ကျွန်ုပ်၏ ကျောနံပတ်များ

ဆေးကျောင်းမှာ တခန်းတည်းနေခဲ့တဲ့သူငယ်ချင်း တခြားနိုင်းပြည်တခုမှာ အကြာကြီးအလုပ်သွားလုပ်ရာနေ ပြည်တော်ပြန်ပြီ။ သူ့လိုပဲ အလွန်ရင်းတဲ့သူငယ်ချင်းက ဘယ်မှာနေမှာလည်း မေးတာကို အခန်းနံပတ် ၄၂ လို့ ဝင်ရေးလိုက်တယ်။ ဆေးကျောင်းယောက်ျားဆောင်က ကျွန်တော်တို့ အခန်းနံပါတ်။

မေးတဲ့သူငယ်ချင်းနဲ့က ဖေါင်ကြီး အတူတက်တာ။ ဇေယျ ၁၉ မှာ။ ကျွန်တော့် ကိုယ်ပိုင်နံပတ်က ၃၂၈။ ဆေးကျောင်း ခုံနံပတ်က ၆၈။ ဆရာဝန်ဖြစ်တော့ ဆမ နံပတ်က ၄၂၇၂။

နိုင်ငံရေးကျောနံပတ်တွေလည်းရှိတယ်။ အမတ်အဖြစ်ကြေညာခံရတဲ့နှစ်က ၁၉၉ဝ။ မျက်ကွယ်မှာ ချမှတ်ခံရတဲ့ ထောင်ဒဏ်က ၂၅ နှစ်။ အိန္ဒိယမှာနေခဲ့ရတာ ၂၄ နှစ်။ ပြည်ပနေရတာစုစုပေါင်း ၂၉ နှစ်။

ဒေါက်တာတင့်ဆွေ
၂၇-၄-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး