိုင်သလို မလုပ်နိုင်။ အနာကျက်တာနှေးမယ်။ နှလုံးက အလုပ်ပိုလုပ်ပေးနေရလို့ နှလုံးရောဂါ ရလာနိုင်တယ်။

သွေးစစ်တာနဲ့ သိမယ်။ သွေးနီဥအရွယ်အစားနဲ့ အရေအတွက်။ Hb နည်းနေတာတွေ့မယ်။ Ferritin စစ်နည်းလည်း သုံးတယ်။

သံဓါတ်ကြောင့် သွေးအားနည်းနေသူ သံဓါတ်ပါအစားအစောတွေ စားရမယ်။ သံဓါတ်အားဖြည့်ဆေးသောက်ရမယ်။ ferrous sulfate, ferrous fumarate နဲ့ ferrous gluconate ဆေးတမျိုးမျိုးပေးမယ်။ သွေးအားနည်းစေတဲ့ အကြောင်းခံကို ကုသရမယ်။

1.    Anemia (အနီးမီးယား) သွေးအားနည်းရောဂါ http://doctortintswe.blogspot.com/2014/11/anemia.html
2.    Anemia and low Blood pressure သွေးအားနည်းတာနဲ့ သွေးဖိအားနည်းတာ http://doctortintswe.blogspot.com/2014/11/anemia-and-low-blood-pressure.html
3.    Anemia and Women အမျိုးသမီးနဲ့ သွေးအားနည်းရောဂါ https://doctortintswe.blogspot.com/2014/11/anemia.html
4.    Aplastic anemia အေပလပ်စတစ် သွေးအာနည်းရောဂါ http://doctortintswe.blogspot.com/2015/01/aplastic-anemia.html
5.    Blood donation rules သွေးလှူခြင်းဥပဒေသများ http://doctortintswe.blogspot.com/2014/11/blood-donation.html
6.    Blood donation မြတ်သော နီသော သွေး http://doctortintswe.blogspot.com/2014/10/blood-donation-rules.html
7.    Folic acid ဖေါလစ်-အက်စစ် http://doctortintswe.blogspot.com/2014/11/folic-acid.html
8.    Iron supplement and Liver diseases သံဓါတ်နဲ့ အသည်းရောဂါ http://doctortintswe.blogspot.com/2014/11/iron-supplement-and-liver-diseases.html
9.    Leukemia (လူကီးမီးယား) သွေးကင်ဆာ http://doctortintswe.blogspot.com/2015/01/leukemia.html
10.    Low white blood cell count သွေးဖြူဥနည်းခြင်း http://doctortintswe.blogspot.com/2014/10/low-white-blood-cell-count.html
11.    Petechiae သွေးခြည်ဥ http://doctortintswe.blogspot.com/2014/12/petechiae.html
12.    Thrombocytopenia သွေးမှုံအရေအတွက် နည်းနေခြင်း http://doctortintswe.blogspot.com/2015/01/thrombocytopenia.html

ဒေါက်တာတင့်ဆွေ

ပိုးလမ်းမကြီးနဲ့ ပိုးကောင်လေး

မြန်မာပြည်ဟာ တရုပ်နဲ့ အိန္ဒိယကြားမှာတည်ရှိတဲ့ အသားညှပ်ပေါင်မုံ့လို့ တင်စားလေ့ရှိကြတယ်။ တကယ်တော့ အလယ်က အသားတော့ မဟုတ်ပါ။ ပြုတ်တူနဲ့ ညှပ်ခံထားရတဲ့ မလူးသာမလွန့်သာ သတ္တုချောင်းလေးပမာ။

မဟာအိမ်နီးချင်းတွေအကြောင်းပြောရင် အခြေခံအကျဆုံးအချက်တွေကို မေ့မထားမှသာ မှန်တာနဲ့ နီးစပ်မယ်။ တရုပ်ဘာလဲ။ အိန္ဒိယဘာလဲ။ လတ်တလောဖြစ်တာ၊ လွန်ခဲ့တဲ့ဆယ်နှစ်စုတစုလောက်ကဖြစ်တာာတွေ ကြည်တာနဲ့ မလုံလောက်ပါ။

ဒုတိယကမ္ဘာစစ်လောက်ကိုကြည့်ရင် အိန္ဒိယက အင်္ဂလိပ်ကိုလိုနီ။ တရုပ်ကလည်း မဟာမိတ်တွေဘက်က။ အဲတာနဲ့ မြန်မာပြည်မြောက်ဖျားမှာ စတီးဝဲလ်လမ်းမကြီးဖြစ်လာတယ်။ လွတ်လပ်ရေး ကိုယ်စီရကြပြီး စစ်အေးကာလမှာ အိန္ဒိယက ဆိုဗီယက်လူ။ တရုပ်ကလည်း ကွန်မြူနစ်။ မြန်မာပြည်က ကြားနေ။ ဆိုဗီယက်နဲ့ တရုပ်လမ်းခွဲကြတော့ အိန္ဒိယက ဆိုဗီယက်လူအဖြစ် ကျန်ရစ်ကတည်းက ပြိုင်ဘက်သာမက ရန်ဘက်ဖြစ်လာကြတယ်။

မြန်မာပြည်မှာ စစ်တပ်ကအာဏာသိမ်းကတည်းက တရုပ်ကိုပူးတယ်။ စစ်တပ်အုပ်ချုပ်တာ အလွန်အမင်းကြာတော့ မြွေက အိမ်ဦးခန်းရောက်သလို ဖြစ်လာတယ်။ တကယ့် သုံးပွင့်ဆိုင်။ တကယ့် ရွှေတရိဂံ။ တကယ့် မြွေဟောက်။

အဖြစ်အပျက်တွေကိုသာမက သူတို့တတွေရဲ့ သွေးကိုပါ သိရမယ်။ တရုပ်သွေးနဲ့ အိန္ဒိယသွေးဟာ အသားအရောင်ထက် ပိုပြီးကွဲပြားတယ်။ အိန္ဒိယက သူ့ခြံကိုသူ ကြည့်တယ်။ သူ့ခြေထောက်ပေါ်သူ ရပ်နိုင်အောင်လုပ်တယ်။ သူ့အိမ်သားတွေကို ဝလင်အောင်ကျွေးနိုင်ဘို့ ကြိုးစားတယ်။ သူ့ထုတ်ကုန်ကိုသာ အားပေးတယ်။ တကယ့်ကို ဆိုရှယ်လစ်ဆန်တယ်။ ကွန်မြူနစ်တရုပ်က အော်တော့ မော်။ အမေရိကန်ထက်ပိုပြီး အရင်းရှင်ဆန်တယ်။

အိန္ဒိယလည်း နည်းနည်းပြောင်းလာတယ်။ တံခါးတွေ ပွင့်လာတယ်။ နားစွန့်၊ မျက်စိပို ပွင့်လာတယ်။ တရုပ်ကတော့ ဟိုတုန်းက နယ်ချဲ့လို့ခေါ်တာကို ပိုးသားနဲ့ယက်လုပ်လာတယ်။ ပိုးထည်ကို ဝယ်ချင်အောင် ရောင်းတတ်တယ်။ ပိုးသားမှာ ပင့်ကူအိမ်ပါနေတယ်။

မဟာပိုးလမ်းမကြီးစီမံကိန်းကို အိန္ဒိယက သပိတ်မှောက်လိုက်ပြီ။ ဗမာပြည်က ဆက်ပါတယ်။ ဘာလို့လဲ။ အိန္ဒိယမှာ အထက်ကအကြောင်းခံတွေအပြင် ခုခံစွမ်းအား ရှိလို့ဖြစ်တယ်။ ကျွန်တော်တို့တိုင်ပြည်မှာ ခုခံအားကျနေတာ ကြာပြီ။ မကြိုက်တာရှိတိုင်းလည်း ဆန္ဒပြတာနဲ့ မရနိုင်။ နေရူးပြောခဲ့တာက သူ့ထက်ကောင်းတာမရှိလို့ ဒီမိုကရေစီက အကောင်းဆုံးတဲ့။ အခုက မြန်မာပြည်ကခေါင်းဆောင်တွေက အဲလိုပြောဖို့ဖြစ်လာတယ်။

ကျွန်တော်တို့မှာ ပိုက်ဆံတမတ်သာရှိလို့ ငကြင်းခေါင်းကိုင်ချင်လို့မဖြစ်။ ရှိတဲ့တမတ်ကလည်း သုံးမရ။ ပင့်ကူအိမ်ထဲက ပိုးကောင်လေးမှာ ဒုက္ခ။

ခုခံအားကျရောဂါဆိုတာ တသက်လုံးဆေးသောက်နေရတာ။ ရောဂါဘယ်တုန်းကရခဲ့သလဲ ပြောစရာမလိုပါ။

ဒေါက်တာတင့်ဆွေ
၁၉-၄-၂၀၁၉

Sunday, April 28, 2019

နှစ်သစ်ကူးနှင့် သင်္ကြန်ပွဲ


ကိုယ့်အရပ်၊ ကိုယ့်ဇာတ်နဲ့ ကိုယ့်နေ့ရက်မှာ ဆင်နွှဲကြတယ်။ ပြင်ဆင်မှုတွေ ဇာတ်တိုက်ထားတာတွေက စင်မြင့်ပေါ် စားပွဲပေါ်ရောက်လာတယ်။ ဆိုတဲ့သူတွေလည်းကောင်း၊ ကတဲ့သူတွေလည်းကောင်းတယ်။ စတုဒိသာကျွေးမွေးတဲ့သူတွေက အကောင်းဆုံး။

ရွာနီးချုပ်စပ်က ဆရာတော် ငါးပါးက သီလပေး၊ ပရိတ်ရွတ် ကမ္မဝါဖတ်ပေးပါတယ်။

လူမျိုးဘာသာမရွေး လာကြတယ်။ စီစဉ်သူတွေနဲ့ ပတ်စာဖွါဖျာသိမ်းသူတွေလည်းတော်တယ်။ အားလုံး ပျော်ကြတယ်။ စာဖတ်ရသူတွေ ပျော်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၉

ယိမ်း

မဖြူနဲ့ မငြိမ်း
ယိမ်း မဟုတ်
လက်လည်ကြသူများမဟုတ်
တနှစ်တခါ မင်းသမီးလုပ်
ဂျိန်းတုတ်တုတ်။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၉

ခေတ်သစ်ပိုးလမ်းမစီမံကိန်းမှာ BCIM ကို တရုတ်ဖယ်ရှား

တရုတ်ကနေ ဥရောပထိ ဖေါက်လုပ်မယ့် BRI ခေတ်သစ်ပိုးလမ်းမ စီမံကိန်း စာရင်း စနေနေ့က ထုတ်ပြန်ရာမှာ အရင်က ပါခဲ့တဲ့ BCIM ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ လေးနိုင်ငံ စီးပွားရေးစင်္ကြန် စီမံကိန်းကို တရုတ်က ဖြုတ်ချခဲ့ပါတယ်။

ဧပြီလ ၂၅-၂၇ ရက်နေ့ထိ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ကျင်းပခဲ့တဲ့ BRI နိုင်ငံတကာ ညီလာခံကို အိန္ဒိယနိုင်ငံကလည်း သပိတ်မှောက်တဲ့အနေနဲ့ မတက်ရောက်ပဲနေခဲ့ပါတယ်။ မြန်မာ့အိမ်နီးချင်း အင်အားကြီးနှစ်နိုင်ငံ ဒေသတွင်း အားပြိုင်မှု အလားအလာ ဘယ်လိုရှိနေပါသလဲ။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

မြန်မာနိုင်ငံက မန္တလေးနဲ့ ဘင်္ဂလားဒေ့ရှ်က ဒါကာမြို့တွေဖြတ်ပြီး တရုတ်နိုင်ငံအရှေ့ တောင်ဘက် Kunming မြို့ကနေ အိန္ဒိယနိုင်ငံက Kolkata မြို့ထိ ဖောက်လုပ်မယ့် BCIM စီမံကိန်းဟာ တရုတ်ရဲ့ BRI ခေတ်သစ်ပိုးလမ်းမ စီမံကိန်းမှာ အဓိက စီးပွားရေးစင်္ကြန် ခြောက်ခုမှာ အရင်က ပါနေတာပါ။

ဒါပေမယ့် စနေနေ့က ကျင်းပပြီးစီးခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါ အ၀င် နိုင်ငံပေါင်း ၃၆ နိုင်ငံက အစိုးရထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်တဲ့ Belt and Road နိုင်ငံတကာညီလာခံအပြီး ထုတ်ပြန်တဲ့ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကျမယ့် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းစာရင်းမှာ BCIM စီမံကိန်းကို တရုတ်က ဘာကြောင့် ဖြုတ်ချခဲ့သလဲဆိုတဲ့ အကြောင်းအရာကို ချက်ချင်းမသိရ သေးပါဘူး။

သုံးရက်ကြာ ဘေဂျင်းမှာ ကျင်းပခဲ့တဲ့ BRI နိုင်ငံတကာညီလာခံကိုတက်ရောက်ဖို့ တရုတ်က ဖိတ်ကြားခဲ့ပေမယ့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် စီမံကိန်းကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ အိန္ဒိယက ညီလာခံကို တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ ဒီစီမံကိန်းမှာ အိန္ဒိယနဲ့ ပါကစ္စတန် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ Kashmir ဒေသ ပါကစ္စတန်ဘက်ခြမ်းကို ဖြတ်ပြီး ဖောက်လုပ်မယ့် အစီအစဉ်ပါနေတာပါ။

အခုလို တရုတ်ရဲ့ BRI ညီလာခံကို အိန္ဒိယဘက်က တက်ရောက်ခြင်းမရှိတာကိုကြည့်ရင် BRI စီမံကိန်းတွေဟာ ဒေသတွင်းနိုင်ငံတွေကို လွှမ်းမိုးမှုရဖို့ တရုတ်ဘက်က နယ်ချဲ့ လာနေတယ် လို့ အိန္ဒိယဘက်က အမြင်ရှိနေပြီး ဒီအပေါ်မှာ စိုးရိမ်မှုကြီးကြီးမားမားရှိနေကြောင်း ပြနေတယ်လို့ အမေရိကန်အခြေစိုက် မြန်မာ့အရေးအကဲခတ် ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“ ပထမ တချက်က အိန္ဒိယ နဲ့ တရုတ်က ဒေသတွင်းပြိုင်ဘက် တခါတခါ ရန်သူလိုဖြစ်နေတဲ့ အစဉ်အလာ တခုရှိပါတယ်။ နောက်တခါ အဲဒီအခြေအနေကို သိလို့ တရုတ်ကလည်း သူ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ နီပေါရယ် တခါ ပါကစ္စတန် ရယ် နောက်တခါ သီရိလင်္ကာပေါ့နော် အဲဒီနိုင်ငံတွေကို အတတ်နိုင်ဆုံး ခြေကုတ်ရအောင် ယူပြီးတော့ အဓိကတော့ ပါကစ္စတန် ၊ သူနဲ့ ကျတော့ နည်းမျိုးစုံနဲ့ ဆက်ဆံရေးကောင်းအောင် တရုတ်က ကျိုးစားနေတယ်။ အဲဒီအချိန်မှာ ပါကစ္စတန် နဲ့ အိန္ဒိယ ကလည်း လွတ်လပ်ရေးရကတည်းက ရန်သူတွေလို ဖြစ်နေတော့ အဲဒီအချက်ကို အိန္ဒိယက ကျေနပ်ခြင်းမရှိဘူးပေါ့နော် ၊ ဒါက ပထမအချက်။ နောက်တချက်က မြန်မာနိုင်ငံပေါ့နော်။ တရုတ်နဲ့ အိန္ဒိယကြားမှာ မြန်မာနိုင်ငံရှိပြီးတော့ မြန်မာနိုင်ငံကို ခြေကုတ်ပြုပြီးတော့ လွှမ်းမိုးမှုတွေ အမျိုးမျိုးလုပ်ပြီးတော့ အိန္ဒိယသမုဒ္ဒရာကို တရုတ်က ထွက်ပေါက်ရအောင်ကြိုးစားတဲ့အပေါ်မှာလည်း ဒုတိယ အချက်အနေနဲ့ အိန္ဒိယက ကျေနပ်ခြင်းမရှိပါဘူး။”

အခုလို အိန္ဒိယဘက်က သူ့နိုင်ငံအကျိုးစီးပွားထိခိုက်လာမယ့် တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းတချို့ မလိုလားတဲ့ အနေအထားရှိနေတဲ့အပေါ်မှာ တရုတ်ဘက်ကလည်း BCIM လေးနိုင်ငံ စီမံကိန်းကို ပြန်ပြီးမွမ်းမံလိုတာတွေ့ရတယ်လို့ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

“ယာယီတော့ တရုတ်က အိန္ဒိယကို ဖြုတ်ထားမယ့် သဘောတော့ ရှိနေတယ်။ ဒီစီမံချက်ကြီးကို မွမ်းမံပြုပြင်ပြီးတော့ တရုတ်က ဆက်လုပ်လိမ့်မယ်လို့ ကျနော်ထင်တယ်။ အိန္ဒိယကလည်း သူ့နိုင်ငံအကျိုးစီးပွားနဲ့ သူက ကြည့်တဲ့အခါမှာ အိန္ဒိယသမိုင်းတလျောက်မှာ သူ့ခြေပေါ်ရပ်တည်နိုင်ရေး ကြိုးစားပြီးဆက်သွားမယ်။ တရုတ်ကတော့ အရင် ပြီးခဲ့တဲ့ ဆယ်စုနှစ် ၊ ရာစုနှစ်တွေနဲ့ ပြောင်းပြန်ပေါ့နော် ကမ္ဘာကို လွှမ်းခြုံနိုင်တဲ့ ပုံစံမျိုးသွားနေတော့ လမ်းကြောင်းသွားတာချင်းက ဦးတည်ချက်မတူကြဘူး။”

အခုလက်ရှိအခင်းအကျင်းအရ အိန္ဒိယက ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ တရုတ်ရဲ့ BRI ခေတ်သစ်ပိုးလမ်းမ စီမံကိန်းဟာ အသာစီးရမယ့် အနေအထားရှိနေတယ်လို့ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

ဧပြီလ ၂၂ ရက်နေ့ထုတ်ပြန်တဲ့ တရုတ်အစိုးရရဲ့ BRI စီမံကိန်းစာရင်း အစီရင်ခံစာမှာ BCIM ကို ဖေါ်ပြခဲ့ပြီး လွန်ခဲ့တဲ့ ငါးနှစ်က လေးနိုင်ငံ ဒီစီမံကိန်းအကောင်အထည်ဖေါ်ဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနဲ့ လူမှုအသိုင်းအ၀ိုင်း အဖွဲ့အစည်းတွေ တိုးတက်ဖွံဖြိုးဖို့၊ အခြေခံလမ်းပန်း အဆောက်အဦတွေ ဆက်စပ်တည်ဆောက်၊ ဖောက်လုပ်ဖို့၊ ကုန်သွယ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့၊ စက်မှုဇုံတွေ တည်ထောင်ဖို့၊ ငွေကြေးဈေးကွက် ဖွင့်လှစ်ဖို့၊ ယဉ်ကျေးမှု ပေါင်းကူးတံတားတွေ အပြန်အလှန်တည်ဆောက်ဖို့နဲ့ လူထုချင်း ဆက်ဆံရေးတည်ဆောက်ဖို့ စတာတွေအတွက် အဓိက စီမံကိန်းတွေ ချမှတ်ခဲ့ကြောင်း ရေးသားထားပါတယ်။

ဒါပေမယ့် ဧပြီလ ၂၇ ရက်နေ့ စနေနေ့က ထုတ်ပြန်တဲ့ နောက်ဆုံးစာရင်းမှာတော့ BCIM စီမံကိန်းကို ဖြုတ်ချခဲ့ပြီး တောင်အာရှဒေသတွင်း တရုတ်က အဓိကလုပ်မယ့်စီမံကိန်းသုံးခုအဖြစ်- CMEC တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်၊ နီပေါ်လ်-တရုတ် နယ်စပ်ဖြတ်ဖေါက်လုပ်မယ့် မီးရထားလမ်း စီမံကိန်းအပါအ၀င် နီပေါ်လ်-တရုတ် ဆက်သွယ်ရေးလမ်းကြောင်း စီမံကိန်းနဲ့ CPEC တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန် စီမံကိန်းတွေကို ဖေါ်ပြထားပါတယ်။

https://burmese.voanews.com/a/china-drops-bci…/4895362.html…

ဗွီအိုအေ အင်တာဗျူးလောတော့ ကျွန်တော့်က သင်္ကြန်ပွဲလုပ်နေတဲ့ ဘုန်းကြီးကျောင်းမှာ။ ဆိုင်းသံဗုံသံတွေနဲ့ဖြစ်လို့ ကားတစီးထဲ တံခါးပိတ်ဖြေရတယ်။ အယ်ဒီတာက အချိန်ကိုက်တည်းဖြစ်ထားပါတယ်။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၉

Saturday, April 27, 2019

ပြင်ပေးတာကို စိတ်မရှိကြစေလိုပါ

ကွန်မင့်ကနေ သတ်ပုံပြင်ပေးတာ နည်းလမ်းကောင်းတော့ မဟုတ်ပါ။ တိုးတိုးတိတ်တိတ်ပြင်ပေးနည်းက ပိုကောင်းတယ်။ အခုတော့ မတတ်နိုင်။ ဆောရီး။

ကမ်မဌာန်း - ကမ္မဋ္ဌာန်း
ခုနှစ်ဆောင်တိုက်ခန်း - ခုနစ်ဆောင်တိုက်ခန်း
ဂုံးကျော် - ခုံးကျော်
ငလျှင် - ငလျင်
စိန်တစ်လုံး - စိန်တလုံး
ဘယ်မာ - ဘယ်မှာ
မဲစွယ် - မဲဆွယ်
လက်ပံတန်းမြို့မှကြိုဆိုပါ၏ - လက်ပံတန်းမြို့ကကြိုဆိုပါ၏
လှမ်းမမှီ - လှမ်းမမီ
လျပ်စစ်မီး - လျှပ်စစ်မီး
ဝရိယ - ဝီရိယ
ဝိညဉ်ပူး - ဝိညာဉ်ပူး
သရန်ဇာတ - သယံဇာတ
အနာဂါတ် - အနာဂတ်
အိတ်စွတ် - အိတ်စွပ်
အန္ဒရာယ် - အန္တရာယ်
ဗောဓိတစ်ထောင် - ဗောဓိတထောင်
ရွှေဂုဏ်သူ - ရွှေဂုံသူ

ရှေ့ကရေးတာတွေက မှားလို့ နောက်မှာ ပြင်ထားပါတယ်။ ပြင်ပေးတာကို စိတ်မရှိကြစေလိုပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၇-၄-၂၀၁၉

ဦးပွါး ခုံးကျော်

ဦးပွားဂုန်းကျော်မှာ မီးလောင်တဲ့သတင်း ဖတ်ရတယ်။ ဆောရီး။ ခုံးကျော်တံတားလို့ရေးတာက မှန်ပါမယ်။ ဖတ်တော့ ဂုံးကျော်။ ဟိုအရင်က မရှိလို့ သတ်ပုံစာအုပ်တွေမှာ မပါ။

ခုံး
ခုံးနေသည်
ခပ်ခုံးခုံး
ငခုံးမ
ဆန်ကာခုံး (ဆန်ခါခုံး၊ ဇကာခုံး)
ပခုံး
ပခုံးထမ်း
ဗန်းခုံး
လိပ်ခုံး
အခုံးအခွက်
အခုံးအမောက်
ဆောက်ခုံး

ဂူဂယ်မှာ ဦးပွါးလို့ရှာရင် မတွေ့။ ဦးပွားလို့သာ တွေ့တယ်။ မြန်မာစာကို မှန်မှန်ကန်ကန်ရေးတဲ့ခေတ်ကတော့ ပွါးများသည်၊ ပွါးတိုးသည်၊ စီးပွါးဥစ္စာ၊ သားသမီးပွါးလေ ထမင်းပိုးကြီးလေ စသဖြင့်သတ်ပုံကျမ်းတွေမှာပါတယ်။ အရင်က မူကွဲတွေပါ ရေးကြတယ်။ ခုခေတ်မှာ အရာရာ တသွေးတသံတမိန့်ဖြစ်လာတယ်။

မန္တလေးမြို့ ဘုရားကြီးတောင်ဘက်မှာ ဦးပွါးဘုရားရှိတယ်။ ဦးပွါးတံတားလည်းရှိတယ်။ ငယ်စဉ်က စက်ဘီးနဲ့ရော ကားနဲ့ပါ ခဏခဏဖြတ်ကျော်ခဲ့တယ်။ အလည်ပြန်တော့ အသစ်လုပ်ထားတဲ့ ဦးပွါးခုန်းကျော်ပေါ်ကနေ နှစ်ခေါက် သုံးလေးခေါက် ဖြတ်ခဲ့ပါတယ်။ စာဖတ်သူတွေ မြန်မာစာသုတ တိုးပွါးကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၇-၄-၂၀၁၉

Dregea volubilis ခွေးထောက်ရွက်

ဂွေးတောက်ရွက်ကြော်လို့ တင်ထားတဲ့ပို့စ်တခု တွေ့တယ်။ သတ်ပုံပြန်စစ်ကြည့်ပါတယ်။ ကျွန်တော်က ခွေးတောက်လို့သာ ရေးနေတာ။ သတ်ပုံစာအုပ်သစ်ကလည်း ခွေးတောက်။ သတ်ပုံကျမ်းဟောင်းမှာ ခွေးထောက်။ အရွက်က လူတွေ ခွေးတွေ တောက်တာ မကြားဖူးသေးပါ။

ကျွန်တော်နေတဲ့အရပ်တွေမှာ ခွေးထောက်ပင် အတော်ကို ရှားတယ်။ ထိုင်းနိုင်ငံ မဲဆောက်ကိုသွားတိုင်း တည်းခိုလေ့ရှိတဲ့ အိမ်ခြံစည်းရိုးက ခွေးထောက်ပင်မှာ အရွက်လှနေချိန်ဆိုရင် ခူးချက်စားဖြစ်တယ်။

ဒေလီမှာနေရစဉ် ၂၇-၃-၂ဝ၁၄ ရက်နေ့မှာတော့ ခွေးထောက်ရွက်ချက် စားရပါတယ်။ ပတ္တနား ခေါ် ပါဋလိပုတ် မြန်မာ ဘုန်းကြီးကျောင်းမှာရှိတဲ့ ခွေးထောက်ပင်ကနေခူးယူလာတဲ့ ဘုရားဖူးပြန်လာသူကနေပေးတဲ့ ခွေးထောက်ရွက် လက်ဆောင်ရလို့ပါ။ ကျေးဇူး။

ဒီတိုင်းပြည်ရောက်တော့ ခွေးထောက်နဲ့ ဇာတ်လမ်းပြန်ဆုံတယ်။ သမီးအိမ်မှာစိုက်ထားတာ။ မနှစ်က မြန်မာပြည်ပြန်တော့ ဒီက အအေးဓါတ်နဲ့ အပင်လေးခင်မြာ သေရှာရော။ အပင်သစ်စိုက်မလို့ စိတ်ကူးထားတယ်။

တမာ ခွေးထောက်၊ မြစ်လျှောက်ရောယှက်၊ တူနှောဖက်က။ သရက်ချိုမြ ဗန္ဓရလျှင်၊ ကွယ်ပအပြီး၊ အခါးသီး၏။

ရှားတဲ့ခွေးထောက်၊ ခါးတဲ့ခွေးထောက်ရွက်ပေါရာ မြန်မာပြည်ကိုသာ လွမ်းမိတော့တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၄-၂၀၁၉

ကျွန်ုပ်၏ ကျောနံပတ်များ

ဆေးကျောင်းမှာ တခန်းတည်းနေခဲ့တဲ့သူငယ်ချင်း တခြားနိုင်းပြည်တခုမှာ အကြာကြီးအလုပ်သွားလုပ်ရာနေ ပြည်တော်ပြန်ပြီ။ သူ့လိုပဲ အလွန်ရင်းတဲ့သူငယ်ချင်းက ဘယ်မှာနေမှာလည်း မေးတာကို အခန်းနံပတ် ၄၂ လို့ ဝင်ရေးလိုက်တယ်။ ဆေးကျောင်းယောက်ျားဆောင်က ကျွန်တော်တို့ အခန်းနံပါတ်။

မေးတဲ့သူငယ်ချင်းနဲ့က ဖေါင်ကြီး အတူတက်တာ။ ဇေယျ ၁၉ မှာ။ ကျွန်တော့် ကိုယ်ပိုင်နံပတ်က ၃၂၈။ ဆေးကျောင်း ခုံနံပတ်က ၆၈။ ဆရာဝန်ဖြစ်တော့ ဆမ နံပတ်က ၄၂၇၂။

နိုင်ငံရေးကျောနံပတ်တွေလည်းရှိတယ်။ အမတ်အဖြစ်ကြေညာခံရတဲ့နှစ်က ၁၉၉ဝ။ မျက်ကွယ်မှာ ချမှတ်ခံရတဲ့ ထောင်ဒဏ်က ၂၅ နှစ်။ အိန္ဒိယမှာနေခဲ့ရတာ ၂၄ နှစ်။ ပြည်ပနေရတာစုစုပေါင်း ၂၉ နှစ်။

ဒေါက်တာတင့်ဆွေ
၂၇-၄-၂၀၁၉

Magnolia Flower တယောက်တနယ်စီမှာနေ

ပိတောက်နဲ့ ချယ်ရီပမာလေ။ တွံတေးသိန်းတန်ရဲ့ နာမည်ကြီးသီချင်းစာသား။ အခုနေရတဲ့အရပ်မှာ ပိတောက်လည်းမရှိ၊ ချယ်ရီလည်း အဲလောက် နာမည်မကြီးပါ။ မက်ဂနိုလီယာပန်းတွေ ပေါတယ်။ အဖြူနဲ့ ပန်းရောင်။ တတိုင်းမွှေးပန်းလို့ ပြောကြတယ်။ တစရာမလိုပဲ မွှေးလည်းမွှေး လှလည်းလှပါတယ်။

ခုခေတ် မြန်မာစာပါမောက္ခတွေ၊ အယ်ဒီတာတွေ၊ စာရေဆရာတွေ၊ ကဗျာဆရာတွေက တစ်တိုင်းမွှေးတဲ့။

ဒေါက်တာတင့်ဆွေ
၂၇-၄-၂၀၁၉

Friday, April 26, 2019

Islamic Terrorism အစ်လားမစ် အကြမ်းဖက်မှုများ

အစ်လားမစ်အကြမ်းဖက်မှုသမိုင်း ၇ ရာစုကတည်းကစတယ်။ အဖြစ်အများဆုံးနိုင်ငံတွေက အီရတ်၊ အာဖကန်နစ္စတန်၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန်နဲ့ ဆီးရီးယား။ ၂၀၁၅ ခုနှစ်စာရင်းအရ သူတို့ကြောင့်သေဆုံးမှုဟာ အကြမ်းဖက်မှု အားလုံးကြောင့် သေဆုံးရတာတွေရဲ့ ၇၄% ရှိတယ်။ ၂၀၁၆ စာရင်းအရ အများဆုံးလုပ်ကြံတဲ့အဖွဲ့တွေက ISIS, Boko Haram, the Taliban နဲ့ Al-Qaeda တွေ ဖြစ်တယ်။

မွတ်ဆလင်ဦးရေများတဲ့ အာဖရိကနဲ့ အာရှနိုင်ငံတွေအပြင် ဥရောပ၊ ရုရှား၊ သြစတေးလျား၊ ကနေဒါ၊ အစ်ဇရေး၊ အိန္ဒိယ၊ ယူကေနဲ့ ယူအက်စ်အေနိုင်ငံတွေမှာလည်း ဖြစ်တယ်။ သူတို့ပစ်မှတ်တွေက မွတ်ဆလင်မဟုတ်သူတွေကိုရော မွတ်ဆလင်တွေကိုပါ ထားတယ်။

၁၉၆၀-၁၉၇၀ ကျော်နှစ်များ
အစ်ဇရေးကိုအကြောင်းပြုပြီး အာရတ်နိုင်ငံတွေမှာ မာ့စ်ဝါဒနဲ့ အနောက်တိုင်းဆန့်ကျင်ရေးတွေ ဖြစ်လာတယ်။ ၁၉၆၀ ကျော်မှာ ပါလ်စတိုင်း Al Fatah နဲ့ Popular Front for the Liberation of Palestine (PFLP) တွေက အရပ်သားတွေကို ဦးတည်တိုက်ခိုက်တယ်။ ဆော်ဒီအာရေးဗီးယားမှာ အစ်လားမစ်အဖွဲပေါ်လာတယ်။

၁၉၈၀-၁၉၉၀ ကျော်နှစ်များ
၁၉၇၉ ခုနှစ်မှာ နိုင်ငံတကာအကြမ်းဖက်မှု တဆင့်တက်လာတယ်။ အာရတ်ကမ္ဘာနဲ့ အနောက်ကမ္ဘာမှာ Shia Islam ရှီယာအုပ်စုကမွှေတော့တယ်။ ဆိုဗီယက်ကနေ အာဖကန်မှာကျူးကျော်တော့ မူဂျာဟစ်ပေါ်လာတယ်။ ၁၉၉၄ ကစပြီး ပါကစ္စတန်အကူအညီနဲ့ Taliban militia တွေ အာဖကန်မှာလှုပ်ရှားလာတယ်။ ၁၉၉၃ နဲ့ ၁၁-၉-၂၀၀၁ ဝါးထရိတ်စင်တာ တိုက်ခိုက်မှုကြီးဖြစ်တယ်။

Tactics အသုံးပြုကြတဲ့ နည်းနာများ
1.    Suicide attacks မိမိကိုယ် အသေခံနည်း
2.    Hezbollah ဟစ်ဘိုလာတွေက စတယ်။
3.    Hijackings လေယာဉ်ပြန်ပေးဆွဲနည်း - နိုင်းအလဲဗင်းမှာ လေယာဉ်ခရီးည်ပေါင်း ၃၀၀၀ နီးပါးခံကြရတယ်။
4.    Kidnappings and executions လူပြန်ပေးဆွဲနည်း - ၁၉၉၀ ကျော်ကတည်းက Black flag of Jihad အမည်းရောင် ဂျီးဟဒ်အလံ သုံးတယ်။

အစွန်းရောက်အကြမ်းဖက်မှုခံရတဲ့နိုင်ငံများ
1.    Afghanistan
2.    Algeria
3.    Argentina
4.    Australia
5.    Bangladesh
6.    Belgium
7.    Burkina Faso
8.    Canada
9.    China
10.    Egypt
11.    France
12.    India
13.    Indonesia
14.    Iraq
15.    Israel and the Palestinian territories
16.    Italy
17.    Kenya
18.    Kyrgyzstan
19.    Lebanon
20.    Morocco
21.    Norway
22.    Pakistan
23.    Poland
24.    Russia
25.    Saudi Arabia
26.    Somalia and the Horn of Africa
27.    Spain
28.    Sri Lanka
29.    Sweden
30.    Tajikistan
31.    Thailand
32.    Tunisia
33.    Turkey
34.    USA
35.    Uzbekistan
36.    Yemen
37.    Transnational နိုင်ငံတကာနယ်နိမိတ်ကျော်

အဖွဲ့အစည်းအမည်များ
1.    Abu Sayyaf, Philippines
2.    Al-Aqsa Martyrs' Brigades, Gaza Strip and West Bank
3.    Al-Gama'a al-Islamiyya, Egypt
4.    Al-Qaeda, worldwide
5.    Al-Shabaab, Somalia
6.    Ansar al-Islam, Iraq
7.    Ansar al-sharia, Libya
8.    Armed Islamic Group (GIA), Algeria
9.    Boko Haram, Nigeria
10.    Caucasus Emirate (IK), Russia
11.    East Turkestan Islamic Movement (ETIM), China
12.    Egyptian Islamic Jihad, Egypt
13.    Great Eastern Islamic Raiders' Front (IBDA-C), Turkey
14.    Hamas, Gaza Strip and West Bank
15.    Harkat-ul-Mujahideen al-Alami, Pakistan
16.    Hezbollah, Lebanon
17.    Islamic Movement of Central Asia, Central Asia
18.    Islamic Movement of Uzbekistan, Uzbekistan
19.    Islamic State of Iraq and the Levant, worldwide
20.    Jaish-e-Mohammed, Pakistan and Kashmir
21.    Jamaat Ansar al-Sunna, Iraq
22.    Jemaah Islamiyah, Indonesia
23.    Lashkar-e-Taiba, Pakistan and Kashmir
24.    Lashkar-e-Jhangvi, Pakistan
25.    Maute group, Philippines
26.    Moro Islamic Liberation Front, Philippines
27.    Moroccan Islamic Combatant Group, Morocco and Europe
28.    Palestinian Islamic Jihad, Gaza Strip and West Bank
29.    Tawhid and Jihad, Iraq

ဒေါက်တာတင့်ဆွေ
၂၇-၄-၂၀၁၉

တောလမ်းခရီး

တကုန်းဆင်းသက်၊ တကုန်းတက်၍၊
မြိုင်နက်သာမော၊ စုံတကြော၌၊
တတောထွက်ဝင်၊ တတောင်မြင်နှင့်၊
တပင်ရိပ်နား၊ တပင်သွားသော်၊
တောဖျားမြိုင်နက်၊ လမ်းချက်စူးစမ်း၊
ရိပ်ဖမ်းဆွေးနွေး၊

ရှင်ရဋ္ဌသာရ ရွှေစက်တော်သို့ ဘုရားဖူးခရီးစဉ်မှာ ရေးခဲ့တာ။ ခုခေတ်ကဗျာဆရာတွေကတော့ တစ်ကုန်း၊ တစ်ကြော၊ တစ်တော၊ တစ်တောင်၊ တစ်ပင် တဲ့။ မြန်မာစာ တောလမ်းခရီးမဟုတ် နေပြည်တော်ခရီး၊ ရန်ကုန်ခရီး သွားနေပါသည်။ မန္တလေးလည်း တစ်နေသည်။ (ဒေါ်) ခင်ဆွေဦး တလပြည့်မှာ တွေ့လိုက်သည်။

ဒေါက်တာတင့်ဆွေ
၂၇-၄-၂၀၁၉

ပျဉ်းတော်သိမ်ရွက်

ပဲဟင်းချက်။ ကုလားပြည်ထွက် မဟုတ်ပါ။ ယူအက်စ်အေမှာ စိုက်တာ။ အညာငပိချက်နဲ့ တမာရွက်။ ဝက်သားခွက်တော့ လူမြင်ကောင်းအောင် ပုံထဲမှာထည့်ထား။ စားတော့ တဖတ်တလေ။ နွေမှာ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၇-၄-၂၀၁၉

မတူသော အသက်မွေးမှုများ

တနေ့တပြားသောက်ပါပြောတာက ဆရာဝန်။
တနာရီလေတိုက်နှုန်းပြောသူက မိုးလေဝသပညာရှင်။
ကွန်တချက် ဟင်းတခွက်ဆိုတာ တံငါ။
ကြွေတလက် ကြက်တခုန်ဆိုတာ လောင်းကစားသမား။
တချက်တကောင်ဆိုတာ လက်ဖြောင့်သမား။
တမူးရလို့ တပဲလှူတာ ရှမ်းတောင်သူ။
တရာ့ကိုး တရာ့တဆယ်သမားဆိုတာ အလုပ်လက်မဲ့။
တလိမ်နှစ်လိမ် ပွေလိမ်ရှုတ်တဲ့ လူကြာကြီးတွေပေါတာ ဟိုတိုင်းပြည်။
ဗိုလ်တထောင် တပ်သားတယောက်ဆိုတာ ဟိုစစ်တပ်။
တပိုင်းတစသာသိသူဆိုတာ ဆရာကြီး။
တဆိတ်ကို တအိတ်လုပ်သူဆိုတာ ပို့စ်အဆန်းတွေတင်တဲ့သူ။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂၀၁၉

စိုးရိမ်စိတ်ဆိုတာ

၁။ မင်္ဂလာပါရှင့် ဆရာ အဆုတ်မှာသွေးခဲပြီး ချောင်းဆိုးနေတာ တလနေမှသိရလို့ အသက်အန္တရာယ် စိုးရိမ်ရလားရှင်

ဖြစ်တဲ့သူ ကလေး လူကြီး မသိ။ ကျား မ မသိ။ အသက် မသိ။ ဘာဖြစ်နေမသိ။

၂။ မင်္ဂလာပါ။ တခုလောက်မေးချင်ပါတယ်ဆရာ။ သွေးဖြူဥနည်းရင်စိုးရိမ်ရလားဆရာ။

မေးနည်း ပို့လိုက်တယ်။ ဖြစ်တဲ့သူ ကလေး လူကြီး မသိ။ ကျား မ မသိ။ အသက် မသိ။ ဘာဖြစ်နေမသိ။

စိုးရိမ်ရလားနဲ့ ဆရာဝန်ပြရမလားသာမေးတာတိုင်းကို မဖြေ။ တကယ်ဖြစ်နေတာကို အချက်အလက်နဲ့မေးရင် ကာကွယ်နည်းနဲ့ ကုသနည်းတွေ ဖြေတယ်။ စိုးရိမ်စိတ်ဆိုတာ တယောက်နဲ့တယောက် အတော်ကိုမတူပါ။ တချို့က ကိုယ့်မှာ မဖြစ်တာကို ကြောက်နေတယ်။ တချို့က ကင်ဆာကို ဖေ့စ်ဘွတ်နည်းနဲ့ပျောက်မယ်ထင်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂၀၁၉

ပျူခေတ်

ရှေးနှစ်ပေါင်း တထောင့်ငါးရာကျော်က မြန်မာတိုင်းရင်းသားတို့၏ အဆက်အနွယ် ပျူလူမျိုးတို့ ရှိခဲ့ကြောင်း၊ ထိုခေတ်ကာလအတွင်းက သာသနာတော် မည်မျှထွန်းကားခဲ့ကြောင်း ထင်ရှားသက်သေပြနိုင်စိမ့်သောငှာ ထိန်းသိမ်း စောင့်ရှောက်ထားအပ်သည့် ပြည်မြို့ မှော်ဇာရပ်ရှိ လေးမျက်နှာဘုရား (မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၀ စာမျက်နှာ ၂၀၁ မှ)

နောက်နှစ်ပေါင်း တထောင့်ငါးရာကျော်သောအခါ ပြုပြင်ဖာထေးအပ်သည့် မြန်မာစာသတ်ပုံနှင့် သာသနာတော်ကို ညှိုးနွမ်းစေသော သင်္ကန်းရုံများ ပေါ်ပောက်လာလေသည်။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂၀၁၉

Midwife သားဖွါးဆရာမ ပဌမရသွားသည်

လူတွေဆီ အများဆုံးရောက်တဲ့အရေအတွက် အဲတာက 185,618 ယောက်ရတယ်။ ခင်သန်းနုယူရန် ထီအတိတ်နဲ့ထိုးသူ တသိန်းဆုပေါက်က 5,439 ယောက် ဒုတိယနဲ့ Food poisoning အစာဆိပ်သင့်ခြင်းက 4,053 ယောက်ရှိလို့ တတိယ ရတယ်။ တချို့စာတွေက တင်ထားတာ ၄ နာရီသာရှိသေးလို့ အရေအတွက်တိုးချင်တိုးနိုင်သေးတယ်။ Page ကို ဆန်းစစ်မှု လုပ်တာဖြစ်ပါတယ်။ ပဌမရတာက ဓါတ်ပုံကောင်းလို့လည်းဖြစ်နိုင်တယ်။ ကျေးဇူး။

• Midwife သားဖွါးဆရာမ 185,618 People Reached 42,295 Engagements
• ANC ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း 1,059 People Reached 53 Engagements
• Hi နှင့် ဟု 1,751 People Reached 101 Engagements
• ဆေးကို ဘိုတွေရော ဗမာတွေပါ အတူသောက်ရတယ် 2,225 People Reached 139 Engagements
• Stomach အစာအိမ်ရောဂါအတွက် 747 People Reached 25 Engagements
• Loka Niti ခေတ်သစ် လောကနီတိ 1,695 People Reached 122 Engagements
• တဆိတ် တခြား တလှပ်လှပ် 2,921 People Reached 272 Engagements
• Marijuana and Cancer ဆေးခြောက်နှင့် ကင်ဆာ 2,107 People Reached 170 Engagements
• ပဲနံ့သာရွက် ဟင်းချိုချက် 1,615 People Reached 112 Engagements
• ခင်သန်းနုယူရန် ထီအတိတ်နဲ့ထိုးသူ တသိန်းဆုပေါက် 5,439 People Reached 1,616 Engagements
• Loka Niti ခေတ်သစ် လောကနီတိ (၃) 937 People Reached 59 Engagements
• Health Articles ကျန်းမာရေးစာတိုင်း ဆရာဝန်မဟုတ်ပါ 1,408 People Reached 60 Engagements
• ဗားမဲ့သိုက်စာ 1,347 People Reached 79 Engagements
• Food poisoning အစာဆိပ်သင့်ခြင်း 4,053 People Reached 491 Engagements
• Cardiomegaly နှလုံးကြီးခြင်း 3,164 People Reached 314 Engagements
• Beat the summer heat အပူဒဏ်ကာကွယ်ရန် 907 People Reached 67 Engagements
• တသောင်းတန်တဲ့ ဒေါင်းအလံ 2,454 People Reached 240 Engagements
• Ringing in the Ears နားအူခြင်း 2,366 People Reached 201 Engagements
• Full Stop မြန်မာစာမှာ ဖူးလ်စတော့ မရှိ 1,175 People Reached 62 Engagements
• ကျား မ မသိ အသက် မသိ 1,617 People Reached 77 Engagements
• ထီကွန်မင့်များ 1,784 People Reached 77 Engagements
• အကြိမ်ပေါင်းတထောင်ကျော် တင်ထားတယ် 645 People Reached 24 Engagements
• Hygiene တကိုယ်ရေသန့်ရှင်းရေး 1,083 People Reached 120 Engagements
• မဖတ်လိုက မမေးစေလိုပါ 881 People Reached 39 Engagements
• Midwife သားဖွါးဆရာမ သို့မဟုတ် ၂၅ ရွာစား 2,030 People Reached 193 Engagements
• တို့စရာ 1,305 People Reached 106 Engagements
• ပဌမ ပဋ္ဌမ ပထမ 2,291 People Reached 226 Engagements
• Yaba ယာဘ 664 People Reached 21 Engagements
• Systemic Sclerosis စကယ်လယ်ရိုးဆစ်ရောဂါ 3,099 People Reached 340 Engagements
• ပုလဲ 1,617 People Reached 147 Engagements
• The Psychology of Superstition အယူစွဲများ၏ စိတ်ပညာ 1,977 People Reached 160 Engagements
• ကျောက်တလုံး 917 People Reached 51 Engagements
• တလတကြိမ်ထုတ် 1,003 People Reached 45 Engagements
• Rain clouds မိုးတိမ်တွေ 1,254 People Reached 62 Engagements
• Diabetes writings ဆီးချိုရောဂါစာများ 1,368 People Reached 58 Engagements
• HIV မေးခွန်းများ 1,472 People Reached 97 Engagements
• Cervical stenosis သားအိမ်ဝကျဉ်းခြင်း 3,045 People Reached 440 Engagements
• Question Discipline မေးနည်းစည်းကမ်း သုံးကြိမ်မြောက်ပို့လိုက်တယ် 1,333 People Reached 52 Engagements
• Nephritis ကျောက်ကပ်ရောင်ခြင်း 1,102 People Reached 89 Engagements
• Common Lab Tests သွေးစစ်နည်းများ 662 People Reached 31 Engagements
• PID အမျိုးသမီးတင်ပါးဆုံတွင်းရောင်ခြင်း 661 People Reached 48 Engagements
• ဆရာက စာရေးမကောင်း 813 People Reached 66 Engagements
• ဖြေရမှာ အားနာစရာတွေရှိတယ် 373 People Reached 13 Engagements
• တမျက်နှာ ကာတွန်းကောင်းများ 306 People Reached 5 Engagements
• စတုဒိသာ 287 People Reached 10 Engagements

ဒေါက်တာတင့်ဆွေ
၂၆-၄-၂၀၁၉

အပူနဲ့ အအေး



တမာပင် ဘယ်မှာစိုက်လို့ ရှင်သလဲမသိတတ်၊ အရွက်လတ်လတ်ဆတ်ဆတ် ရတယ်။

ဒေါ်ဝါးသမီး မျှစ်စို့ကြီးကလည်း ခေါင်းမြီးခြုံကာ ဗီဇာရပြီး လေယျာဉ်းစီးလာတာ တခါခါရတယ်။

မန်ကျည်းရွက်ကတော့ ဗူးထဲက ခူးရတာ။

မဇ္ဈိမဒေသက ညောင်ပင် ပစ္ဆိမအရပ်မှာ မရှင်။

ခွေးတောက်ပင်ပျိုလေးတွေ ရောင်းနေသတဲ့ ဝယ်ရဦးမယ်။ သမီးစိုက်ခဲ့တဲ့အပင် နှင်းကိုက်ခံလိုက်ရရှာတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂၀၁၉

Common Lab Tests သွေးစစ်နည်းများ

အသက် ၂၀ မိန်းကလေးပါ ကိုယ်အလေးချိန်က မချဘဲကျနေလို့ပါ သွေးစစ်တော့လည်းဘာမှမရှိဘူး

ရာသီ မသိ။ အိမ်ထောင်ရေး မသိ။ သွေးစစ်နည်းတွေကအများကြီးရှိ။ ဘာကိုစစ်သလဲ မသိ။

Common Lab Tests အများဆုံးလုပ်လေ့ရှိတဲ့ သွေးစစ်နည်းများ

1.    Basic Metabolic Panel
2.    Complete Blood Count
3.    Comprehensive Metabolic Panel
4.    Hemoglobin A1C
5.    Lipid Panel
6.    Liver Panel
7.    Prothrombin Time
8.    Thyroid Stimulating Hormone

ဒေါက်တာတင့်ဆွေ
၂၆-၄-၂၀၁၉

ဆရာက စာရေးမကောင်း

ဆရာရှင့် မေးစရာရှိလို့ပါ ကျေးဇူးပြုပြီးဖြေပေးပါ အသက် 45 ခံတွင်းအနံဆိုးနေလို့ပါ သွားဆေးခန်းမှာလဲ ခြောက်လတခါ သွားတွေသန့်ရှင်းရေးလုပ်တယ် သွားပွတ်ကြိုးလဲသုံးတယ် ခံတွင်းသန့်ဆေးရည်လဲသုံးတယ် လျှာတိုက်တံလဲသုံးတယ် ခဏတာဘဲခံတယ် နံနေတာဘဲဆရာ ဖြစ်နေတာလဲကြာပြီသတိမထားမိဘုးဆရာ သိတဲ့အချိန်မှာ သူများတွေနဲ့ စကားမပြောရဲဘူး စိတ်ဓါတ်တွေကျနေတယ်ဆရာ နား နှာခေါင်းလည်ချောင်းလဲပြတယ်ဆရာ မှန်ပြောင်းလဲကြည်ပြီးပြီ ဘာမှမဖြစ် သွားတွေလဲကောင်တယ်ပြောတယ် စိတ်ညစ်နေတာဆရာ ဘာဆက်လုပ်ရမလဲသိချင်ပါတယ်

Bad breath ခံတွင်းနံ့ မကောင်းရင် https://doctortintswe.blogspot.com/2014/11/bad-breath.html

ဆရာရှင့်  ဘယ်ဆရာဝန်နဲ့ပြသင့်ပြီး ဘာဆက်လုပ်ရမလဲသိချင်တာပါရှင့် ကျေးဇူးပြု၍ညွှန်ကြားပေးပါရှင့်

ဆရာဝန်ပြမပြ ဘယ်ဆရာဝန်မေးတာတိုင်းကို မဖြေပါ။ စိုးရိမ်ရလားသာ မေးတာတိုင်းကိုလည်း မဖြေပါ။ ဆောရီး။ ခံတွင်းနံ့မကောင်းခြင်းစာ ပို့ထားပြီး။ ဖတ် မဖတ် မသိ။ မဖတ်လိုက မမေးစေလိုပါ။

ဆရာရှင့် ခံတွင်းနံ့မကောင်းခြင်းစာကိုဖတ်ပါတယ် သေချာနားမလည်လို့ မေးမိတာပါ အမှားဖြစ်သွားရင် တောင်းပန်ပါတယ်ရှင့်

ဆောရီး။ ဆရာက စာရေးမကောင်း။ တချို့က နားမလည်။ အဲလိုဖြစ်သူတွေက တခြားဆရာဝန်ကိုပြသင့်ကြ။

ကျွန်တော်က တခါတခါစာရေးတာ လောတတ်တယ်။ ဖတ်တဲ့သူတွေ နားမလည်တာရှိမယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂၀၁၉

ဖြေရမှာ အားနာစရာတွေရှိတယ်

ဆရာရှင့်Ox bile 500mg, digestive enzymes, betaine hcl pepsin, probiotic 30 billion, L glutamine 500mg အဲ့ဒီဆေးတွေရဲ့ benefit ကိုသိချင်တာပါရှင့် ဆေးတွေမှာ ဘာအာနိသင်တွေပါလည်း ကောင်းကျိုး ဆိုးကျိုးကို သိချင်တာပါရှင့် အသက် ၂၆ အမျိုးသမီး အိမ်ထောင်မရှိ ၀မ်းမှန်ပါတယ် ရာသီလည်းမှန်ပါတယ် နာတာရှည်လေနာရှိ Facebook ပေါ်မှာအဲ့ဒီဆေးတွေကလေနာ ပျောက်ကင်းတယ်လို့ဖတ်ရလို့ရှင့် Side effects ဖြစ်မှာလည်းကြောက်လို့ပါရှင့် Calcium ဆို အရိုးတွေကိုသန်မာစေတယ် အဲ့ဒီလိုပုံစံမျိုး ဒီဆေးတွေကျ ဘယ်လိုအကျိုးအာနိသင်ရှိလဲဆိုတာကို သိချင်တာပါရှင့်

ဖေ့စ်ဘွတ်မှာရေးတာတွေကို မဖြေလိုပါ။ ကိုယ့်ကိုစမ်းသပ်ကုသပေးနေတဲ့ဆရာဝန်ကညွှန်တဲ့ဆေးကိုသာ မေးရင် ဖြေပါတယ်။

ဆေးတွေအကြောင်း ရောဂါတွေအကြောင်းကို ဆေးသုတေသနနဲ့ ရောဂါဗေဒအရ ရေးထားတာတွေကို ဘလော့မှာ တင်ထားတယ်။

ဖေ့စ်ဘွတ်မှာ ဆေးရောင်းသူတွေကလည်း ရေးကြတယ်။ ကြားကနေ ကိုယ်ထင်တာ ဝင်ရေးသူတွေလည်းရှိတယ်။ ဖြေရတာ အားနာစရာတွေရှိတယ်။ အားလုံးက ကိုယ့်တိုင်းပြည်ကလူတွေ။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂၀၁၉

စတုဒိသာ

ဖိတ်စာကို သတ်ပုံပြင်ဖို့ ပြောထားတယ်။ စတုဒိသာကို မှားရေးတာတွေ များတယ်။ စတုဒိသာက ပါဠိ။ ပါဠိမှာ ဒီသာလို့ မရှိပါ။ အရပ်လေးမျက်နှာလို့ အဓိပ္ပါယ်ရတယ်။

အရပ်လေးမျက်နှာကနေ လာကြသူ ဘယ်လိုလူကိုမဆို အတန်းအစား အမျိုးအမည် မခွဲခြားပဲ စေတနာသဒ္ဓါတရားနဲ့  ရက်ရက်ရောရော ပျော်ပျော်ပါးပါး လှူဒါန်းတဲ့အလှူလို့ ခေါ်ပါတယ်။

ကျွန်တော်တို့ဆီမှာ သင်္ကြန်ကို နောက်ကျမှလုပ်ကြရမယ်။ ပုဗ္ဗစေတနာက မြန်မာပြည်မှာ သင်္ကြန်ကျကတည်းက ဖြစ်နေကြပြီ။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂၀၁၉

တမျက်နှာ ကာတွန်းကောင်းများ

ကာတွန်းတွေအဖတ်ရသေးခင် ခေါင်းစဉ်းဖတ်တာနဲ့ ကောင်းနေပြီ။

တချို့ တရားစာတွေ၊ ဆုံးမစာတွေ၊ သတင်းတွေ၊ ကဗျာတွေ၊ စာတွေမှာ ခေါင်းစဉ်နဲ့ တစ်နေတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂၀၁၉

မိုး

မိုးတသားလောက်၊
ဖွားလိုက်စေချင်
ရွှေမြက်ခင်းပြင်၊
အိပ်ခင်းဆင်။

ကောင်းကင်အမေ
လျှပ်ရွှေရိုးရဲ၊
ရေမွှာကွဲအောင်
သွန်ကြဲ မွေးဖွားလိုက်ပါဦး။

ရိုးတံလက်ကျဲ၊ ညို မွဲမွဲနဲ့
ဝမ်းဆွဲသစ်ပင်၊ လုံ့လရှင်လဲ
ဖွားမြင်ချိန်စေ့၊ ဆီးကြို ပွေ့ဖို့
မျှော်လို့မဆုံး၊ နွေညဥ့်လုံး။ ။

ဇွန် ၁၉၈၅ ထုတ် စံပယ်ဖြူ အမျိုးသမီးမဂ္ဂဇင်းပါ ကြည်အောင်ရေးတဲ့ကဗျာ။

ခုခေတ်မှာ မိုးတစ်သားလို့ရေးကြတော့ ဝမ်းဆွဲသစ်ပင် လုံ့လရှင်မှာ ဖွားမြင်ချိန်စေ့ပေမဲ့ တစ်နေရှာတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂၀၁၉
Aungmyint Oo ကျေးဇူး။

Thursday, April 25, 2019

ကျောက်တလုံး

ကျောက်ဖြူဖြို့ ကျောက်တစ်လုံးဘုရားသမိုင်းအကျဉ်းလို့ တွေ့တာနဲ့ လိုက်ရှာပါတယ်။

ကျောက်တလုံး (ရခိုင်ပြည်နယ်)
ကျောက်တလုံး ဂြိုဟ်တု
ကျောက်တလုံး ဘုရား
ဝင်းစိန်တောရ ကျောက်တလုံး (မွန်ပြည်နယ်)
ကျောက်တလုံး ကျောင်းစု ရွာသူ/ရွာသားများ စုဝေးရာ
ကျောက်တလုံး (တောင်သာအနီး)

ကျွန်တော်သိတဲ့ ကျောက်တလုံးက ငါန်းဇွန်မြို့ရဲ့ အရှေ့နားမှာ ရှိတယ်။ ရွာသစ်ကြီးနဲ့ ဧရာဝတီမြစ်ကြီးခြားတယ်။ မုံရွာကနေ မြို့သာကိုသွားတဲ့အခါ ကားနဲ့ ခဏခဏဖြတ်မောင်းခဲ့ဖူးတယ်။

မြို့အမည် ရွာအမည်တွေကို လူအမည်တွေလို တသမတ်တည်း ရေးသင့်တယ်ထင်ပါတယ်။ တချို့က ဘုရားအမည်ကအစ ပေါ်လစီသတ်ပုံနဲ့ ရေးနေကြတယ်။ မလုပ်ကောင်းပါ။ ရခိုင်မှာ ကျောက်တလုံးရော ကျောက်တစ်လုံးပါရှိသလား မသိပါ။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂၀၁၉

ပုလဲ

စာရေးဆရာမ (ဒေါ်) ခင်ဆွေဦးရဲ့သမီး ပုလဲ ဆေးရုံတက်ရတယ်လို့ တွေ့တယ်။ ဆောရီး။ လူချင်းတော့ မသိပါ။

ကျွန်တော်က ချင်းတွင်းမြစ်အနောက်ဘက်မှာရှိတဲ့ ပုလဲနယ်ထဲမှာမွေးပြီး မြို့နယ်ဆရာဝန်ဖြစ်မှ ပုလဲမြို့ကို ပြန်ရောက်တယ်။ မဲအရွေးခံတော့လည်း ပုလဲ။

ပုလဲလို့ရေးပြီး ပလဲသံထွက်ရတယ်။ အဲတာမျိုးကာသာ ရေးတော့အမှန် ဖတ်တော့အသံထုံးနဲ့ညီတယ်။ တစ်ခါတစ်လေရေးတာကို တခါတလေသံထွက်ခိုင်းတာ မှားတယ်။

ဟိုရှေးရှေးတုံးက ရွာတရွာမယ်၊ မိန်မချောလေးတယောက် ရှိပါသတဲ့ကွယ်၊ သူ့နာမည်က မစပါယ်၊ သူငိုရင် ပုလဲ၊ သူရီရင် ရွဲဖြစ်သတဲ့ကွယ်

မြန်မာစာ မိန်းမချောလေးလို ပြန်ဖြစ်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂၀၁၉

ပဌမ ပဋ္ဌမ ပထမ


ထီလက်မှတ်ဟောင်းတခုပုံ တင်လိုက်တယ်။ ပုံနှိပ်ထားတာက ပဋ္ဌမ၊ တင်တဲ့သူက ပထမလို့ရေးတယ်။ ခုခေတ်မှာ လူတိုင်းက၊ အစိုးရတိုင်းက ပထမလို့သာရေးကြတယ်။ အရင်က ပဌမလို့သာရေးတယ်။ စစ်စစ်ပေါက်ပေါက်ပြောရရင် ပဌမကသာ မှန်တယ်။ ထီလက်မှတ်က အတော်ဟောင်းပြီ။ ဗြိတိသျှခေတ်က။ အဲတာကြောင့် အင်္ဂလိပ်လိုက Rs ခေါ် ရူးပီး ဖြစ်နေတယ်။

၁။ မင်္ဂလာပါ ဆရာခင်ဗျာ ပထမတန်းလား ပဌမတန်းလား သိချင်ပါကြောင်း။

၂။ ပဌမ နဲ့ ပထမ ဘယ်ဟာမှန်လဲဆရာ။ ဆရာရေးတာ ပဌမလို့ ရေးထားလို့ပါ

၃။ ပဌမက ပါဠိမူရင်း ဖြစ်ပြီး၊ ပထမက မွေးစားစကားလုံးအဖြစ် သုံးတယ်ထင်ပါတယ်ဗျာ။ ကျောင်းသုံးတွေမှာလည်း ပထမလို့ပဲ ရေးပါတော့တယ်။

၎။ ဆရာ ပထမ နဲ့ ပဌမ အတူတူဘဲလားဗျ။

၅။ ပဌမ နဲ့ ပထမ ဘယ်ဟာကိုယူရမလဲဆရာ။ အရင်အသုံးက ပဌမ၊ နောက်အသုံးက ပထမဖြစ်နေလို့ပါ ဆရာရေ။

၆။ ဆရာ ပထမ နေ့ပါ ပဌမ မဟုတ်ဘူး စလုံးပေါင်းသတ်ပုံ မှန်အောင်ရေးပေးပါ

နောက်ထုတ်တဲ့ သတ်ပုံစာအုပ်တွေ၊ အဘိဓာန်တွေမှာ ပထမလို့သာပေါင်းတယ်။ မြန်မာ့စွယ်စုံကျမ်းတွေမှာတော့ ပဌမလို့သာ ရိုက်နှိပ်ထားတယ်။

ပဌမ = ပါဠိ = တခုမြောက်
ပထမ = သင်သကရိုက် (သက္ကတ၊ ဆန်းစ်ခရစ်) သက် = တခုမြောက်

ကျွန်တော့်ကို ပဌမတန်းကတည်းက စာသင်ပေးကြတဲ့ ဆရာ၊ ဆရာမတွေအားလုံးစကားကို လိုက်နာလို့ စစ်အစိုးရခေတ်မှာခိုင်းသလို လိုက်မပြင်ပါ။ ခုခေတ်မှာ ပထမချည်းသာ ရေးကြတယ်။ လူအတော်များများက ကနေ့ သက်ရှိလူတွေက သင်ပေးတာ ရေးနေတာ ပြောဟောတာကိုသာ အမှန်လို့ တထစ်ချမှတ်ယူနေကြတယ်။ ပျံလွန်တော်မူသွားကြတဲ့ ဆရာတော်တွေ။ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ပညာရှင်တွေကို အလေးမထားကြတော့ပါ။

သက်ရှိ ပညာရှင်လုပ်နေသူတွေထဲမှာ ကိုယ်ထင်ရာသာ ဇွတ်မှန်တယ်ပြောနေကြသူ မနည်းလှပါ။ ပြန်ငြင်းခွင့်မရတော့တဲ့ ကွယ်လွန်သူတွေအပေါ် နိုင့်ထက်စီးနင်းလုပ်ရာကျတယ်။

ကျွန်တော့်က ပဌမလို့ရေးသူဖြစ်လို့ ဘိတ်ဆုံးလို့ထင်ရင်လည်း သဘောပါပဲ။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂၀၁၉

တို့စရာ

ပဲစောင်းလျားသီးနဲ့ တမာရွက်။ ခေါင်းရွက်သယ်ဆီက ဝယ်လာမဟုတ်။ ဈေးထွက်လည် ဝယ်ရတာလည်းမဟုတ်။ အိမ်တိုင်ရာရောက် လာပို့တာ။ ကျေးဇူး။ အမှတ်ရလို့ မင်းယုဝေကဗျာကိုပါ တင်ပါရစေ။

အလွမ်း

အခါတပါးမှာလ
တိုင်းခြားကို ရောက်ခဲ့တယ်။

ကိုယ့်ဝတ်စုံ အသာချွတ်ကာပ
သူ့ဝတ်စုံ အသာစွပ်လို့ရယ် ဝတ်ဆင်ရတယ်။

သူ့စကားကိုလည်း
နှုတ်ဖျား တလှိုင်လှိုင်နဲ့ 
မမောနိုင် စာဆိုပြောကာပ
ရောနှောလို့ ဟန်ရေးကြွယ်
သူတို့နှယ် ထင်ယောင်မှား။

သို့ပေမယ့်လျှင် သူ့ အသွင် အစာစားပြန်တော့
သူ့အစား ဘယ်လိုမြိုင်လည်း
မမြိန်နိုင် လျှာမတွေ့ လေဘု
ကိုယ့်ဓလေ့ ကိုယ့်ဘာသာထင့်
တို့စရာ ဆန်ထမင်းရယ်နဲ့ 
ငပိကြော် ချဉ်ပေါင်းဟင်းကိုလ
ချက်ချင်းပင် စားလိုက်ချင်ရဲ့
စာဆိုရှင် မျှော်ယောင်တပါလို့ 
အမိမြေ ကိုယ့်ဒေသကိုကွယ်
လွမ်းရသည် တကား။

မင်းယုဝေ အမေရိကကိုရောက်စဉ်ကရေးတဲ့ ၁၀-၁၁-၁၉၇၆ နေ့စွဲနဲ့ ကဗျာတဲ့။ ကျွန်တော်လဲ အဲဒီမှာရောက်နေတာ။ အဲလို တို့စရာတွေပေါတဲ့တိုင်းပြည်နဲ့ မြန်မာစာကို သတ်ပုံမှန်နဲ့သာရေးခဲ့တဲ့ခေတ်ကို လွမ်းတယ်။ အခါတစ်ပါးတွေ တစ်လှိုင်လှိုင်တွေနဲ့ ရေးကြတဲ့စာ မျိုမကျပါ။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂၀၁၉

The Psychology of Superstition အယူစွဲများ၏ စိတ်ပညာ

ခုရက်တွေမှာ ဖတ်ရတဲ့သတင်းတပုဒ်ကြောင့် ဒီစာကိုရေးပါတယ်။ အဲဒီအဖြစ်အပျက်ကို မသိပါ။ အယူစွဲများ၏ စိတ်ပညာကို သုတေသနစာတမ်း ၂ ခုကိုအခြေခံ ရေးပါမယ်။ အားလုံးက အမေရိကန်။ အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်လို့ရတယ်။

စိတ်ဆေးပညာမှာ Superstition, Ritual, or Anxiety အယူစွဲ၊ ဓလေ့ထုံးတမ်းနဲ့ စိုးရိမ်စိတ်လို့ ရှိတယ်။

သင်ဟာ သူများတွေနဲ့အတူတူပဲသာဆိုရင် အယူစွဲတွေအရစဉ်းစားတွေးတောတာနဲ့ အမူအယာတွေကို အဖြစ်မှန်ရယ်လို့ သဘောမပေါက်ပဲ တွေးထင်တဲ့အတိုင်း၊ သူများတွေလုပ်တဲ့အတိုင်း လိုက်ပါလုပ်ဆောင်သူတယောက်ဖြစ်ပါမယ်။
ဗေဒင်ဟောစာတမ်းတွေ ဖတ်တာ၊ အဲတာတွေအတိုင်း လိုက်နာလုပ်ဆောင်တာ၊ ကြောင်နက်မြင်တာကို နိမိတ်ဆိုးလို့ တွက်တာ၊ စသည်။ အမေရိကန်လူမျိုး တဝက်ကျော်က အဲလိုဟုတ်ပါတယ်လို့ ဝန်ခံကြတယ်။

ဘောလုံးသမားတွေ မကစားမီနဲ့ ဂိုးသွင်းနိုင်ချိန်မှာ သူတို့ ဓလေ့ထုံးတမ်းအရ လုပ်ကြတယ်။ သူတို့မန်နေဂျာတွေကလည်း သူတို့သဘောကျတာကို လုပ်စေတယ်။ အဲတာမျိုးက အယူသီးတာ မဟုတ်ပါ။ တကယ်လို့ ဘောလုံးကို ဘယ်နှစ်ကြိမ် လက်နဲ့ ခေါက်နည်းကိုလုပ်တယ်ဆိုရင်တော့ အဲတာ အယူသီးသာဖြစ်တယ်။ အဲတာကို စိတ်ဆေးပညာမှာ obsessive compulsive disorder (OCD) လို့သတ်မှတ်တယ်။ တခြားစိတ်ပညာရှင်တယောက်ကတော့ အဲတာဟာ anxiety disorders ထဲမှာပါတယ်။ အယူစွဲမဟုတ်ပါတဲ့။

Anxiety စိုးရိမ်စိတ်၊ Tension စိတ်ဖိအား၊ Excessive worry အလွန်စိုးရိမ်မှု၊ Trouble sleeping အိပ်မရခြင်း၊ Obsessive thoughts စွဲလမ်းနေတာကိုသာ တွေးနေခြင်းနဲ့ Exhaustion အားကုန်သွားခြင်းတွေဖြစ်လာမယ်။

အယူသီးခြင်းမှာ Driving Forces တွန်းအားရှိတယ်။ ထိမ်းနိုင်စွမ်းနဲ့ သေချာမှုကိုရချင်နေလို့။ တခါတလေမှာ မှားနေတာ တခုခုကို စိတ်ကူးနဲ့ဖန်တီးခြင်းဟာ ဘာတခုမှ မရှိတာထက် ကောင်းတတ်တယ်။

Friend or Foe ရန်သူလား မိတ်ဆွေလား
အယူသီးခြင်းကနေ လုံခြုံမှုနဲ့ ကိုယ်ကိုယ်ကိုယုံကြည်မှုတွေ ရလာနိုင်တယ်။ ကံကောင်းမယ်လို့ မှတ်ယူတဲ့ အရောင်ပါ အဝတ်အစား ရွေးဝတ်တာမျိုး။ ဆေးပညာမှာ placebo effects လို့ခေါ်တယ်။ လူနာကို တကယ့်ဆေးမဟုတ်တာ တခုခု ပေးပြီး ကုသနည်းရှိတယ်။ အယူသီးခြင်းရဲ့ မကောင်းစေတဲ့ ဘဝပါပျက်စေနိုင်တာအချက်ကတော့ လောင်းကစားရာမှာ အဲလိုမှတ်ယူ အသုံးပြုခြင်း ဖြစ်တယ်။

Phobic superstitions ခေါ်တဲ့ ကြောက်စိတ်ကနေလည်း စိုးရိမ်စိတ်တွေလွန်ကဲစေမယ်။ ဥပမာ သောကြာနေ့ ၁၃ ရက် ညကို ကြောက်နေသူမျိုး။

ကလေးတွေမှာလည်း အယူသီးမှုရှိနိုင်တယ်။ အမျိုးသမီးတွေက ပိုအဖြစ်များတယ်။ စိတ်ရောဂါလူနာ အရေအတွက်အရ ပြောတာဖြစ်တယ်။

စုန်း၊ တစ္ဆေ၊ ကဝေ၊ မှော်အတတ်၊ ဟယ်လိုဝင်းသင်္ကေတတွေကို လက်ခံလိုက်တာ ယုံကြည်တာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ ပိုများလာတယ်။

Intelligence ခေါ် ဉာဏ်ရည်က အယူသီးမှုအပေါ် အနည်းငယ်သာသက်ရောက်မှုရှိတယ်။ ကမ္ဘာမှာအနာမည်အကြီးဆုံး ဟားဗဒ်တက္ကသိုလ်ကြီးမှာ တချို့ကျောင်းသူကျောင်းသားတွေက ဂျွန်ဟားဗဒ်ရုပ်ထုက ခြေထောက်ကို လက်နဲ့ ပွတ်ကြသတဲ့။

ကျွန်တော်တို့လည်း မန္တလေး မဟာမုနိဘုရားကြီးမှာထားတဲ့ ကြေးရုပ်ကြီးတွေ ကိုယ်ကြိုက်တဲ့နေရာမှ ပွတ်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂၀၁၉

Wednesday, April 24, 2019

ခင်သန်းနုယူရန် ထီအတိတ်နဲ့ထိုးသူ တသိန်းဆုပေါက်

ခင်သန်းနုယူရန် ထီအတိတ်နဲ့ထိုးသူ တသိန်းဆုပေါက်

ခင်သန်းနုဆိုတာ ပြည်ထောင်စုမယ်၊ နာမည်ကြီးရုပ်ရှင်မင်းသမီး။

အဲဒီခေတ်က ငွေကျပ်တသိန်းဆိုရင် တိုက်တလုံး ကားတစီးမက ဝယ်လို့ရတယ်။ ရွှေတကျပ်သား ၅၀၀ လောက်သာ ရှိတယ်။

ခုခေတ်မင်းသမီးတွေတော့ တကယ်မသိပါ။ ပိုက်ဆံတန်ဖိုးသိတယ်။ ကျလာတယ်။ မြန်မာစာသိတယ်။ ကျလာတယ်။

မြန်မာစာ ထီပေါက်ပါစေသတည်း။

တသောင်းတန်တဲ့ ဒေါင်းအလံ

အရင်ခေတ်က အောင်ဘာလေထီမှာ တသိန်းကအများဆုံး။ နောက် ငါးသောင်း၊ နှစ်သောင်း၊ တသောင်း၊ တထောင်နဲ့ ငါးရာဆုတွေ။ အဲဒီခေတ်မှာ ပိုက်ဆံတသောင်းဆိုရင် ကားတစီးမက ဝယ်လို့ရတယ်။ ခုခေတ် တစ်သောင်းလို့ ရေးနေကြတဲ့ပိုက်ဆံနဲ့ ဘရိတ်ဖတ်စ်ပဲ စားလို့ရမယ်ထင်တယ်။

တသောင်းအကြောင်း ကျော်အောင်စံထား ရှင်ဝါယမာဘိဝံသရေးသာတဲ့ အလောင်းတော်ကဿပခရီးသွား (၁) ကို ကိုးကားပါရစေ။

တပည့်တော်မ ကင်းပွန်းတပ် မင်္ဂလာကို မယ်မယ်က မောင်ကို ဖိတ်တာ လာမယ်ထင်၍ မုန့်များနှင့် လမ်းကသွားကြို ပါတယ်ဘုရား။ မောင်မလာတာနဲ့ ထိုမုန့်များကို ချောင်းထဲပစ်ချလိုက်တယ်ဘုရား။ အခုထိ ထိုချောင်းကို မုန့်ပစ်ချောင်းလို့ ခေါ်ပါတယ်။ ပြောင်းပြာရွာနဲ့ ထိုချောင်းက တခေါ်လောက်ဘဲဝေးပါတယ်ဘုရား။ တပည့်တော်မ အရွယ်ရောက်တော့
တောနယ်မှာ အလွန်ထင်ပေါ်ကျော်ကြားပါတယ်ဘုရား။ တပည့်တော်မတို့နဲ့ ဖြတ်ထားသော ဦးလေးကတောင် သူ့သားနဲ့ စုံဖက်ဖို့ လာပြောပါတယ်။ မယ်မယ်က ဦးလေးကို စိတ်နာပြီး လက်မခံသောကြောင့် ပုဂံပြည်က ကျန်ရစ်မင်းကြီးကို သမီးကညာရတနာတပါးရှိကြောင်း သတင်းပို့ပါတယ်။ ဂုံးချောတာပေါ့ ဘုရား။ ထိုအခါကြတော့ ဘုရင်က ပန်းလုံးတိုင် ရာဇမတ်နဲ့ ဘွဲ့သတ်ပြီး တသောင်းတန်တဲ့ဒေါင်းအလံ လွှင့်ထူလာတော့ပါဘဲ ဘုရား။

အဲဒီဆရာတော်ဆောင်းပါးရှည်ကြီးတခုလုံး တတွေကို မလိုအပ်ပဲ တစ်လုပ်မထားပါ။ သောင်းပြောင်းထွေလာ ဖေ့စ်ဘွတ်မှာ ရှိတယ်။ တသောင်းတန်တဲ့မြန်မာစာ။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂၀၁၉

Marijuana and Cancer ဆေးခြောက်နှင့် ကင်ဆာ

ဆေးခြောက်ဟာ Cannabis sativa plant အပင်အမျိုးမျိုးရဲ့အရွက်ဖြစ်တယ်။ အမည်တွေက pot, grass, cannabis, weed, hemp, hash, marihuana, ganja သာမက ရှိသေးတယ်။

ဆေးခြောက်ကို ဆေးအဖြစ် သုံးခဲ့တာ ရာစုနှစ်ကြာပြီ။ Cannabinoids ဒြပ်ပေါင်းကို အသုံးချတာဖြစ်တယ်။ ဓါတုဗေဒလို delta-9-tetrahydrocannabinol (THC) နဲ့ cannabidiol (CBD) တွေဖြစ်တယ်။ တရားဝင်မှု နိုင်ငံနဲ့ ဒေသအလိုက် မတူပါ။ Dronabinol ဆိုတာ ဓါတ်ခွဲခန်းထဲမှာထုတ်လုပ်တဲ့ THC ဖြစ်တယ်။

ဒြပ်ပေါင်းတွေက လူ့ကိုယ်မှာ သက်ရောက်မှုအမျိုးမျိုးဖြစ်စေတယ်။ THC ကို နာတာသက်သာစေဘို့ သုံးတယ်။ ပျို့တာနဲ့ ရောင်ရမ်းတာလည်း သက်သာစေနိုင်တယ်။ CBD ကို အတက်ရောဂါအတွက် သုံးတယ်။ စိုးရိမ်စိတ် နည်းစေမယ်။

ယူအက်စ်မှာ Cannabinoid drugs ဆေး ၂ မျိုးရှိတယ်။ Dronabinol (Marinol®) နဲ့ Nabilone (Cesamet®) တွေဖြစ်တယ်။

ဘေးထွက်သက်ရောက်မှုတွေရှိတယ်။ ကောင်းတယ်ပဲထင်မြင်နေမယ်။ ဘယ်နေရာရောက်နေသလဲ မကွဲပြားဖြစ်မယ်။ လှုပ်ရှားမှုတွေ ပုံမမှန်ဖြစ်မယ်။ တခါတလေ စိုးရိမ်စိတ်ကဲစေမယ်။ စိတ်ရောဂါရှိသူလိုဖြစ်တတ်တယ်။ သွေးဖိအားကျမယ်။ ခေါင်းမူးမယ်။ ခေါင်းထဲပေါ့နေမယ်။ အိပ်ချင်မယ်။ သတိလစ်ချင်သလိုဖြစ်နိုင်တယ်။ စိတ်ကျနိုင်တယ်။ သူများတွေ မမြင်တာ မကြာတာတွေ မြင်ကြားနေမယ်။ အာခေါင်ခြောက်မယ်။ လတ်တလာမှတ်ဉာဏ်မေ့မယ်။

ကင်ဆာအတွက် လေ့လာမှုတချို့လုပ်နေတယ်။ ကင်ဆာဆေးပေးထားတဲ့လူနာတွေ အန်ချင်တာ သက်သာစေနိုင်တယ်။

အာရုံကြောကြောင့် နာလွန်းသူတွေလည်း သက်သာစေမယ်။ ကင်ဆာဆဲလ်တွေကို နှေးစေမလား စမ်းသပ်နေဆဲ ဖြစ်တယ်။ ကင်ဆာလူနာတွေ စံသတ်မှတ်ထားတဲ့ ကုထုံးကိုမလိုက်နာပဲ ဆေးခြောက်က ထုတ်တဲ့ဆေးကိုသုံးတာ မှားတယ်။ HIV လူနာတွေ စားချင်စိတ်ပိုစေမယ်။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၉

ဆေးကို ဘိုတွေရော ဗမာတွေပါ အတူသောက်ရတယ်

၁။ ၃၁ နှစ်၊ အိမ်ထောင်ကျ၊ အတူနေပြီးတာ ၅ ရက်ရှိ။ ကလေးမယူချင်သေး mervalon 28 သောက်ရင်ရလား။ ဘိုသောက်ရမလဲ။

၂။ ပတ်တီး စီးထားရင်သက်သာပေမဲ့ ခြေဖဝါးနဲ့အဆစ်တွေရောင်လာတယ်။ ဘိုလုပ်ရင် အဆင်ပြေနိင်မလဲ ပြောပြပေးပါရှင်။

၃။ သွေးဆေးသောက်တာ ၃ ပတ်လောက်သွေးဆင်းနေတယ် ဘိုလုပ်ရမလဲဆရာ ဖြေကြားပေးစေချင်ပါတယ်ခင်ဗျ

၎။ ဘိုလိုလုပ်ရမလဲဆရာရှင့်

၅။ ကျွန်မက မခွဲစိတ်ချင်ဘူးဆရာ ဘလိုလုပ်ရင်ကောင်းမလဲဆရာ

ဒါက နမူနာသာပါ။ အဲလိုပဲ သတ်ပုံမမှန်သူတွေ၊ စကားမပီသလို စာရေးကြတာတွေက များတယ်။ အရပ်ထဲမှာဖြစ်ဖြစ် မိတ်ဆွေသူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် စကားပြောတာ စာရေးတာ ကြိုက်သလိုရေးလို့ ပြောရန်မရှိပါ။ ကျွန်တော်ဆီ စာရေးရင်တော့ စာကို သဒ္ဒါနဲ့ သတ်ပုံ မှန်စေချင်ပါတယ်။ ဘိုသောက်ရမလဲလို့ မရေးစေလိုပါ။ ဘိုဆိုတာ အင်္ဂလိပ်လိုလို့ ပြောတာ။ ဆေးကို ဘိုတွေရော ဗမာတွေပါ အတူသောက်ရတယ်။

ဘို
ကဘိုကရို
မုဆိုးဘို
ရွှေဘိုမြို့

ဗိုလ်
စစ်ဗိုလ်
ဗိုလ်ချုပ်ကျောက်တိုင်
ဗိုလ်စားပဲ
ဗိုလ်တဲ
ဗိုလ်ရှုခံ
ဗိုလ်ခြေ
ဗိုလ်ခြောက်ပါး
ဗိုလ်ကိတ်ပဲ
ဗိုလ်ချုပ်
ဗိုလ်စွဲ
ဗိုလ်ဆံတောက်
ဗိုလ်တဲ
ဗိုလ်ပုံပရိသတ်
ဗိုလ်ပါ
ဗိုလ်ကေ
ဗိုလ်ခြေ
လမ်းဗိုလ်

ဘယ်
ဘယ်ကဲ့သို့
ဘယ်ချမ်းသာနှင့်မတူ
ဘယ်ဇာပြုအံ့နည်း
ဘယ်နံရောအခါ
ဘယ်ပုံဘယ်နည်း
ဘယ်လိုဖန်
ဘယ်လိုလဲ
ဘယ်သန်
ဘယ်သူ ဘယ်ဝါ
ဘယ်အခါ
ဘယ်အတွက်ကြောင့်
ဘယ်တော့
ဘယ်ကြောင့်
ဘယ်လောက်
ဘယ်နှယ်
အဘယ်ကဲ့သို
အဘယ်မိဘုရား
အိုဘဲ့ဘယ်

ဒေါက်တာတင့်ဆွေ

Loka Niti ခေတ်သစ် လောကနီတိ

Loka Niti ခေတ်သစ် လောကနီတိ (၁)

လောကနီတိ (၇၈)
• လိုခြင်တပ်မက်ရှိသောသူကို တံစိုးလက်ဆောင်ပေးခြင်းဖြင့် ယူရာ၏။
• မာနခက်ထန်သောသူကို လက်အုပ်ချီခြင်းဖြင့် ယူရာ၏။
• သူမိုက်ကို အလိုသို့လိုက်သဖြင့် ယူရာ၏။
• ပညာရှိကို အဟုတ်အမှန်ကို ပြောဆိုခြင်းဖြင့် ယူရာ၏။

ခေတ်သစ်လောကနီတိ
• လိုခြင်တပ်မက်ရှိသောသူကို တံစိုးလက်ဆောင်ပေးခြင်းဖြင့် လိုခြင်တပ်မက်မှုကို အားပေးရာကျ၏။
• မာနခက်ထန်သောသူကို လက်အုပ်ချီခြင်းဖြင့် အာဏာမှာ ကြာရှည်ယစ်မူးစေ၏။
• သူမိုက်ကို အလိုသို့မလိုက်ခြင်းဖြင့် ဆက်မမိုက်နိုင်တော့အောင် လုပ်ဆောင်ရာကျ၏။
• ပညာရှိစွာမဲပေးခြင်းဖြင့် တိုင်းပြည်ပါ ပညာရှိရာကျခဲ့လိုက်ကြ၏။

Loka Niti ခေတ်သစ် လောကနီတိ (၂)

လောကနီတိ (၁၂ဝ)
• လောက၌ မင်းတို့သည် တကြိမ်သာဆိုကုန်၏။
• ရဟန်းနှင့် ဗြာဟ္မဏတို့သည် တကြိမ်သာဆိုကုန်၏။
• ဘုရားအစရှိသော သူတော်ကောင်းတို့သည် တကြိမ်သာဆိုကုန်၏။
• ဤသို့သောတရားသည် ရှေးသူတော်ကောင်းတို့၏ အကျင့်တည်း။

ခေတ်သစ်လောကနီတိ
• အစိုးရတို့သည် ငါးနှစ်တကြိမ်သာဆိုကုန်၏။
• မတူသောဘုန်းကြီးတို့သည် မတူသောတရားတို့ကို ဟောကြားကြကုန်၏။
• တိုင်းသူပြည်သားတို့သည် အကြိမ်ပေါင်းများစွာ ဆိုကြကုန်၏။
• ဤသို့သောတရားသည်း ခေတ်လူတို့၏ အကျင့်တည်း။

Loka Niti ခေတ်သစ် လောကနီတိ (၃)

လောကနီတိ (၁၁၇)
• ရဟန်းသည် ရောင့်ရဲမှုကင်းမူ ပျက်၏။
• ဘုရင်မင်းသည် ရောင့်ရဲမှုကင်းမူ ပျက်၏။
• ပြည့်တန်ဆာမသည် ရောင့်ရဲမှုကင်းမူ ပျက်၏။
• အမျိုးကောင်းသမီးသည် ရောင့်ရဲမှုကင်းမူ ပျက်၏။

ခေတ်သစ်လောကနီတိ
• ရဟန်းသည် ရောင့်ရဲမှုကင်းမူ သာသနာပျက်၏။
• အစိုးရသည် တိုင်းပြည်ကောင်းစားရေးအတွက် ရောင့်ရဲမှုကင်းမူ ပြုတ်ကျ၏။
• ပြည့်တန်ဆာမသည် ရောင့်ရဲမှုကင်းမူ တိုင်းပြည်ဂုဏ်ပျက်၏။
• အမျိုးကောင်းသမီးသည် ရောင့်ရဲမှုကင်းမူ မျိုးဆက်ပျက်၏။

Loka Niti ခေတ်သစ် လောကနီတိ (၄)

စည်သည်တီးမှ မြည်သကဲ့သို့ ပညာရှိသည်လည်း သူမေးလာသောအခါမှသာ ဖြေကြားပြောဆိုလေ့ရှိ၏။
သူမိုက်သည်ကား သူတပါးမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ လွန်မင်းစွာ ပြောဟောတတ်ပေသည်။

ခေတ်သစ်လောကနီတိ
မေးခွန်းတိုင်း မဖြေ၊ မေးနည်းစည်းကမ်းကျမှသာဖြေသော ကျွန်ုပ်အား ပညာရှိဟုမခေါ်ထိုက်။
သူတပါးမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ ဆေးပညာစာတွေရေးနေသော ကျွန်ုပ်သည် သူမိုက်တော့မဟုတ်။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၆
၂၄-၄-၂ဝ၁၉

တဆိတ် တခြား တလှပ်လှပ်

ကျွန်တော် ဆရာဝန်မလုပ်ရတော့တဲ့ အချိန်မှာတော့ တစ်လှပ်လှပ် လူနာတွေ လာကြလို့ တစ်ခြားဆရာဝန်တွေ တစ်လှပ်လှပ် ဖြစ်ကုန်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၉

Midwife သားဖွါးဆရာမ

သားဖွါးဆရာမရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်က သားဖွါးပညာရပ်ကို ဆေးပညာနည်းကျ သင်ယူတတ်မြောက်ထားသူ ဖြစ်ပါတယ်။ သားဖွါးဆရာမတွေဟာ မွေးဖွားခြင်းဆိုင်ရာကျန်းမာရေးအတွက် ကာကွယ်ရေးနဲ့ ကုသရေးမှာ ရှေ့တန်းက နေကြရတယ်။ စိတ်ချရအောင်နဲ့ ကုန်ကျစရိတ်နဲ့မျှစေတာကို လုပ်ပေးကြရတယ်။

ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွါးချိန်နဲ့ မွေးဖွါးပြီးကာလသုံးပါအတွက် အတတ်ပညာကို သင်ယူထားသူ ဖြစ်တယ်။ တချို့ နေရာတွေမှာ သားဖွါးခြင်းနဲ့တိုက်ရိုက်မဆိုင်တာကိုပါ လုပ်ရတယ်။ ဒါပေမယ့် မျိုးပွါးခြင်းနဲ့ပတ်သက်တဲ့ ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုကိုသာ လုပ်စေတယ်။ ဥပမာ မီးယပ်ပိုင်းစမ်းသပ်ခြင်း၊ မိသားစုစီမံကိန်းနဲ့ သွေးဆုံးခြင်းကို ပြုစုပေးခြင်းတွေဖြစ်တယ်။ မဖွံ့ဖြိုးသေးတဲ့ တိုင်းပြည်တွေမှာတော့ လူထုကျန်းမာရေးလုပ်သားတွေ လုပ်ရတာတွေကိုပါ လိုအပ်ရင်လုပ်စေတယ်။ အခုလက်ရှိမြန်မာပြည်ကလိုပေါ့။ အဲလိုလုပ်တာမှာ ကောင်းတာရော အားနည်းတာပါ ရှိတတ်တယ်။

မြန်မာပြည်မှာ အရင်ကတော့ သားဖွါးဆရာမကို တနှစ်ခွဲသင်တန်းပေးတယ်။ ဒိနောက်မှာ အလွတ်သင်ကျောင်းတွေက သင်တန်းကာလ အမျိုးမျိုးလုပ်လာတယ်။ အစိုးရခန့်သားဖွါးဆရာမတွေကို ကျေးလက်ကျန်းမာရေးဌာနအောက်မှာဖြစ်ဖြစ် တိုက်နယ် ကျန်းမာရေးဌာနအောက်မှာဖြစ်ဖြစ် တာဝန်ပေးတယ်။ သူတို့အပိုင်နယ်ဆိုတာ ရွာ ၄-၅ ရွာရှိတတ်တယ်။ သားဖွါးကိရိယာ တစုံထက်ပိုပြီး ထောက်ပံ့ပေးတာ မရှိပါ။

သားဖွါးဆရာမတွေလုပ်ကြရတဲ့ ကျန်းမာရေးစီမံချက်တွေက အများကြီးရှိတယ်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးကာကွယ်ဆေး ထိုးလုပ်ငန်းကတော့ သူတို့ရဲ့ ပင်မအလုပ်နဲ့ဆက်စပ်နေတယ်။ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေက သွယ်ဝှိုက်ပြီးသာ ဆိုင်တယ်။ ကူးစက်ရောဂါ နှိမ်နင်းရေးထဲမှာ ရောဂါတွေကပေါင်းစုံတယ်။ တန်းစီရေးရင် စာအတော်ရှည်သွားမယ်။ ဝမ်းရောဂါ၊ တီဘီ၊ ငှက်ဖျား၊ အိတ်ခ်ျအိုင်ဗွီ။ စာရေးရတာက စာလုံးလေး ၂ လုံး ၃ လုံး၊ ရောဂါတွေက အကြီးစားတွေ။ လုပ်စရာတွေဆိုတာက တရက်တည်းပြီးမဟုတ်။ တလလည်းမဟုတ်။ တသက်စာအလုပ်။

သားဖွါးဆရာမတွေကို စီမံကိန်းအလုပ်တွေနဲ့ မနိုင်ဝန်ကိုထမ်းရတာကို လေ့လာဆန်းစစ်မှုလုပ်ရင် အကျိုးတွေနဲ့ အဆိုးတွေ တွေ့ပါမယ်။ သားဖွါးဆရာမတိုင်းကနေ မွေးလူနာတွေကို အကောင်းဆုံးလုပ်ပေးနိုင်စေချင်တယ်။ တောသူကိုယ်ဝန်ဆောင်တွေက မြို့သူတွေလိုခွဲမမွေးချင်ကြဘူး။ တောက သားဖွါးဆရာမတွေကလည်း မြို့ကအိုဂျီတွေလို ခွဲဘို့မလိုသူတွေကို ခွဲတာမျိုးမလုပ်တတ်သူတွေဖြစ်ကြတယ်။

သားဖွါးဆရာမတွေကိုပေးထားတဲ့ မလွဲမသွေလိုတဲ့ပစ္စည်းကိရိယာတွေ မစုံဘူးလို့ပြောကြတယ်။ တခါသုံးလက်အိတ် အလုံအလောက် ရှိကြရဲ့လား။ တောမှာ HIV နဲ့ ဘီပိုးမစစ်ကြတာများတော့ ပိုးရှိနေတဲ့လူနာဆီကနေ သားဖွါးဆရာမတွေ ကူးစက်ခံရမှာ သေချာတယ်။ ဘီပိုးကာကွယ်ဆေးတော့ ထိုးထားကြ။ စီပိုးကလည်း သွေးကနေကူးတာ။ ကာကွယ်ဆေး မပေါ်သေးဘူး။ ကံတရားသာ အားကိုးကြ။ HIV အရေးပေါ်ကာကွယ်နည်းလည်း လက်လှမ်းမီအောင် လုပ်ထားကြ။ အဲတာတွေက ကိုယ့်အိတ်စိုက်ပဲ။ သူများတွေက အာလ်ထွာဆောင်း သရီး-ဒီ၊ ဖိုး-ဒီတွေနဲ့ ကိုယ်ဝန်ဆောင် စောင့်ရှောက်ပေးနေချိန်မှာ ဆရာမဆို့မှာ ပုံထဲကလို ထရမ်းပက်နဲ့ လုပ်ပေးနေကြရတယ်။ ဆောရီး။

ဒီစာကို ရေးထားတာကြာပြီ။ သားဖွါးခြင်းဆိုတာ လူရှိတဲ့နေရာတိုင်းမှာလိုအပ်တယ်။ သားဖွားဆရာလို တကယ့်ကို အခြေခံကျလွန်းလှတဲ့ သားဖွါးပညာတခုတည်းကိုသာ သင်ပေးထားရပြီး အထောက်အကူ ပစ္စည်းကရိယာတွေလည်း မစုံမလင်တဲ့အခြေအနေကိုအားကိုးနေရတဲ့ လူဦးရေက အတော်ကိုများတယ်။ လူ့အသက် ၂ ချောင်းအတွက်ဖြစ်တယ်။ အဲတာဟာ မဖြစ်သင့်တော့တဲ့ လိုအပ်ချက်ဖြစ်တယ်။ တိုင်းပြည်ကောင်းလာမှသာ ကျန်းမာရေးလည်း ကောင်းမယ်။ ကျန်းမာရေးနဲ့ ပညာရေးမှာ နိုင်ငံသားတွေ ဘယ်မှာနေနေ တန်းတူ အခွင့်အလမ်းရှိရမယ်။ အခုထိ အခြေခံဆိုတာတောင် မပြည့်စုံသေးတဲ့ဘဝ။ တိုးတက်အောင် ဘယ်လိုလုပ်ကြမလဲ။

အားမနာပါးမနာပြောပါရစေ။ စင်္ကာပူသာပြောနေကြတယ်။ ကျွန်တော်တို့အဆင့်က အာဖရိကတိုက်ထဲက ညံ့တဲ့ နိုင်ငံတွေနဲ့သာ နှိုင်းရနိုင်တဲ့ဘဝမှာသာရှိသေးတယ်။ လူတွေကလည်းကောင်းပြီး တိုင်းပြည်ကောင်းမှသာ ဖြစ်မယ်။ လူတွေဆိုတာ ဖျက်ဆီးခံထားရတာကြာလွန်းလို့ အကောင်းအဆိုးခွဲခြားတတ်သူ၊ စိတ်နေသဘောကောင်းသူ နည်းကုန်တာကို ပြောတာ။ ဆောရီး။ ကောင်းအောင် ကြိုးစားကြရမယ်။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂၀၁၉

Midwife သားဖွါးဆရာမ သို့မဟုတ် ၂၅ ရွာစား

ကျေးဇူးပါဆရာ စစ်ကိုင်းတိုင်း ဒေသကြီး ပင်လည်ဘူးမြို့နယ် S/C တခုမှာ ယနေ့ထိ ၂၅ ရွာ ကို M/W တယောက် တာဝန်ယူနေရဆဲဖြစ်ပါတယ်ဆရာ

ကျွန်တော်တို့နိုင်ငံမှာ အခြေခံကျန်းမာရေး သို့မဟုတ် ပဏာမကျန်းမာရေးအတွက် သားဖွါးဆရာမတွေကသာ တာဝန်ယူကြရတယ်။ သူတို့တာဝန်ယူရတဲ့ကျေးရွာက ၁၀ ရွာကနေ ရွာအစိတ်လောက်ထိ ကျယ်တယ်။ သွားရေးလာရေးကလည်း ခက်တယ်။

ကောင်းလာအောင်လုပ်စရာတွေက အများကြီးရှိတယ်။ တိုင်းပြည်ချမ်းသာလာမှသာ ဖြစ်နိုင်တာတွေလည်းပါတယ်။

တိုင်းပြည်ချမ်းသာဖို့ဆိုတာ လူကြီးလုပ်သူတွေချမ်းသာတာနဲ့ ပြောင်းပြန်။ တာဝန်ကြီးယူထားသူတွေသာ ချမ်းသာတဲ့ခေတ် မကုန်သေး။ သူတို့က နောက်ထပ်အာဏာရရေးကို အသည်းအသန်လုပ်နေကြတယ်။

မျိုးဆက်သစ်ထဲကတချို့ကလည်း အလိုတူအလိုပါတွေ။ နာမည်တွေ ပြောစရာမလိုလောက်။ တိုင်းပြည် မကျန်းမာအောင် လုပ်နေကြသူတွေ။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂၀၁၉

Plasma Donations from Recovered COVID-19 Patients ကရိုနာဗိုင်းရပ်စ်လူနာ သွေးသွင်းကုသပေးနေပြီ

ကရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်ကောင်းလာသူရဲ့သွေးကို လိုအပ်တဲ့လူနာတွေကို သွင်းပေးကုသနည်းကို စမ်းသပ်နေပါတယ်။ သွေးထဲက ပလာစမာအရည်ကိုသွင်း...