မိုး

မိုးတသားလောက်၊
ဖွားလိုက်စေချင်
ရွှေမြက်ခင်းပြင်၊
အိပ်ခင်းဆင်။

ကောင်းကင်အမေ
လျှပ်ရွှေရိုးရဲ၊
ရေမွှာကွဲအောင်
သွန်ကြဲ မွေးဖွားလိုက်ပါဦး။

ရိုးတံလက်ကျဲ၊ ညို မွဲမွဲနဲ့
ဝမ်းဆွဲသစ်ပင်၊ လုံ့လရှင်လဲ
ဖွားမြင်ချိန်စေ့၊ ဆီးကြို ပွေ့ဖို့
မျှော်လို့မဆုံး၊ နွေညဥ့်လုံး။ ။

ဇွန် ၁၉၈၅ ထုတ် စံပယ်ဖြူ အမျိုးသမီးမဂ္ဂဇင်းပါ ကြည်အောင်ရေးတဲ့ကဗျာ။

ခုခေတ်မှာ မိုးတစ်သားလို့ရေးကြတော့ ဝမ်းဆွဲသစ်ပင် လုံ့လရှင်မှာ ဖွားမြင်ချိန်စေ့ပေမဲ့ တစ်နေရှာတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂၀၁၉
Aungmyint Oo ကျေးဇူး။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ