တရွာပြောင်းခဲ့ရသူများ

ဆေးကျောင်းအဆောင်မှာ တခန်းတည်းအတူနေခဲ့တဲ့သူငယ်ချင်းက အာဖရိကတိုက်ထဲက နိုင်ငံသေးသေးလေးတခုမှာ သုတေသနအလုပ် သွားလုပ်နေရာကနေ အခုမြန်မာပြည်ပြန်နေကြတော့မယ်တဲ့။ နှစ်တွေ အကြာကြီးနေခဲ့ကြတဲ့ နေရာလေးကို လွမ်းနေကြပုံရတယ်။ အေး တို့ဒေလီကနေ ခွါရတော့မယ်ဆိုတော့လည်း သည်လိုပဲ။

ကျွန်တော် ၂၁-၁၂-၁၉၉ဝ နေ့ကရောက်ခဲ့ပြီး ၂၄ နှစ်ကြာနေထိုင်လာခဲ့တဲ့ အိန္ဒိယနိုင်ငံကနေ ၁၈-၉-၂ဝ၁၄ နေ့မှာ ထွက်ခွါ လာခဲ့ပါတယ်။ အဲဒီမှာနေစဉ်ကာလ နိုင်ငံရေး (စင်ပြိုင်အစိုးရ)၊ ကျန်းမာရေး (ယမုန်နာဆေးခန်း) နဲ့ ပညာရေး

နယူးဒေလီမြို့မှာ နောက်ဆုံးနေခဲ့တဲ့နေ့က သုံးဘီးကားနဲ့ မြို့ထဲသွားရင်း ၂၄ နှစ်အတွင်း ပြောင်းလာတဲ့ မြို့ကြီးကို ဆင်ခြင်မိတယ်။ အပြောင်းအလဲတွေက မျက်စိအောက်မှာ။

၂၇ နှစ်ခွဲကြာ မျက်ကွယ်ရာမှာ ပြောင်းလဲခဲ့တဲ့ မြန်မာပြည်ကို ပြီးခဲ့တဲ့နွေမှာ သွားကြည့်ခဲ့တယ်။ ပူလောင်တဲ့နေအောက်မှာ နွေးထွေးပြောင်လက်နေပါတယ်။ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၀-၄-၂၀၁၉

(ပရောစပက်ဘာမားကျောင်း) မှာ နိုင်သလောက် လုပ်ခဲ့ပါတယ်။ တို့တာဝန် အရေးသုံးပါး မဟုတ်ပါ။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး