တသောင်းတန်တဲ့ ဒေါင်းအလံ

အရင်ခေတ်က အောင်ဘာလေထီမှာ တသိန်းကအများဆုံး။ နောက် ငါးသောင်း၊ နှစ်သောင်း၊ တသောင်း၊ တထောင်နဲ့ ငါးရာဆုတွေ။ အဲဒီခေတ်မှာ ပိုက်ဆံတသောင်းဆိုရင် ကားတစီးမက ဝယ်လို့ရတယ်။ ခုခေတ် တစ်သောင်းလို့ ရေးနေကြတဲ့ပိုက်ဆံနဲ့ ဘရိတ်ဖတ်စ်ပဲ စားလို့ရမယ်ထင်တယ်။

တသောင်းအကြောင်း ကျော်အောင်စံထား ရှင်ဝါယမာဘိဝံသရေးသာတဲ့ အလောင်းတော်ကဿပခရီးသွား (၁) ကို ကိုးကားပါရစေ။

တပည့်တော်မ ကင်းပွန်းတပ် မင်္ဂလာကို မယ်မယ်က မောင်ကို ဖိတ်တာ လာမယ်ထင်၍ မုန့်များနှင့် လမ်းကသွားကြို ပါတယ်ဘုရား။ မောင်မလာတာနဲ့ ထိုမုန့်များကို ချောင်းထဲပစ်ချလိုက်တယ်ဘုရား။ အခုထိ ထိုချောင်းကို မုန့်ပစ်ချောင်းလို့ ခေါ်ပါတယ်။ ပြောင်းပြာရွာနဲ့ ထိုချောင်းက တခေါ်လောက်ဘဲဝေးပါတယ်ဘုရား။ တပည့်တော်မ အရွယ်ရောက်တော့ တောနယ်မှာ အလွန်ထင်ပေါ်ကျော်ကြားပါတယ်ဘုရား။ တပည့်တော်မတို့နဲ့ ဖြတ်ထားသော ဦးလေးကတောင် သူ့သားနဲ့ စုံဖက်ဖို့ လာပြောပါတယ်။ မယ်မယ်က ဦးလေးကို စိတ်နာပြီး လက်မခံသောကြောင့် ပုဂံပြည်က ကျန်ရစ်မင်းကြီးကို သမီးကညာရတနာတပါးရှိကြောင်း သတင်းပို့ပါတယ်။ ဂုံးချောတာပေါ့ ဘုရား။ ထိုအခါကြတော့ ဘုရင်က ပန်းလုံးတိုင် ရာဇမတ်နဲ့ ဘွဲ့သတ်ပြီး တသောင်းတန်တဲ့ဒေါင်းအလံ လွှင့်ထူလာတော့ပါဘဲ ဘုရား။

အဲဒီဆရာတော်ဆောင်းပါးရှည်ကြီးတခုလုံး တတွေကို မလိုအပ်ပဲ တစ်လုပ်မထားပါ။ သောင်းပြောင်းထွေလာ ဖေ့စ်ဘွတ်မှာ ရှိတယ်။ တသောင်းတန်တဲ့မြန်မာစာ။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး