Fan ပန်ကာ


ဝါတာကူလာအောက်မှာ မေးပါတယ်။ အန္တရာယ်ကောရှိနိုင်လား ဆရာ၊ ပန်ကာလေကျ အန္တရာယ်ဖြစ်တယ် ဖတ်ဖူး တွေ့ဖူးလို့ပါဆရာ။

ကလေးနှင့် ပန်ကာစာလေး ရေးထားတယ်။ အဲတာလည်း မေးလို့။

ဆရာ ကျွန်တော်က မော်လမြိုင်ကပါ။ ပန်ကာက ကျန်းမာရေး အန္တရာယ်ရှိတယ်လို့ ဖတ်ဖူးပါတယ်ဆရာ။ အထူးသဖြင့် ကလေးတွေအတွက်။ အဲဒါဟုတ်ပါသလား။ ပန်ကာအစား air cooler သုံးမယ်ဆိုရင်ကော အန္တရာယ်ရှိပါသလား။ အဲကွန်းကတော့ မတတ်နိုင်သေးလို့ပါ။

အေစီမတတ်နိုင်တဲ့နေရာတွေမှာ ပန်ကာသုံးတယ်။ ပန်ကာကို ၁၈၈၂ ခုနှစ် သီပေါမင်း ပါတော်မမူခင် ၃ နှစ်ကတည်းက Schuyler Skaats Wheeler က တီထွင်ခဲ့တာ အခုဆိုရင် ပန်ကာမသုံးတဲ့ နိုင်ငံရယ်လို့ မရှိပါ။ ပန်ကာကနေ ရောဂါရတယ်လို့ ဆေးသုတေသန မတွေ့ဘူးသေးပါ။

ဟီတာခေါ် အခန်းအပူပေးတာကိုလည်း မေးတာလည်းဖြေရတယ်။ အတူတူပါပဲ။ ကျွန်တော့်အခုအိမ်ကလွဲရင် အနှစ် ၆၀ ကျော်ကြာ အေစီမရှိတဲ့ နေအိမ်တွေမှာ နေခဲ့ပါတယ်။

သည်နိုင်ငံမှာ လသားကလေးတွေလည်း ပန်ကာသုံးပါတယ်။ ရာသီဥတုကိုသာ ကြည့်ရတယ်။ ကလေးသယ်စရာမှာ ပန်ကာသေးသေးလေးတပ်ပေးထားကြတယ်။ Portable Stroller Fan လို့ခေါ်တယ်။

အိန္ဒိယမှာလူဦးရေ သန်း ၁၃၃၀ ရှိတယ်။ ရိုးရိုးပန်ကာသုံးတာ သန်း ၁၀၀၀ လို့မှန်းကြည့်တယ်။ ဝါတာကူလာသုံးတဲ့ အိမ်တွေကလူဦးရေ သန်း ၅၀၀ လို့မှန်းကြည့်မယ်။ သုတေသနမဟုတ်လို့ အတိအကျတော့ မဟုတ်ပါ။

ပလပ်စတစ်ယပ်တောင်၊ စက္ကူယပ်တောင်၊ ဝါးယပ်တောင်တွေကိုလည်း စစ်စစ်ပေါက်ပေါက် အပြစ်ရှာချင် ရသေးတယ်။

ဒေါက်တာတင့်ဆွေ
၂-၄-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး