Libido in Women အမျိုးသမီး စိတ်နည်းနေခြင်း

ကျွန်မအသက် ၄၃ ရှိပါပြီရှင့်။့ ပြည်နယ်မှာ အစိုးရတာဝန်ထမ်းဆောင်နေပါတယ်ရှင့်။ အိမ်ထောင်သည်ဖြစ်ပြီး သား (၁) ဦး နှင့် သမီး (၁) ဦးရှိပါတယ်ရှင့်။ ခင်ပွန်းသည်နှင့် အိမ်ထောင်ရေးမသာယာ ဖြစ်နေသောကြောင့် ကာမစိတ်ကုန်ခန်းခြင်း စိတ်မပါခြင်းနှင့် ချောမွေ့ မှုမရှိခြင်းတို့ဖြင့်ကြုံ ကြိုက်နေရပြီး အိမ်ထောင်ရေး ပြိုလဲသွားမှာစိတ်ပူတဲ့ ပြဿနာများ မကြာခဏဆိုသလို ဖြစ်ပေါ်နေပါတယ်။ ကျွန်မသည် ဆရာရဲ့ ကျန်းမာရေးဆောင်းပါးများစွာကိုလည်း အများအပြား ရှာဖွေဖတ်ရှုထားပါတယ်။ ဖတ်ရှုထားတဲ့အထဲ မှာ ပန်းရောင် viagra ဆောင်းပါအကြောင်းလည်း ဖတ်ရှုမိပါတယ်။ Addyi ခေါ် ပန်းရောင် viagra ကို အလွယ်တကူ ဆေးဆိုင်မှာ ဝယ်ယူပြီး သောက်သုံးနိုင်ပါသလား။ အခြားဆေးအမျိုအစား (နာမည်များ) ရှိနိုင်ပါသလား။ ဆရာဝန်လက်မှတ်ပါမှ ဝယ်ယူနိုင်ပါသလား။ ဆေးသောက်သုံးပါက ဘေးထွက်ဆိုးကျိုး နှင့် နောက်ဆက်တွဲ ပြဿနာများဖြစ်ပေါ်နိုင်ပါသလား  ဆောင်ရန် ရှောင်ရန်များ သိလိုပါတယ်ရှင့်။

အမျိုးသမီးဗိုင်ယာဂရာဆိုတာ လေ့လာမှုအဆင့်သာဖြစ်သေးတယ်။ Sildenafil citrate ပါတဲ့ဆေးဆိုရင် တူတယ်။ ၅၀ မီလီဂရမ်ကို အတူမနေမီ နာရီဝက် တနာရီကြိုသောက်နည်း စမ်းနိုင်တယ်။ မြန်မာပြည်မှာ ဆရာဝန်လက်မှတ် မလိုပါ။ ခြောက်သွေ့တာအတွက် KY jelly သုံးနိုင်တယ်။ ဟော်မုန်းမပါလို့ ဘေးထွက်ဆိုးကျိုးမရှိ။

တခြားနည်းတွေရှိတယ်။

၁။ Sex education and counseling စိတ်အထူးကုဆရာဝန်နဲ့ ကောင်ဆယ်လင်းလုပ်နည်း

၂။ Medications ဆေးနည်း
စိတ်မကျဆေးတွေသုံးနိုင်တယ်။ paroxetine (Paxil) ဆေး။
Brisdelle 7.5 mg တညတပြား။
Paxil CR 12.5-25 mg တနေ့တပြား။

fluoxetine (Prozac, Sarafem) တွေကိုပေးတယ်။ bupropion (Wellbutrin SR, Wellbutrin XL) ကိုလည်း သုံးနိုင်တယ်။ flibanserin (Addyi) ဆေးကိုလည်းပေးတယ်။ တနေ့တပြား ညမအိပ်ခင်သောက်ပါ။ သွေးဖိအားကျနိုင်တယ်။ ခေါင်းမူး။ ပျို့၊ အားနည်းဖြစ်တတ်တယ်။

၃။ Hormone therapy ဟော်မုန်းပေးနည်း
ဗဂျိုင်းနားခြောက်တာအတွက် Estrogen အီစထိုဂျင်ပေးတယ်။ ခရင်မ်သုံးတာပိုသင့်တယ်။ Testosterone ခေါ် ကျားဟော်မုန်းနည်းလည်း ပေးတာရှိတယ်။ ဆရာဝန်ညွှန်မှသာသုံးရတယ်။ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။

၎။ Lifestyle and home remedies လူနေမှုပုံစံပြုပြင်နည်း
Exercise ကိုယ်လက်လေ့ကျင့်ခန်း။
Stress less စိတ်ဖိအားလျှော့ချပါ။
Communicate with your partner ကိုယ့်ခင်ပွန်းနဲ့ နားလည်မှုရယူပါ။
Add a little spice to your sex life အတူနေနည်းဆန်းသစ်တာကြိုးစားပါ။
Ditch bad habits အရက်သောက် ဆေးလိပ်သောက်ရင် ဖြတ်ပါ။

၅။ Alternative medicine တခြားဆေးနည်း
Avlimil ဘယဆေး။ Zestra ဆီကို ဗဂျိုင်းနားနေရာလိမ်းပါ။

Libido in Women အမျိုးသမီး စိတ်နည်းနေခြင်း https://doctortintswe.blogspot.com/2014/11/libido-in-women.html
Female Viagra (2) အမျိုးသမီး ဗိုင်ယာဂရာ (၂) https://doctortintswe.blogspot.com/2014/11/female-viagra-2.html
Female Viagra (1) အမျိုးသမီး ဗိုင်ယာဂရာ (၁) https://doctortintswe.blogspot.com/2014/11/female-viagra-1.html
Dryness of Vagina ဟိုနေရာမှာ ခြောက်နေတာ https://doctortintswe.blogspot.com/2014/11/dryness-of-vagina.html
Estrogen အီစထိုဂျင် ဟော်မုန်း https://doctortintswe.blogspot.com/2018/01/estrogen.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး