၃၉ နှစ်

မင်္ဂလာပါ သားရဲ့ ကောင်းမလေးက အသက် ၃၉ရှိပါပြီ ရာသီမလာဘူးဖြစ်နေတယ် ဘာကြောင့်ပါလဲဆရာ

ကောင်မလေးလို့ရေးချင်တာကို ကောင်းမလေးလို့ရေးတာတော့ ဗွေမယူလိုပါ။ ရေးလိုတာက ကောင်မလေး အသက် (၃၉) နှစ်။ အမျိုးသမီးလို့ ရေးသင့်တယ်။

အဲလိုပဲ သမီးကောင်လေးလို့လည်းရေးကြတာ ခဏခဏလာတယ်။ သမီးကောင်လေးလည်း (၃၉) နှစ်ဆိုရင် သမီးဆိုသူက သွေးဆုံးလောက်ပြီ။ (ကန်တော့)။

အသက် ၅၀ နားကပ်နေသူ အမျိုးသားတချို့ကလည်း ယောက်ျားလေးလို့ ရေးနေတယ်။

မိန်းကလေးနဲ့ အမျိုးသမီး ခွဲခြားမရေးတတ်ကြသူတွေ အတော်ကိုများတယ်။ ကျွန်တော့်မိန်းမလို့ရေးတာ ရိုင်းတယ်။ ဇနီးလို့ ရေးသင့်တယ်။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၇
၂၃-၄-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး