Summer Health Tips နွေရာသီမှာ ကျန်းမာအောင်နေနည်း





၁။ Protect your skin အရေပြားကို ကာကွယ်ပါ
မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိက ခရမ်းလွန်ရောင်ခြည် အဆိုးဆုံးအချိန်ဖြစ်တယ်။ ဆန်းဆခရင်မ် အနည်းဆုံး SPF 30 ရှိတာကို သုံးပါ။ ၂ နာရီတကြိမ်လိမ်းပါ။ အဝတ်အစား ပေါ့ပေါ့ပါးပါးဝတ်ပါ။ ခေါင်းကိုလုံစေမဲ့ ထီး၊ ဦးထုပ်၊ ခမောက် ဆောင်းပါ။ နေကာမျက်မှန်သုံးပါ။

၂။ Stay hydrated ရေဓါတ်လုံလောက်ပါစေ
ရေများများ ခဏခဏသောက်ပါ။ ရေမဆာလည်းသောက်ပါ။ သစ်သီးရည်တွေသောက်ပါ။ ဆိုဒါတွေ မသင့်။ သကြားဓါတ်များတာတွေ မသင့်။

၃။ Eat for the Heat အစားအသောက်ရွေးပါ
အစားကို နည်းနည်းနဲ့ အကြိမ်ပိုစားပါ။ လတ်ဆတ်တာစားပါ။ ရာသီထွက်တွေကောင်းတယ်။ ပရိုတင်းအစားအစာ နည်းပါစေ။

၎။ Stay cool အေးအောင်နေပါ
နေရောင်ထဲဖြစ်နိုင်သမျှ မထွက်ပါနဲ့။ လေအေးစက်တမျိုးမျိုးဖြစ်နိုင်တာသုံးပါ။ ပန်ကာရိုးရိုးက လေကို မအေးစေနိုင်။ ဝါတာကူလာနဲ့ အေစီသာ လေကိုအေးစေတယ်။ ရေကူးပါ။

၅။ Exercise ကိုယ်လက်လှုပ်ရှားမှုလိုတယ်
သာမန်လှုပ်ရှားမှုလုပ်ပါ။ အိမ်ထဲ အရိပ်ထဲမှာ လမ်းလျှောက်တာ လှေကားတက်တာမျိုးသင့်တယ်။ ဥယျာဉ် ပန်းခြံသွားသင့်တယ်။

၆။ See Your Doctor လိုအပ်ရင် ဆရာဝန်ပြပါ
ရေဓါတ်နည်းလွန်းသူတွေ ဓါတ်ဆားရည် သောက်တာ၊ သွင်းတာလိုမယ်။ တချို့ဆေးပါလိုမယ်။

၇။ Disconnect အဆက်အသွယ်ဖြတ်လို့ရတာတွေဖြတ်ပါ
အင်တာနက်နဲ့ အဆက်ဖြတ်ပါ။ နည်းပညာသစ်တွေမပါပဲ ပျော်ရွှင်စွာနေထိုင်နည်းရွေးပါ။

၈။ Sleep Well ကောင်းမွန်စွာ အိပ်စက်နိုင်ပါစေ

ဒေါက်တာတင့်ဆွေ
၂၂-၄-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး