Burma Rice အတွင်းညံ့တာက ရင်းစားမရနိုင်သေးပါ

နှစ်သစ်ကူးရက်မှာ သတင်းတခု ဖတ်ရတယ်။ မြန်မာပြည်က တင်သွင်းလာတဲ့ ဆန်တန်ချိန် ၁၈၀၀၀ ကို အိုင်ဗိုရီကို့စ်မှာ အရည်အသွေးမပြည့် လူစားဖို့မသင့်လို့ ဖျက်ဆီးပစ်လိုက်ရ။ ဂါနာ၊ ဂီနိနဲ့ တိုဂိုတို့မှာလည်း အဲလိုပဲ အရည်အသွေး ပြဿနာရှိလို့ ငြင်းလိုက်ကြရတဲ့။

မြန်မာ့ဆန်သမိုင်းကစတော့ ရေးချင်ပါတယ်။ လူမှုရေးကွန်ရက်မှာ စာရှည်ရှည်ရေးလို့ ဖတ်မဲ့သူမရှိ။ ဖတ်ချိန်ကလည်း မရကြပါ။

မြန်မာပြည်အောက်ပိုင်းကို ၁၈၅၂ ခုနှစ်မှာသိမ်ယူပြီး ဗြိတိသျှအင်ပါယာအတွင်းမှာ တခုတည်းသော စီးပွါးရေး စန်းလာဘ်ကြီး ပွင့်နိုင်ခဲ့တာ ကိုလိုနီမြန်မာပြည်သာဖြစ်တယ်။ ဆယ်စုနှစ် ၂ ခုအတွင်း မြန်မာနိုင်ငံဟာ အကြီးမားဆုံး ဆန်တင်ပို့နိုင်ငံ ဖြစ်လာခဲ့တယ်။ အဲဒီအဆင့်မှာ ၂၀ ရာစုပဌမတဝက်အထိ ရှိနေခဲ့တယ်။ ၁၇-၁၁-၁၈၆၉ နေ့က ဆူးအက် တူးမြောင်း ဖွင့်လှစ်လိုက်လို့လည်း မြန်မာ့ဆန်ဈေးကွက် ကောင်းခဲ့တယ်။ ကိုလိုနီအစိုးရက အိန္ဒိယနိုင်ငံက တောင်ပိုင်းသားတွေကို သိန်းဂဏန်နဲ့ ခေါ်သွင်းပြီး စပါးစိုက်စေခဲ့တယ်။ ချစ်တီးခေါ် ငွေးချေးစားသူတွေလည်း ပါလာတယ်။

ဖဆပလခေတ်မှာလည်း ဆန်တင်ပို့အား ဆက်ကောင်းခဲ့တယ်။ မြန်မာ့ဆိုရှယ်လစ်အစိုးရခတ်မှာ ဆင်းရဲခြင်းနဲ့ အဂတိလိုက်စားခြင်း ကပ်ရောဂါဆိုးကြီး တနိုင်ငံလုံးမှာ ဖြစ်ပေါ်ခဲ့တယ်။ ပြည်ပပို့ကုန်မှန်သမျှ အရည်အသွေးတွေ ဇောက်ထိုးကျဆင်းသွားတယ်။ ပြည်တွင်းသုံးစရာတွေလည်း တမျိုးမကျန်အကုန် ညံ့ဖျင်းကုန်တယ်။ ဆန်ဝယ်လိုသူ နည်းနည်းလာတယ်။ ပို့တာတွေ ပြန်ပို့ခံရတယ်။ နာမည်ပျက်တာ အခုထိ အဖတ်ဆယ်မရသေးပါ။

လက်ရှိအခြေအနေမှာ ထုတ်ကုန်နဲ့ ပို့ကုန်ပစ္စည်းတချို့က အပေါ်ယံကောင်းတွေသာ ဖြစ်လာပြီး၊ လူတွေအတွင်းညံ့သွားကြတာက အခုထိ ရင်းစားမရနိုင်သေးပါ။ ညံ့အောင်အုပ်ချုပ်ခဲ့သူတွေနောက်မှာ မျိုးဆက်တွေ ဆက်မွေးပေးထားခဲ့တယ်။

Origins of the Burma rice boom, 1850–1880 https://www.tandfonline.com/doi/abs/10.1080/00472338780000311?journalCode=rjoc20

ဒေါက်တာတင့်ဆွေ
၁၇-၄-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ